တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
ေရႊဘုိၿမိဳ႕၌ ျပည္သူမ်ား အေၾကာက္တရားျဖစ္ေပၚေစရန္ Facebook ၌ လႈံ႕ေဆာ္သူ အမ်ဳိးသမီးႏွစ္ဦးကုိ လုံၿခံဳ ေရးအဖြဲ႕က ဖမ္းဆီး
……………………………………….

ေရႊဘုိ၊ ဧၿပီ ၂၁

စစ္ကုိင္းတုိင္းေဒသႀကီး၊ ေရႊဘုိၿမိဳ႕၌ ျပည္သူမ်ား အေၾကာက္တရားျဖစ္ေပၚေစရန္ Facebook ၌ လႈံ႕ေဆာ္သူ အမ်ဳိးသမီးႏွစ္ဦးကုိ လုံၿခံဳေရးအဖြဲ႕က ဖမ္းဆီးလုိက္သည္။

“မေန႔ည ၉ နာရီေလာက္က ဖမ္းဆီးလုိက္တာပါ။ PDF ေတြအတြက္ ေငြေကာက္သူေတြျဖစ္သလုိ ဆူပူမႈ ျဖစ္ ေစရန္ ျပည္သူမ်ား အေၾကာက္တရားရရွိရန္ လႈံ႕ေဆာ္ေနသူေတြျဖစ္တယ္” လုိ႔ တာဝန္ရွိ္သူတစ္ဦးက ေျပာ သည္။

ဖမ္းဆီးခံရသူ အမ်ဳိးသမီးႏွစ္ဦးသည္ Zin Zin Kyaw Account ပိုင္ရွင္ ဇင္ဇင္ေက်ာ္၊ ခ်ီပါစုရပ္၊ အမွတ္ (၇) ရပ္ကြက္ႏွင့္ Phu Ngon Thinzar Naing Account ပိုင္ရွင္ ဖူးငုံသၪၨာႏိုင္(ခ)ဖူးဖူး မင္းရပ္၊ အမွတ္(၅) ရပ္ ကြက္တို႔ျဖစ္သည္။

#Newvisionmedia

(unicode)
ရွှေဘိုမြို့၌ ပြည်သူများ အကြောက်တရားဖြစ်ပေါ်စေရန် Facebook ၌ လှုံ့ဆော်သူ အမျိုးသမီးနှစ်ဦးကို လုံခြုံ ရေးအဖွဲ့က ဖမ်းဆီး
……………………………………….

ရွှေဘို၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ပြည်သူများ အကြောက်တရားဖြစ်ပေါ်စေရန် Facebook ၌ လှုံ့ဆော်သူ အမျိုးသမီးနှစ်ဦးကို လုံခြုံရေးအဖွဲ့က ဖမ်းဆီးလိုက်သည်။

“မနေ့ည ၉ နာရီလောက်က ဖမ်းဆီးလိုက်တာပါ။ PDF တွေအတွက် ငွေကောက်သူတွေဖြစ်သလို ဆူပူမှု ဖြစ် စေရန် ပြည်သူများ အကြောက်တရားရရှိရန် လှုံ့ဆော်နေသူတွေဖြစ်တယ်” လို့ တာဝန်ရှိ်သူတစ်ဦးက ပြော သည်။

ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးသည် Zin Zin Kyaw Account ပိုင်ရှင် ဇင်ဇင်ကျော်၊ ချီပါစုရပ်၊ အမှတ် (၇) ရပ်ကွက်နှင့် Phu Ngon Thinzar Naing Account ပိုင်ရှင် ဖူးငုံသ ဉ္ဇာနိုင်(ခ)ဖူးဖူး မင်းရပ်၊ အမှတ်(၅) ရပ် ကွက်တို့ဖြစ်သည်။

#Newvisionmedia
ယနေ့ တစ်ရက်ထဲတွင် ကိုရင်တစ်ပါး၊ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းအပါအဝင် ပြည်သူ ၁၀ ယောက်ခန့် လုပ်ကြံသတ်ဖြတ်ခံရ
……………………………………….

ရန်ကုန်၊ ဧပြီ ၂၁

ဧပြီလ ၂၁ ရက်၊ မွန်းလွဲ ၂း၅၀ ခန့်အချိန်ထိ ကိုရင်တစ်ပါး၊ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းအပါအဝင် ပြည်သူ ၁၀ ယောက်ခန့် လုပ်ကြံခံခဲ့ရသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် People Media မှ လက်လှမ်းမိသလောက် ကောက်ယူထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၌ ၃ ဦး၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၌ ဆွမ်းခံကြွလာသော ကိုရင် ၃ ပါး မိုင်းဆွဲခံရပြီး တစ်ပါး ပွဲချင်းပြီး သေဆုံးခဲ့သလို နှစ်ပါးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

#Newvisionmedia
ပဲခူးၿမိဳ႕၊ ေညာင္အင္းေက်းရြာအနီး၌ Grade Men စက္႐ုံေရွ႕သုိ႔ မုိင္းလာေထာင္သည့္ အၾကမ္းဖက္သမားႏွစ္ဦး မုိင္းကြဲၿပီး ခႏၶာကုိယ္ တစ္စစီျဖစ္၍ ေသဆုံး
………………………………

ပဲခူး၊ ဧၿပီ ၂၂

ပဲခူးတုိင္းေဒသႀကီး၊ ပဲခူးၿမိဳ႕၊ ေညာင္အင္းေက်းရြာရွိ Grade Men စက္႐ုံေရွ႕သုိ႔ မုိင္းလာေထာင္သည့္ အၾကမ္း ဖက္သမားႏွစ္ဦးသည္ မုိင္းကြဲၿပီး ခႏၶာကုိယ္ တစ္စစီျဖစ္၍ ေသဆုံးခဲ့သည္။

ျဖစ္စဥ္မွာ အၾကမ္းဖက္သမားႏွစ္ဦးသည္ ဧၿပီ ၂၁ ရက္ေန႔ နံနက္ ၆း၃၀ အခ်ိန္က စက္႐ုံေရွ႕သုိ႔ ဆုိင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး မုိင္းေထာင္စဥ္ မုိင္းကြဲ၍ ေသဆုံးခဲ့သည္။

ေသဆုံးသူ အမ်ဳိးသားႏွစ္ဦး၏ အမည္ႏွင့္ ေနရပ္လိပ္စာမ်ားကုိ တာဝန္ရွိသူမ်ားက စစ္ေဆးေနၿပီး စစ္ေဆး ေပၚေပါက္လ်င္ ၎တုိ႔၏ ပုိင္ဆုိင္မႈမ်ားကုိ ခ်ိပ္ပိတ္သြားမည္ျဖစ္သည္။

Photo - News Of Myanmar

#Newvisionmedia

(unicode)
ပဲခူးမြို့၊ ညောင်အင်းကျေးရွာအနီး၌ Grade Men စက်ရုံရှေ့သို့ မိုင်းလာထောင်သည့် အကြမ်းဖက်သမားနှစ်ဦး မိုင်းကွဲပြီး ခန္ဓာကိုယ် တစ်စစီဖြစ်၍ သေဆုံး
………………………………

ပဲခူး၊ ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ညောင်အင်းကျေးရွာရှိ Grade Men စက်ရုံရှေ့သို့ မိုင်းလာထောင်သည့် အကြမ်း ဖက်သမားနှစ်ဦးသည် မိုင်းကွဲပြီး ခန္ဓာကိုယ် တစ်စစီဖြစ်၍ သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သမားနှစ်ဦးသည် ဧပြီ ၂၁ ရက်နေ့ နံနက် ၆း၃၀ အချိန်က စက်ရုံရှေ့သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး မိုင်းထောင်စဉ် မိုင်းကွဲ၍ သေဆုံးခဲ့သည်။

သေဆုံးသူ အမျိုးသားနှစ်ဦး၏ အမည်နှင့် နေရပ်လိပ်စာများကို တာဝန်ရှိသူများက စစ်ဆေးနေပြီး စစ်ဆေး ပေါ်ပေါက်လျင် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ချိပ်ပိတ်သွားမည်ဖြစ်သည်။

Photo - News Of Myanmar

#Newvisionmedia
တနသၤာရီၿမိဳ႕နယ္၊ တကူေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအား PDF အဖြဲ႕မွ လုပ္ႀကံသတ္ျဖတ္
……………………………………

တနသၤာရီ၊ ဧၿပီ ၂၂

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕နယ္၊ တကူေက်းရြာအုပ္စု၏ စစ္ေကာင္စီခန႔္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေငြအား ယေန႔ နံနက္ပိုင္းက ေသနတ္ျဖင့္ (၄) ခ်က္ ပစ္ခတ္ကာ ရွင္းလင္းခဲ့ေၾကာင္း Tanintharyi Defense Force မွ ထုတ္ျပန္ထားသည္။

ဦးေက်ာ္ေငြအား တကူေက်းရြာအုပ္ခ်ဳပ္ေရးမွဴးတာဝန္မွ ႏုတ္ထြက္ရန္ အႀကိမ္ႀကိမ္သတိေပးခဲ့ေသာ္လည္း စကစႏွင့္ ဆက္လက္ပူးေပါင္းေဆာင္ရြက္ေနသည့္အတြက္ ယေန႔ နံနက္ပိုင္း သြားေရာက္ၿပီး ေသနတ္ျဖင့္ ပစ္ခတ္ရွင္းလင္းခဲ့ရာ ေနရာ၌ပင္ ေသဆုံးသြားေၾကာင္း ထုတ္ျပန္ထားသည္။

#Newvisionmedia

(unicode)
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်ချုပ်ရေးမှူးအား PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်
……………………………………

တနင်္သာရီ၊ ဧပြီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကျော်ငွေအား ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် (၄) ချက် ပစ်ခတ်ကာ ရှင်းလင်းခဲ့ကြောင်း Tanintharyi Defense Force မှ ထုတ်ပြန်ထားသည်။

ဦးကျော်ငွေအား တကူကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်မှ နုတ်ထွက်ရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း စကစနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ယနေ့ နံနက်ပိုင်း သွားရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာ၌ပင် သေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။

#Newvisionmedia
စစ်ကိုင်းမြို့နယ်၊ မူးသာရွာအနီး PDF အလောင်း ၄လောင်းနှင့် လက်နက်များရရှိ

စစ်ကိုင်း၊ဧပြီ-၂၄

ဧပြီ ၂၃ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ်၊ မူးသာကျေးရွာအနီး၌ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပေါ်ခဲ့သည်။


အဆိုပါ တိုက်ပွဲ၌ PDF အကြမ်းဖက် ကျား ၄ လောင်း၊ လက်လုပ်သေနတ်အရှည် ၄ လက်၊ လက်လုပ်ပစ္စတို ၂ လက်၊ လက်လုပ် စိန်ပြောင်း ၁ လက်၊ ၁၂ ဗို့ကျည် ၅၁ တောင့်နှင့် ဝါယာကြိုး ၅၀ မီတာ ၁ ခွေတို့ကို လုံခြုံရေးအဖွဲ့က ရရှိခဲ့သည်။

#NewVisionMedia
နိုင္ငံေတာ္က ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ညႇိႏိႈင္းအေျဖရွာၾကရန္ NDF ပါတီ တိုက္တြန္း
………………………………

ရန္ကုန္၊ ဧၿပီ ၂၅

နိုင္ငံေတာ္က ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ညႇိႏိႈင္း အေျဖရွာၾကရန္ အမ်ိဳးသား ဒီမိုကေရစီအင္အားစု (NDF) ပါတီမွ တိုက္တြန္းေၾကာင္း ယမန္ေန႔က ထုတ္ျပန္ခဲ့သည္။

ျမန္မာ့လြတ္လပ္ေရးႏွင့္အတူ ယွဥ္တြဲပါလာသည္ဟုဆိုရမည့္ လက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းေရးလမ္းစ သည္ ယခုအခါတြင္ ေမၽွာ္လင့္ဖြယ္ရာ ေပၚေပါက္လာခဲ့ၿပီျဖစ္ေၾကာင္း၊ ႏွစ္၇၀္ေက်ာ္ၾကာ ျပည္တြင္း စစ္မီး ေတာက္ေလာင္ေနမႈေၾကာင့္ ၿငိမ္းခ်မ္းေရးကင္းမဲ့ေနခဲ့ရၿပီး ျမန္မာနိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးမွာ အဖက္ဖက္မွ ေႏွာင့္ေႏွးေနခဲ့ရေၾကာင္း ထုတ္ျပန္ထားသည္။

ယခုအခါ နိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၏ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္မ်ားႏွင့္ ပြင့္လင္းျမင္သာ လြတ္ လပ္စြာ ေဆြးေႏြးရန္ ဖိတ္ေခၚမႈကို အမ်ိဳးသားဒီမိုကေရစီအင္အားစု NDF ပါတီက လိႈက္လွဲစြာ ႀကိဳဆိုေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔အတူ သက္ဆိုင္အဖြဲ႕အစည္းအသီးသီးကလည္း နိုင္ငံေတာ္ေအးခ်မ္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သံသယ စိတ္မ်ား ပယ္ရွား၍ ႐ိုးသားေသာ နိုင္ငံေရးစိတ္ထားမ်ားျဖင့္ ျပည္ေထာင္စုအသစ္တည္ေဆာက္ေရးကို ေမွ်ာ္မွန္း ကာ နိုင္ငံေတာ္က ဖိတ္ေခၚေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲသို႔ တက္ေရာက္ညႇိႏိႈင္းအေျဖရွာၾကရန္ NDF ပါတီက နိုင္ငံႏွင့္ ျပည္သူ႔အက်ိဳးကို ေမွ်ာ္ကိုး၍ အေလးအနက္တိုက္တြန္းအပ္ေၾကာင္း ထုတ္ျပန္ထားသည္။

#Newvisionmedia

(unicode)
နိုင်ငံတော်က ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ညှိနှိုင်းအဖြေရှာကြရန် NDF ပါတီ တိုက်တွန်း
………………………………

ရန်ကုန်၊ ဧပြီ ၂၅

နိုင်ငံတော်က ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ညှိနှိုင်း အဖြေရှာကြရန် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီမှ တိုက်တွန်းကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာ့လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပါလာသည်ဟုဆိုရမည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးလမ်းစ သည် ယခုအခါတွင် မျှော်လင့်ဖွယ်ရာ ပေါ်ပေါက်လာခဲ့ပြီဖြစ်ကြောင်း၊ နှစ်ရဝ်ကျော်ကြာ ပြည်တွင်း စစ်မီး တောက်လောင်နေမှုကြောင့် ငြိမ်းချမ်းရေးကင်းမဲ့နေခဲ့ရပြီး မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဖက်ဖက်မှ နှောင့်နှေးနေခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ယခုအခါ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ပွင့်လင်းမြင်သာ လွတ် လပ်စွာ ဆွေးနွေးရန် ဖိတ်ခေါ်မှုကို အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက လှိုက်လှဲစွာ ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ သက်ဆိုင်အဖွဲ့အစည်းအသီးသီးကလည်း နိုင်ငံတော်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် သံသယ စိတ်များ ပယ်ရှား၍ ရိုးသားသော နိုင်ငံရေးစိတ်ထားများဖြင့် ပြည်ထောင်စုအသစ်တည်ဆောက်ရေးကို မျှော်မှန်း ကာ နိုင်ငံတော်က ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ညှိနှိုင်းအဖြေရှာကြရန် NDF ပါတီက နိုင်ငံနှင့် ပြည်သူ့အကျိုးကို မျှော်ကိုး၍ အလေးအနက်တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ထားသည်။

#Newvisionmedia
ဖားကန့်မြို့နယ် တံတားညီနောင် နှင့်ပျားအုံသွား လမ်းပိုင်းတွင် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးဖမ်းဆီးခံရ

EPN

ဖားကန့်၊ ဇူလိုင် ၅

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ် တံတားညီနောင်နှင့် ပျားလုံး စုပေါင်းဂိတ် ကြားတွင် ယနေ့‌နံနက်ပိုင်း ၁၁နာရီအချိန်ခန့်က ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးအား KIAအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ဖားကန့်မြို့နယ် ကာမိုင်းမြို့မှ ဖားကန့်သို့ တရားခံများ ရုံးထုတ်စစ်ဆေးရန် သွားရောက်သည့်အခါ၌ တံတားညီနောင်နှင့် ပျားအုံးကျေးရွာ ကြားခုလပ် လမ်းတစ်နေရာတွင် KIA လက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

"ဒီကနေ့ မနက် ၁၁နာရီအချိန်မှာ ကာမိုင်းမြို့ကနေ ဖားကန့်မြို့နယ် တရားရုံးကို တရားခံ ရုံးထုတ်စစ်ဆေးဖို့ သက်သေထွက်ဆိုရန် သွားတဲ့ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ခုနှစ်ဦးကို KIAအဖွဲ့က တံတားညီနောင်နဲ့ ပျားအုံ မရောက်ခင်တောလမ်း တစ်နေရာမှာ ဖမ်းဆီးသွားတယ် လက်နက်တွေ ပါသွားလား အတိကျတော့မသိဘူး "ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကာမိုင်းမြို့ ရဲတပ်ဖွဲများနှင့် တစ်စုံတရာ အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်း၌ ၂၀၂၁ခုနှစ်နိုဝင်ဘာ လအတွင်းကလည်း ဖားကန့်မြို့နယ်အတွင်းက ရဲတပ်ဖွဲဝင် သုံးဦး အလာတူဖမ်းဆီးခံခဲ့ရပြီး ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့များ၏ ညှိ့နှိုင်း‌ေဆွး‌ေနွးမှုဖြင့်ပြန်လည်လွတ်မြောက်လာ‌ခဲ့ကြောင်းသိရသည်။

မြတ်မင်း

#NewVisionMedia #KIA
ရေကြည်မြို့နယ်၌ ဘင်္ဂလီ ၄၉ ဦး ဖမ်းမိ

ဧရာဝတီ၊ဇူလိုင်-၉(NewVisionMedia)

ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊မိဿလင်ကျေးရွာအုပ်စု၊စာဥစမ်းကျေးရွာအနီး၌ ဘင်္ဂလီ ၄၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဘင်္ဂလီများကို သယ်ဆောင်လာသည့် ယာဉ်ကို ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ဗေဒါစစ်ဆေးရေးဂိတ်၌ ရပ်တန့်ရန် တားဆီးသော်လည်း ယာဉ်မှာ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ပါတယ်။

ထိုနောက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များက လိုက်လံစစ်ဆေးရာ ယာဉ်ကို ရေကြည်မြို့နယ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

လက်ရှိအချိန်၌ ဘင်္ဂလီများကို သယ်ဆောင်ရာတွင် လမ်းပြဆောင်ရွက်ခဲ့သည့် ယာဉ်တစ်စီး နှင့် ဘင်္ဂလီများ သယ်ဆောင်ရာတွင် အသုံးပြုသည့် ယာဉ်တစ်စီးကိုလည်း ဖမ်းဆီးရမိထားပါတယ်။

#Newvisionmedia #ဘင်္ဂလီ #ဧရာဝတီတိုင်းဒေသကြီး #ရခိိုင်ပြည်နယ်
ေရႊဘုိ-ျမစ္ႀကီးနားကားလမ္း၌ ဆီေဘာက္ဆာယာဥ္၏ ယာဥ္ေမာင္းကုိ အၾကမ္းဖက္သမားမ်ားက သတ္ျဖတ္ၿပီး ယာဥ္ေနာက္လုိက္ကုိ ဖမ္းဆီးသြား
……………………………………..

စစ္ကုိင္း၊ ဇူလုိင္ ၂၉

ဇူလုိင္လ ၂၈ ရက္ေန႔ ညေန ၄ နာရီအခ်ိန္ခန္႔က ေရႊဘုိ-ျမစ္ႀကီးနားကားလမ္း၌ ၂၂ ဘီးဆီေဘာက္ဆာယာဥ္၏ ယာဥ္ေမာင္းကုိ အၾကမ္းဖက္သမားမ်ားက သတ္ျဖတ္ၿပီး ယာဥ္ေနာက္လုိက္ကုိ ဖမ္းဆီးသြားသည္။

ျဖစ္စဥ္မွာ ယာဥ္ေမာင္းဦးဇင္ကုိလတ္(ခ)အေမာင္ ေမာင္းႏွင္လာေသာ ဆီေဘာက္ဆာယာဥ္သည္ ေရႊဘုိ-ျမစ္ ႀကီးနားကားလမ္း၊ အင္းေတာ္ၿမိဳ႕နယ္၊ ပင့္တင္ေက်းရြာႏွင့္ နန္႔မက်ဳင္းေက်းရြာၾကားအေရာက္၌ အၾကမ္းဖက္ အဖြဲ႕က ပစ္ခတ္ခဲ့သည္။

အၾကမ္းဖက္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ က်ည္ထိမွန္ ေသဆုံးသြားၿပီး ယာဥ္ေနာက္လုိက္ ျဖစ္သူ ေဇာ္ျမင့္ထြန္းကုိ ဖမ္းဆီးသြားသည္။

အလားတူ ေရႊဘုိ-ျမစ္ႀကီးနားကားလမ္း၌ အသုံးျပဳသည့္ ဆီေဘာက္စာယာဥ္မ်ား၊ လူမႈကူညီေရးယာဥ္မ်ား၊ အမ်ားျပည္သူပုိင္ယာဥ္မ်ားကုိ အၾကမ္းဖက္သမားမ်ားက မုိင္းဆြဲဖ်က္ဆီးလ်က္ရွိေနသည္။

Photo – Credit (ပုံေဟာင္းအသုံးျပဳထားသည္)

#Newvisionmedia #ဆီေဘာက္ဆာ

(unicode)
ရွှေဘို-မြစ်ကြီးနားကားလမ်း၌ ဆီဘောက်ဆာယာဉ်၏ ယာဉ်မောင်းကို အကြမ်းဖက်သမားများက သတ်ဖြတ်ပြီး ယာဉ်နောက်လိုက်ကို ဖမ်းဆီးသွား
……………………………………..

စစ်ကိုင်း၊ ဇူလိုင် ၂၉

ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရွှေဘို-မြစ်ကြီးနားကားလမ်း၌ ၂၂ ဘီးဆီဘောက်ဆာယာဉ်၏ ယာဉ်မောင်းကို အကြမ်းဖက်သမားများက သတ်ဖြတ်ပြီး ယာဉ်နောက်လိုက်ကို ဖမ်းဆီးသွားသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်းဦးဇင်ကိုလတ်(ခ)အမောင် မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်သည် ရွှေဘို-မြစ် ကြီးနားကားလမ်း၊ အင်းတော်မြို့နယ်၊ ပင့်တင်ကျေးရွာနှင့် နန့်မကျုင်းကျေးရွာကြားအရောက်၌ အကြမ်းဖက် အဖွဲ့က ပစ်ခတ်ခဲ့သည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ကျည်ထိမှန် သေဆုံးသွားပြီး ယာဉ်နောက်လိုက် ဖြစ်သူ ဇော်မြင့်ထွန်းကို ဖမ်းဆီးသွားသည်။

အလားတူ ရွှေဘို-မြစ်ကြီးနားကားလမ်း၌ အသုံးပြုသည့် ဆီဘောက်စာယာဉ်များ၊ လူမှုကူညီရေးယာဉ်များ၊ အများပြည်သူပိုင်ယာဉ်များကို အကြမ်းဖက်သမားများက မိုင်းဆွဲဖျက်ဆီးလျက်ရှိနေသည်။

Photo – Credit (ပုံဟောင်းအသုံးပြုထားသည်)

#Newvisionmedia #ဆီဘောက်ဆာ
Media is too big
VIEW IN TELEGRAM
တိရိစ္ဆာန်စိတ်ပေါက်နေတဲ့သူတွေကို အပြတ်ချေမှုန်းပေးဖို့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးမြင့်လှိုင်က န-စ-က ဥက္ကဋ္ဌထံ တောင်းဆို
…………………………………

မန္တလေး၊ သြဂုတ် ၁၅

ဦးမြင့်လှိုင်သည် ပြီးခဲ့သည့်ရက်ပိုင်းက တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောဆိုခဲ့သည်။

အလားတူ နိုင်ငံခေါင်းဆောင်လုပ်မည့်သူတွေ ပါတီခေါင်းဆောင်လုပ်မည့်သူတွေအနေဖြင့် အဂတိတရား လေးပါးနဲ့ကင်းဖို့ အရေးကြီးကြောင်း ဦးမြင့်လှိုင်က ပြောပါတယ်။

ဦးမြင့်လှိုင်သည် တပ်မတော်၌ ဒုတိယဗိုလ်ချုပ်ကြီး တာဝန်ထိ ထမ်းဆောင်ခဲ့သလို သမ္မတဦးသိန်းစိန် လက်ထက်၌ လယ်ဆည်ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိအချိန်၌ USDP ပါတီ၏ CEC အဖွဲ့ဝင်တစ်ဦးဖြစ်သလို နေပြည်တော်ကောင်စီနယ်မြေ၏ USDP ပါတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

#NewVisionMedia #ဦးမြင့်လှိုင် #Political
“မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့တဲ့ ဒီမိုကရေစီနဲ့ပညာရေး အဆက်အစပ်ဟာ သတိပြုဖွယ် ဖြစ်ပါတယ်။ တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီစနစ်ဟာ အခက်ခဲဆုံးဖြစ်တယ်။ ဒီမိုကရေစီအောင်မြင်ဖို့ ပြည်သူပြည်သားတွေက အသိဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရား လုံလောက်စွာရှိရမယ်၊ ပညာရေးသည် နိုင်ငံတော်၏အခြေခံအစစ် ဖြစ်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့နိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မယ်လို့ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန် တော်တို့နိုင်ငံရဲ့ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့  ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ နိုင်ငံသားတိုင်း ပညာရည်ပြည့်ဝဖို့ ဦးစားပေး ဆောင်ရွက်ရပါမယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

၂၀၁၁ခုနှစ် နောက်ပိုင်း၊ အထူးသဖြင့် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ထုတ်ဝေခဲ့တဲ့ အချို့သောစာအုပ်စာပေတွေ၊ စာပေဟောပြောပွဲအမည်ခံပြောဆိုမှုတွေဟာ ဒီမိုကရေစီစနစ်ထူထောင်စ ကျွန်တော်နိုင်ငံအတွက် ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့၊ စိတ်ဝမ်းကွဲပြားမှုများပြားတဲ့ လူမှု အဖွဲ့အစည်း (Highly Divided Society) တွေကို ဦးတည်သွားစေခဲ့တာကိုလည်း မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒါတွေထပ်မဖြစ်ဖို့ ကျွန်တော်တို့ ဆင်ခြင် ရပါလိမ့်မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။

#Newvisionmedia
ဖျာပုံနှင့် မအူပင်မြို့နယ်များ၌ ဖောက်ခွဲရေး နှင့် လုပ်ကြံမှုများ ဆောင်ရွက်ခဲ့သည့် ကျား ၁၈ဦး၊မ တစ်ဦး ဖမ်းဆီးရမိကြောင်း န-စ-က ၏ ယနေ့ည သတင်းထုတ်ပြန်ချက်အရ သိရသည်။

#NewVisionMedia #ဖျာပုံမြို့