တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
ဖားကန့်မြို့နယ် တံတားညီနောင် နှင့်ပျားအုံသွား လမ်းပိုင်းတွင် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးဖမ်းဆီးခံရ

EPN

ဖားကန့်၊ ဇူလိုင် ၅

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တံတားညီနောင်နှင့် ပျားလုံး စုပေါင်းဂိတ် ကြားတွင် ယနေ့‌နံနက်ပိုင်း ၁၁နာရီအချိန်ခန့်က ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးအား KIAအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖားကန့်မြို့နယ် ကာမိုင်းမြို့မှ ဖားကန့်သို့ တရားခံများ ရုံးထုတ်စစ်ဆေးရန် သွားရောက်သည့်အခါ၌ တံတားညီနောင်နှင့် ပျားအုံးကျေးရွာ ကြားခုလပ် လမ်းတစ်နေရာတွင် KIA လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

"ဒီကနေ့ မနက် ၁၁နာရီအချိန်မှာ ကာမိုင်းမြို့ကနေ ဖားကန့်မြို့နယ် တရားရုံးကို တရားခံ ရုံးထုတ်စစ်ဆေးဖို့ သက်သေထွက်ဆိုရန် သွားတဲ့ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးကို KIAအဖွဲ့က တံတားညီနောင်နဲ့ ပျားအုံ မရောက်ခင်တောလမ်း တစ်နေရာမှာ ဖမ်းဆီးသွားတယ် လက်နက်တွေ ပါသွားလား အတိကျတော့မသိဘူး "ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာမိုင်းမြို့ ရဲတပ်ဖွဲများနှင့် တစ်စုံတရာ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ်နိုဝင်ဘာ လအတွင်းကလည်း ဖားကန့်မြို့နယ်အတွင်းက ရဲတပ်ဖွဲဝင် သုံးဦး အလာတူဖမ်းဆီးခံခဲ့ရပြီး ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၏ ညှိ့နှိုင်း‌ေဆွး‌ေနွးမှုဖြင့်ပြန်လည်လွတ်မြောက်လာ‌ခဲ့ကြောင်းသိရသည်။

မြတ်မင်း

#NewVisionMedia #KIA
ကောလင်းမြို့သိမ်းထားသည့် KIA နှင့် PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်

KIA နှင့် PDF များ ဆုတ်ခွာချိန် မိုင်းထောင်သွား၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

MT News
၁၀. ၂. ၂၀၂၄

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA နှင့် NUG ဩဇာခံ PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုသတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA နှင့် PDF များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52534

#ကောလင်း #KIA #PDF #NUG #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news