တပ်ကြပ်ကြီးဖိုးကွန်း
22.6K subscribers
10.3K photos
1.05K videos
671 links
Download Telegram
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

တရုပ်ဟာ မြန်မာနဲ့ အိမ်နီးချင်းအပြင်
အမေရိကန်ကိုယှဥ်လာနိုင်တဲ့ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာတဲ့အတွက် တရုပ်နဲ့ဆက်ဆံရေးအဆင်ပြေအောင် ကြိုးစားရမယ်ဆိုတာ မြန်မာအစိုးရအဆက်ဆက် ကျင့်သုံးတဲ့မူဝါဒဖြစ်ပါတယ်။

အဆင်ပြေအောင်ဆက်ဆံတယ်ဆိုရာမှာ အလျော့အတင်းအပေးအယူ ရှိရမှာဖြစ်ပြီး မိမိဘက်ကအရာရာမှာ အလျော့ပေးလိုက်လျောပေးရတဲ့ ဆက်ဆံရေးမဖြစ်ဖို့တော့ လိုပါတယ်။

အခုရှမ်းမြောက်စစ်ပွဲမှာ တရုပ်ပယောဂမပါဘူးလို့ ဇွတ်ငြင်းနေမယ့်အစား အတိုင်း အတာတစ်ခုအထိပါဝင်နေမှုကိုတော့ လက်ခံရမှာဖြစ်ပါတယ်။

TNLAက NHKကိုပြောတဲ့ "၁၀၂၇စစ်ဆင်ရေးမစမီ တရုပ်ကသူတို့ကို ကျားဖျန့်နှိမ်နင်းရေးကိစ္စပါဝင်ကူညီပေးဖို့ညှိနှိုင်းဆွေးနွေးတယ်"လို့ပြောခဲ့တဲ့အချက်အရ စစ်ဆင်ရေးမစမီ တရုပ် ဟာ မြောက်သုံးဖွဲ့နဲ့ဆွေးနွေးတိုင်ပင်မှုတွေလုပ်ခဲ့တယ်ဆိုတာထင်ရှားနေပါတယ်။

တရုပ်နယ်စပ်ကိုအမှီပြုရပ်တည်နေရတဲ့ MNDAAကိုးကန့်၊NDAAမိုင်းလားနဲ့UWSAဝ တို့ဟာတရုပ်သြဇာကိုမလွန်ဆန်နိုင်ဘူး ဆိုတာလည်း လူတိုင်းအလွယ်တကူသိမြင်နေကြတဲ့ ကိစ္စဖြစ်ပါတယ်။

မြန်မာအစိုးရကိုလက်နက်ကိုင်ပုန်ကန်တဲ့အဖွဲ့တွေကိုအားမပေးဘူးလို့ အိန္ဒိယလို ရှင်းရှင်းလင်းလင်းမပြောဘဲဘယ်ဘက်မှမပါဘဲ ကြားနေတယ်ဆိုကတည်းက တည်ဆဲအစိုးရနဲ့သူပုန်ကိုတန်းတူသဘောထားကြောင်းပြသတာပဲ ဖြစ်ပါတယ်။

အခုနောက်ဆုံးလောက်ကိုင်တိုက်ပွဲမှာ မြန်မာနိုင်ငံရဲ့အချုပ်အခြာ အာဏာပဲ့ပါသွားနိုင်တဲ့ ကိစ္စကို ပူပန်ပေးဖော်မရဘဲ လောက်ကိုင်ကာကွယ်ရေး အဓိကအင်အားတွေဖြစ်တဲ့ နယ်ခြားစောင့်တပ်၊ပြည်သူ့စစ်၊ရဲ ခေါင်းဆောင် ပယ်၊ဝေ၊လျံ မျိုးနွယ်တွေကို အချိန်ကိုက်ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းကမိမိဘက်က ကာကွယ်ရေးအင်အားစုတွေကိုတွေဝေသွားစေပြီး MNDAAလောက်ကိုင်သိမ်းပိုက်ရေးကိုအများကြီး အထောက်အကူဖြစ်စေခဲ့ပါတယ်။

နယ်စပ်ဒေသတိုက်ပွဲတွေမှာ ကျည်ကျော်ကျ၊လူကျော်ရောက်ဆိုတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေဖြစ်ပြီးနှစ်နိုင်ငံဆက်ဆံရေးအဆင်ပြေရင် ပြဿနာမဟုတ်တဲ့ ဖြစ်စဥ်တွေဖြစ်ပါတယ်။ ထိုင်း၊အိန္ဒယ၊ဘင်္ဂလားဒေ့နယ်စပ်ကျည်ကျော်ကျ
လူကျော်ရောက်ဖြစ်စဥ်တွေမှာဘာ ပြဿနာမှကြီးကြီးမားမားမရှိခဲ့ပါ။

လောက်ကိုင်ကိုရေဖြတ်မီးဖြတ်လုပ်တာ၊နယ်စပ်မှာ တပ်တွေချပြီး လူကျော်မခံတာ၊ကျည်ကျော်ရင်သီးမခံဘဲပြင်းပြင်းထန်ထန် သတိပေးတာ လိုအပ်သလိုအရေးယူလုပ်ဆောင်မယ်ဆိုတာတွေဟာ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကိုတိုင်းတာရမယ့်ပေတံတွေဖြစ်ပါတယ်။

ဒါတွေရေးပြတာက တရုပ်မုန်းတီးရေးဆန့်ကျင်ရေး မဟုတ်ဘဲ မြေပြင်အခြေအနေမှန်တွေကိုကြည့်ပြီး
အစိုးရချင်း Diplomacy အရဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးထက် ပြည်သူချင်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအမှန် ရအောင်လိုအပ်ချက်တွေကိုသုံးသပ်လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။

#ThaungLwinHein
ညံ့ရတော့မှာလား"ဆိုတဲ့မခံချင်စိတ်နဲ့ ဘယ်လောက်ပဲပေးဆပ်ရပါစေ၊အောင်မြင်စွာဖြတ်ကျော်နိုင်ရမယ်လို့ သံဓိဌာန်ချ စွန့်လွှတ်စွန့်စားပြကြရမှာ ဖြစ်ပါတယ်။

#ThaungLwinHein
၁၉၄၈/၄၉ စစ်ရေးအကျပ်အတည်း

၁၉၄၈လွတ်လပ်ရေးမရမီ ကပင် သခင်စိုးရဲ့အလံနီကွန်မြူနစ်ပါတီ၊ကွန်မြူနစ်ပါတီလက်အောက်ခံတပ်နီများ၊ရခိုင်တပ်နီများ၊ဗုံပေါက်သာကျော်ရဲ့ရခိုင်လူငယ်အစည်း အရုံး၊မူဂျာဟစ်လက်နက်ကိုင်များ ကဗိုလ်ချုပ်အောင်ဆန်းအစိုးရကိုလက်နက် ကိုင် ပုန်ကန်နေကြပြီဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး(၃)လမပြည့်မီ ၁၉၄၈မတ်လ၂၈ရက်မှာဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်း၊ဇူလိုင်၁၆မှာ ရဲဘော်ဖြူတောခိုခြင်း၊သြဂုတ်၁၀ရက်မှာဗမာ့တပ်မတော်တပ်ရင်း(၁)၊တပ်ရင်း(၃)တစ်ဝက်၊တပ်ရင်း(၆)တချို့တောခိုခြင်းကြောင့် တပ်မတော်အင်အား(ကရင်တပ်မပါ)၂၀၀၀(နှစ်ထောင်ခန့်)သာရှိတော့ပြီး ဗမာပြည်ကွန်မြူနစ်ပါတီလက်နက်ကိုင်တစ်ဖွဲ့တည်းမှာပင်အင်အား၂၅၀၀ခန့်ရှိနေတဲ့အခြေအနေဖြစ်ပါတယ်။

၁၉၄၉ဇန်နဝါရီမှာ ကေအန်ဒီအိုများနဲ့ အမြောက်သံချပ်ကားတွေ တပ်ဆင်ပေးထားတဲ့ကရင်တပ်ရင်းများတောခိုလိုက်တဲ့နောက်မှာတော့တပ်မတော်ဟာ လူလက်နက်အင်အား အဆမတန်သာလွန်တဲ့ရန်သူကို ရင်ဆိုင်ရတဲ့အဆိုးဝါးဆုံးအကျပ်အတည်းထဲရောက်သွားရပါတော့တယ်။

၁၉၄၉ဇန်နဝါရီဆန်းကစပြီးကေအန်ဒီအိုကထန်းတပင်ဖြူးတောင်ငူကိုတိုက်ခိုက်သိမ်းပိုက်ခြင်း(ကရင်တပ်ရင်း၁ တောခို)၊ပုသိမ်ကိုတိုက်ခိုက်ခြင်း၊ဇန်နဝါရီ၃၀မှာအင်းစိန်တဝိုက်သမိုင်းခဝဲခြံစော်ဘွားကြီးကုန်းတို့ကိုတိုက်ခိုက်လာခြင်း ကြောင့်တိုင်းပြည်အခြေအနေအဆိုးဆုံးဆီရောက်လာပါတော့တယ်။

ဖေဖော်ဝါရီ၁ရက်မှာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်စမစ်ဒွန်းကိုနူတ်ထွက်စေပြီးဗိုလ်ချုပ်နေဝင်းကိုကာကွယ်ရေးစီးချုပ်ခန့်ကာ အပြောင်း အလဲ လုပ်ရပါတော့တယ်။

ဖေဖော်ဝါရီ၂ရက်မှာကေအန်ဒီအိုအင်းစိန်ကိုသိမ်းပြီး ဖေဖော်ဝါရီ၅မှာပြည်ကရင်တပ်ရင်း၂တောခိုကာ အင်းစိန်ကိုအင်အားဖြည့်ဖို့ရန်ကုန်ပြည်လမ်းအတိုင်းထရပ်ကားအစီးတစ်ရာကျော်နဲ့ချီတက်လာပါတယ်။တပ်ရင်း၃၊တပ်ရင်း၁နဲ့ဗိုလ်စိန်မှန်ဦးဆောင်တဲ့ စစ်ရဲဝန်ထမ်းတပ်များက သာယာဝတီစစ်မျက်နှာကနေအပြင်းအထန်ခုခံပါတယ်။ဝက်ကော်တိုက်ပွဲမှာကရင်တပ်ရင်း ၂အထိနာပြီးဆုတ်ခွာသွားရပါတယ်။

တောင်ငူကနေဆင်းလာတဲ့တောခိုကရင်တပ်ရင်း၁ကို တပ်ရင်း၆ကပဲခူးကနေခုခံပါတယ်။လူအင်အားမလုံလောက်တဲ့အတွက် ပဲခူးထောင်ဖွင့်ပြီး တိုက်လိုတဲ့လူ၃၀၀ထုတ်လက်နက်တပ်ဆင်တိုက်ပွဲဝင်ခဲ့ရပါတယ်။ဘုရားကြီးရွာတိုက်ပွဲမှာနှစ်ဘက်စလုံးအထိနာပြီးဆုတ်ဖို့ပြင်ကြရာမှာ ကရင်တပ်ကဦးစွာဆုတ်ခွာသွားခဲ့ပါတယ်။

ပြည်ကဆင်းလာတဲ့ကရင်တပ်ရင်း၂နဲ့တောင်ငူကဆင်းလာတဲ့ကရင်တပ်ရင်း၆ ဟာအင်းစိန်ကေအန်ဒီအိုများနဲ့ပူးပေါင်းပြီးရန်ကုန်မြို့သိမ်းတိုက်ပွဲဆင်နွှဲမှာဖြစ်လို့ကရင်တပ်များ အင်းစိန်မရောက်ရေး အပြင်းအထန်ခုခံခဲ့ကြရတာဖြစ်ပါတယ်။

အင်းစိန်ရှိကေအန်ဒီအိုကိုရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်အနီးအင်းလျားကန်စောင်းကနေ၂၅ပေါင်ဒါအမြောက်များနဲ့ပစ်ခတ်ပြီးတပ်မတော်ကသမိုင်းနဲ့ကိုးမိုင်တရုပ်သင်္ချိုင်းကနေတန်ပြန်တိုက်စစ်ဆင်ရပါတယ်။

မန္တလေးမိတ္ထီလာမေမြို့ အပါအဝင်နိုင်ငံအနှံ့ မြို့ကြီးများရောင်စုံသူပုန်အောက်ကျရောက်ခဲ့ရာကနေ တပ်မတော်သားအသက်ပေါင်းများစွာပေးဆပ်ပြီး ၁၉၄၉ခုနှစ်တစ်နှစ်လုံးအပြင်းအထန်ပြန်လည်တိုက်ယူခဲ့ရပြီး၁၉၅၀မတ်လ ၁၉ရက်ကေအန်ဒီအိုမြို့တော်တောင်ငူကို တပ်မတော်ကသိမ်းပိုက်ပြီးချိန်မှသာ ကေအန်ဒီအိုတွေရှုံးနိမ့်သွားရတာဖြစ်ပါတယ်။

အင်းစိန်မင်းဓမ္မကုန်းကိုတပ်ရင်း၅ကအကျအဆုံးများစွာနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ရပါတယ်။ပွိုင့်ဝမ်းဝမ်းတူးတောင်ကုန်းရှေ့တောင်ကုန်းငယ်လေးတစ်ခုသိမ်းပိုက်ရာမှာတင် ဗိုလ်မှုးလှသောင်းအပါအဝင် ၈၀ခန့်ကျဆုံး၊၁၂၀မျှဒဏ်ရာရ တယ်ဆိုတဲ့အတွက်အင်းစိန်တိုက်ပွဲမှာ တပ်မတော်သားတွေအသက်ဘယ်လောက်ပေးဆပ်ခဲ့ရတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

၁၉၄၉ဧပြီ၂၈ရက်ည ဒိုက်ဦးနဲ့ဖောင်တော်သီအကြားရှမ်းစုရွာတိုက်ပွဲမှာ တပ်ရင်း၃က အရာရှိစစ်သည်၁၀၀ခန့်ကျဆုံးခဲ့ရပါတယ်။

မိမိထက်လူလက်နက်အင်အားအဆမတန်သာလွန်တဲ့ရောင်စုံသူပုန်ကို တပ်မတော်ကအသက်ပေါင်းများစွာပေးဆပ်၊စစ်ရေးစွမ်းရည်ပြအနိုင်ယူပြီး ပထမဆုံးမှတ်ကျောက်တင်နိုင်ခဲ့တဲ့ ပွဲ ဖြစ်ပါတယ်။

#ThaungLwinHein
၁၉၅၃/၅၄/၅၅ တရုပ်ဖြူကျူးကျော်မှု

၁၉၄၉အောက်တိုဘာမှာတရုပ်ကွန်မြူနစ်များ တရုပ်တပြည်လုံးမှာအောင်ပွဲခံတဲ့အတွက်ချန်ကေရှိတ်ကူမင်တန်တပ်များထိုင်ဝမ်ကိုထွက်ပြေးကြပေမယ့်ယူနန်နယ်ထဲရှိ ကူမင်တန်တပ်တပ်တွေကျိုင်းတုံနယ်ထဲကျူးကျော်ဝင်ရောက်လာကြပြီး ၁၉၅၀မှာမိုင်းယန်းမြို့ကိုသိမ်းပိုက်တပ်စွဲလိုက်ပါတယ်။

၁၉၅၁မှာထိုင်ဝမ်နဲ့အဆက်အသွယ်ရပြီးအမေရိကန်အကူအညီနဲ့ မိုင်းဆတ်မှာဌာနချုပ်လုပ်အခြေပြုပြီးယူနန်နယ်ကိုပြန်တိုက်ခိုက်ပါတယ်။၁၉၅၂မှာမိုင်းဆတ်လေယာဥ်ကွင်းအသုံးပြုပြီး ထိုင်ဝမ်၊ထိုင်းတို့နဲ့တိုက်ရိုက်ဆင်းသက်လာတဲ့အတွက်မြန်မာပြည်အတွင်းပိုင်းအထိတိုးချဲ့ကျူးကျော်ရေးအင်အားအများအပြားနဲ့ချဲ့ထွှင်လာပါတယ်။

သံလွင်အရှေ့ခြမ်းသာမကမြောက်ဘက် ကချင်ပြည်နယ်မြစ်ကြီးနားဗန်းမော်ကနေ တောင်ဘက်မွန်ပြည်နယ်မော်လမြိုင်အထိထိုးဖောက်လာပါတယ်။

၁၉၅၃မှာ တပ်မတော်ကနေရာအနှံ့အပြားတိုက်ပွဲဝင်ပြီးတရုပ်ဖြူတပ်များကိုသံလွင်အရှေ့ဖက်ကမ်းဆီပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။၁၉၅၃မတ်လမှာတပ်မတော်ကသံလွင်မြစ်ကူးပြီးတရုပ်ဖြူဌာနချုပ်မိုင်းတုံမိုင်းဆက်ကိုပြန်လည်သိမ်းပိုက်ရေး"နဂါးနိုင်စစ်ဆင် ရေး" ဆင်နွှဲခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လူလက်နက်အမြောက်အများဆုံးရှုံးခဲ့ရပြီးမြစ်အနောက်ဘက်ကမ်းကိုပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

၁၉၅၃ဧပြီမှာတရုပ်ဖြူကျူးကျော်မှုကုလသမဂ္ဂကိုတိုင်ကြားကျူးကျော်သူများပြန်လည်ထွက်ခွာရေးဆုံးဖြတ်ခဲ့ပေမယ့် မဆုတ်ခွာဘဲအချိန်ဆွဲနေတဲ့အတွက်၁၉၅၄မှာ"ဘုရင့်နောင်စစ်ဆင် ရေး"နဲ့ မိုင်းတုံမိုင်းဆတ်နယ်မြေရှိတရုပ်ဖြူတပ်များကိုထိုင်းနယ်စပ်အထိမောင်းထုတ်ခဲ့ရပါတယ်။

ထိုင်းနယ်စပ်မျဥ်းပေါ်ရှိတရုပ်ဖြူတပ်များကိုတိုက်ထုတ်ရေးအတွက်ထိုင်းနယ်စပ်ဘက် ကို လေကြောင်း၊အမြောက်ကျည်ကျော်ခွင့်ညှိနှိုင်းနိုင်ခဲ့တဲ့အတွက်၁၉၅၅မှာရန်ကြီးအောင်စစ်ဆင်ရေးနဲ့ ထိုင်းနယ်စပ်ရှိတရုပ်ဖြူတပ်များကိုချေမှုန်းတိုက်ထုတ်ခဲ့ပါတယ်။(ဘိန်းလုပ်ငန်းများလုပ်ရာတွင် ထိုင်ပြည်ထဲရေးဝန်ကြီးနဲ့ပုလိပ်မင်းကြီးဗိုလ်ချုပ်ဖောင်းကို တရုပ်ဖြူများကညစ်ပတ်လွှတ်လိုက်တဲ့အတွက် ဗိုလ်ချုပ်ဖောင်းက ပြန်လက်စားချေရန်နယ်စပ်ကျော်လွန်ခွင့်ပြုခြင်းဖြစ်သည်ဟုရန်ကြီးအောင်စစ်ဆင်ရေးဦးဆောင်သူ ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောက ရေးသားခဲ့)

နယ်စပ်အနှံ့ခိုအောင်းနေတဲ့ တရုပ်ဖြူတပ်တွေဟာ၁၉၆၁မှာအမေရိကန်အကူအညီနဲ့ ပြန်လည်ထကြွလာပြန်တဲ့အတွက်တပ်မတော်က မဲခေါင်စစ်ဆင်ရေးနဲ့နှိမ်နင်းရပြန်ပါတယ်။လေကြောင်းတိုက်ပွဲဆင်နွှဲရတဲ့အထိဖြစ်ခဲ့ပြီး၁၉၆၁ဖေဖော်ဝါရီ ၁၅ရက်နေ့မှာကျိုင်းတုံနယ်အတွင်း တပ်မတော် (လေ)တိုက်လေယာဥ်၃စီးနဲ့ထိုင်းကတက်လာတဲ့ တရုပ်ဖြူထောက်ပံ့ရေး အမေရိကန်လေယာဥ်လေကြောင်းတိုက်ပွဲဆင်နွှဲရာအမေရိကန်လေယာဥ်ပျက်ကျပြီးတပ်မတော်(လေ) တိုက်လေယာဥ်တစ်စီးပျက်ကျကာလေသူရဲဗိုလ်ပီတာကျဆုံးခဲ့ရပါတယ်။

၁၉၄၉ ကစတင်ကျူးကျော်ဝင်ရောက်လာပြီး အမေရိကန် ကလေကြောင်းအပါအဝင်ဘက်စုံထောက်ပံ့မှုနဲ့လူလက်နက်ခဲယမ်းအစစ အရာရာသာလွန်တဲ့တရုပ်ဖြူကူမင်တန်တပ်တွေရဲ့ပြည်ပကျူးကျော်မှုကို တပ်မတော်ဟာ အသက်ပေါင်းများစွာပေးဆပ်ပြီး တိုင်းပြည်အချူပ်အခြာအာဏာပိုင်မြေ ကိုကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

#ThaungLwinHein
၁၉၆၈ တရုပ်ကွန်မြူနစ်နောက်ခံဗကပကျူးကျော်မှု

တပ်မတော်ရဲ့ထိုးစစ်ကြောင့်ပဲခူးရိုးမအခြေပြု ဗကပ ဗဟိုပြိုကွဲချုပ်ငြိမ်းသွားပြီးနောက် တရုပ်ပြည်ထဲမှာရှိနေတဲ့ဗကပဗဟိုကော်မီတီဝင်ဗသိန်းတင် ဥက္ကဌ လုပ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီကိုဆက်လက်ရှင်သန်စေခဲ့ပါတယ်။

ဗကပဟာ တရုပ်ကွန်မြူနစ်ပါတီက လက်နက်ခဲယမ်းစစ်ဝတ်ရိက္ခာ လိုလေးသေးမရှိအလျှံပယ်ထောက်ပံ့ပေးရုံမက လူအင်အားပါဖြည့်ဆည်း ပြီး ၁၉၆၈ဇန်နဝါရီ ၁ရက်နေ့ မှာ ရှမ်းမြောက်ဒေသ တပ်မတော်မုန်းကိုးစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းနဲ့ မြန်မာပြည်ထဲကိုစတင် ဝင်ရောက်လာပါတယ်။

၁၉၆၈ကနေ ၁၉၈၈အထိ အနှစ် နှစ်ဆယ်ကြာ တရုပ်နောက်ခံဗကပနဲ့ မြန်မာ့တပ်မတော် တိုက်ပွဲကြီးငယ်ပေါင်းများစွာဆင်နွှဲခဲ့ကြရပါတယ်။ ဗကပဆိုသော်လည်းတရုပ်ကလက်နက်ခဲယမ်းရိက္ခါ ဖိနပ်ဦးထုပ်ကအစလူအင်အားပါအဆုံးအားလုံးပါဝင်တိုက်ခိုက်ခဲ့တာဖြစ်လို့ပြည်ပကျူးကျော် စစ်လိုရင်ဆိုင်ခုခံခဲ့ကြရတာဖြစ်ပါတယ်။

လူလက်နက်ခဲယမ်းအဆမတန်အသာစီးနဲ့လူလှိုင်းလုံးစစ်ဆင်တိုက်ခိုက်လာတဲ့ဗကပထိုးစစ်တွေကိုတပ်မတော်က အသက်ပေါင်းများစွာပေးဆပ်ပြီးကြံ့ကြံခံတွန်းလှန်ခဲ့ရပါတယ်။ ၁၉၇၁ကွမ်းလုံရက်လေးဆယ်တိုက်ပွဲ၊၁၉၇၇ခြူးရွှေပန်ကောက်တိုက်ပွဲ၊၁၉၇၈နောင်လိုင်ပါဖန်ပွိုင့် ၆၀၄၁ တိုက်ပွဲ၊၁၉၈၀မိုင်းယန်းတိုက်ပွဲတို့နာမည်ကျော်ခဲ့ပြီး၁၉၇၉မှာတော့ တပ်မတော်က မိုင်းရှူးကတဆင့် သံလွင်အရှေ့ခြမ်းမော်ဖဒေသကိုထိုးဖောက်တိုက်ခိုက်သိမ်းပိုက်ပြီး ဗကပဗဟို ပန်ဆန်းကိုခြိမ်းခြောက်ထားနိုင်တဲ့အထိစစ်ရေးအသာစီးပြန်ရလာခဲ့ပါတယ်။

ဗကပတို့ရဲ့ ၁၉၈၆/၈၇ စီစီဝမ်တာပန်ထိုးစစ်ကြောင့်ယာယီလက်လွှတ်လိုက်ရတဲ့စခန်းတွေကိုတပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းယူပြီး တန်ပြန်ထိုးစစ်နဲ့ ဗကပ ထိန်းချုပ်နယ်မြေ ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်အထိ သိမ်းယူလိုက်ပါတယ်။

ရိက္ခာဆန်ထွက်တဲ့ အခြေခံနယ်တွေနဲ့အကောက် ခွန်ရတဲ့ နယ်စပ်ဂိတ်တွေပါလက်လွတ်ဆုံးရှုံးလိုက်ရတဲ့အတွက် စီစီဝမ်တာပန်ထိုးစစ် အရှုံးကို ဆန်၃ဆန် (ကျည်ဆန်၊ရိက္ခာဆန်၊ပိုက်ဆံ) ရှုံးတဲ့ ပွဲလို့ ဗကပ တို့ ဆိုရိုး ပြုခဲ့ကြပါတယ်။

#ThaungLwinHein
၁၉၈၈မိုင်းယန်းမဲသဝေါထိုးစစ်

၈၈အရေးအခင်း ပြည်တွင်းဆူပူအုံကြွမှုတွေကြောင့် အစိုးရမနိုင်၊တိုင်းပြည်ဖရိုဖရဲဖြစ်နေချိန်ကိုအခွင့်ကောင်းယူပြီးမြို့တစ်မြို့သိမ်းပိုက်၊လွတ်မြောက်နယ်မြေကြေညာ၊အုပ်ချုပ် ရေးထူထောင်ပြီးအစိုးရဖွဲ့မယ်ဆိုတဲ့စိတ်ကူးနဲ့ ၈၈အရေးအခင်းဆူပူအုံကြွမှုအပြင်းထန်ဆုံးအချိန်မှာ ဗကပ ကမိုင်းယန်းတိုက်ပွဲ၊ကေအန်ယူက မဲသဝေါတိုက်ပွဲတွေတပြိုင်တည်းဆင်နွှဲလာတာ ဖြစ်ပါတယ်။

၁၉၈၈ခုနှစ်စက်တင်ဘာ၁၄မှာ မိုင်းယန်းအောင်သပြေစခန်းကုန်းကိုဗကပတို့စတင်တိုက်ခိုက်လာပြီး စက်တင်ဘာ၂၂ရက်နေ့ညကစလို့ မိုင်းယန်းတပ်စခန်းများကိုအင်အားနှစ်ထောင်ကျော်နဲ့ ဝိုင်းပတ်တိုက်ခ်ိုက်ခဲ့ပါတယ်။

တပ်မတော်မှစခန်းကုန်းများအဆင့်ဆင့်စွန့်လွှတ်ခဲ့ရပြီးစစ်ကြောင်းဌာနချုပ်ရှိရာအောင်တံခွန်ကုန်းမှာပူးပေါင်းခုခံကြပါတယ်။စက်တင်ဘာ၂၈အထိ ဗကပတို့အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပေမယ့် တပ်မတော်(လေ)ရဲ့ထိရောက်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်သည်များကြံ့ကြံ့ခံခုခံမှုကြောင့်စခန်းမသိမ်းနိုင်ဘဲ ၂၉ရက်နေ့မှာအထိအခိုက်အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားရပါတယ်။

မိမိဘက်မှအရာရှိစစ်သည်၅၀ဦးကျဆုံးပြီးရန်သူဗကပ(အလောင်းရ)၂၀၂ဦး ကျန်ရစ်ခဲ့ပါတယ်။တိုင်းပြည်ပျက်နေချိန်မှာမိုင်းယန်းမြို့သိမ်းပြီးအစိုးရထူထောင်မယ့်ဗကပအကြံအစည်ပျက်ပြားသွားခဲ့ရပါတယ်။

မဲသဝေါထိုးစစ်

၁၉၈၈စက်တင်ဘာ၂၆ကနေ ဒီဇင်ဘာ၂၄အထိ သုံးလကြာ တပ်မတော်နဲ့ကေအန်ယူဘတပြန် ကျားတပြန်ကျားကုတ်ကျားခဲ အပြန်အလှန်တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲရှည်ကြီးဖြစ်ပါတယ်။

တိုင်းပြည်ပျက်နေချိန်မှာမဲသဝေါသိမ်းပြီဘားအံဆက်သိမ်းကာ အစိုးရထူထောင်မယ့်ကေအန်ယူဟာ စက်တင်ဘာ၂၆မှာမဲသဝေါဒေသတပ်စခန်းတွေကိုအင်အားနှစ်ထောင်ကျော်နဲ့တိုက်ခိုက်လာပါတယ်။ရက်သတ္တပတ်နှစ်ပတ်(၁၄)ရက်အတွင်းစခန်းတစ်ခုပြီးတစ်ခုစွန့်လွှတ်ခဲ့ရကာ နောက်ဆုံးခံစစ်မောရလီစခန်းကုန်းကသာကြံ့ကြံ့ခံခုခံရပါတော့တယ်။

၁၉၈၈နိုဝင်ဘာ၃၀မှာစစ်ဆင်ရေးကွပ်ကဲမှုအထူးအဖွဲ့မှုးဗိုလ်ချုပ်မောင်လှကိုယ်တိုင် ရှေ့တန်းဌာနချုပ် ပွိုင့် ၈၆၅ ကိုရောက်လာပြီး တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့ရာဒီဇင်ဘာ ၂၃မှာ မဲသဝေါဒေသတစ်ခုလုံးကိုတပ်မတော်ကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၃လကြာတိုက်ပွဲမှာတိုက်ပွဲကြီး၈၅ကြိမ်၊တိုက်ပွဲငယ်၁၄၅ကြိမ်၊အနီးကပ်လှံစွပ်ထိုးထွေးလုံးရစ်ပတ်တိုက်ခိုက်မှု၄၇ကြိမ်ဖြစ်ပွားခဲ့ပြီးတပ်မတော်မှ၂၄၂ဦးကျဆုံး၊၉၂၂ဦးဒဏ်ရာရ။KNUဘက်မှ၄၀၀ ကျော်ကျဆုံး (၂၅၄လောင်းအလောင်းရ)၊၁၀၀၀ခန့်
ထိခိုက်ဒဏ်ရာရ ပါတယ်။

မဲသဝေါအကျိုးဆက် တန်ပြန်တိုက်စစ်အဖြစ် ဦးကျိုးသွားတဲ့KNUကိုအနားမပေးဘဲတပ်မတော်ကသောင်ရင်းမြစ်ကမ်းဘေးရှိ KNUနယ်စပ်စခန်းများအားလုံးဆက်တိုက်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် မာနယ်ပလောဌာနချုပ်တစ်ခုသာကျန်ရစ်ပါတော့တယ်။

၁၆.၄.၈၉မဲလပင်မစခန်းကုန်းတိုက်ပွဲတစ်ခုတည်းမှာပင်တပ်မတော်ဘက်က၁၇၇ဦးကျဆုံး၊၃၇၇ဦးဒဏ်ရာရ၊ရန်သူ့အလောင်း ၄၆၆ဦးကျန်ရစ်တဲ့အတွက် သောင်ရင်းမြစ်ဘေးနယ်စပ်စခန်းများတိုက်ခိုက်သိမ်းပိုက်ရာမှာတပ်မတော်သားအသက်ပေါင်းများစွာပေးဆပ်ခဲ့ရတယ်ဆိုတာခန့်မှန်းလို့ရနိုင်ပါတယ်။

မိုင်းယန်းမဲသဝေါတိုက်ပွဲဟာ တိုင်းပြည်ကံကြမ္မာအပြောင်းအလဲဖြစ်သွားနိုင်တဲ့တိုက်ပွဲတွေဖြစ်လို့ တပ်မတော်ကအသက်ပေါင်းများစွာပေးဆက် ပြီး
စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပါတယ်။

တိုင်းပြည်အပျက် တပ်မတော်အခက် ဆိုပြီးမိုင်းယန်းကိုဝင်တိုက်တဲ့ဗကပ အကျအဆုံးများစွာဆုတ်ခွာရတဲ့အတွက် ကိုးကန့် ဝ တပ်သားခေါင်းဆောင်တွေက ဗကပခေါင်းဆောင်မှုကိုပုန်ကန်ခွဲထွက်တဲ့အကျိုးဆက်ခံစားရသလို မဲသဝေါထိုးစစ်ဆင်တဲ့ KNU နယ်စပ်စခန်းများအားလုံးလက်လွတ်ဆုံးရှုံးသွားရတဲ့အထိ မိမိထက်လူလက်နက်ခဲယမ်းအဆမတန်သာလွန်တဲ့ရန်သူကို အသက်ပေါင်းများစွာစွန့်လွှတ်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မတော်သားတွေရဲ့ တိုက်စွမ်းရည်နဲ့စိတ်ဓာတ်ဟာ ရန်သူကပင်အသိအမှတ်ပြုချီးကျူးရတဲ့အထိ အံ့မခန်းမှတ်ကျောက်တင်ခံခဲ့ရပါတယ်။

#ThaungLwinHein
မြောက်သုံးဖွဲ့နဲ့ NUG

ပြည်ပကြိုးကိုင်မှုနဲ့ မြောက်သုံးဖွဲ့စစ်ရေးလှုပ်ရှားမှုကို နွေဦးတော်လှန်ရေးဒီမိုကရေစီရေးလို့ ရောကြိတ်နေကြတာ ပြည်ဖျက်မီဒီယာတွေကဝိုင်းအော်နေကြတာ ယုံသူတွေယုံနေကြတာ ဟာ နိုင်ငံရေးရေချိန်ဘယ် လောက်နိမ့်ကျနေတယ် ဆိုတာဖော်ပြနေတာပဲ ဖြစ်ပါတယ်။

MNDAAကကျဥ်းမြောင်းတဲ့လူမျိုးရေးအမြင် နဲ့ ကိုးကန့်မှာ ဗမာမနေရလုပ်သလို ဘုရားစေတီပါဖျက်ဆီးတဲ့အထိ စော်ကားရိုင်းစိုင်းပြနေပေမယ့် ဒီမိုကရေစီရေးတိုက်ပွဲဝင်တယ်လို့ NUGက မျက်စိမှိတ်အော်နေဆဲ ဖြစ်ပါတယ်။

စစ်အာဏာရှင်ကျဆုံးရေး ဘုံရည်မှန်းချက်တူတယ် ဆိုပြီးရန်သူရဲ့ရန်သူဟာ မိတ်ဆွေ လုပ်နေကြပေမယ့် NUGနဲ့ မြောက်သုံးဖွဲ့ဟာ ဝါဒရေးရာ ဆန့်ကျင်ဘက်တွေ ဖြစ်ကြလို့ ဘယ်လိုမှ ပေါင်းလို့မရဘဲ အမေရိကန် အုပ်စုနဲ့တရုပ်အုပ်စုအဖြစ် စစ်ခင်းကြအုံးမှာသေချာပါတယ်။

NUG,KNU,KNPP,CNF တွေက အမေရိကန်အုပ်စု၊MNDAA,UWSA,NDAAက တရုပ်အုပ်စု၊KIAက နှစ်ဖက် ခွ၊AAနဲ့TNLAက KIA မွေးထုတ်ပြီး UWSAတပည့် ဆိုတာလေ့လာ သူတိုင်း အလွယ်တကူ သိနေကြတာဖြစ်ပါတယ်။

ဒီအုပ်စုကြီးနှစ်ခုဟာ ဟန်ဆောင်ပန်ဆောင် မိတ်ဆွေ လို နေကြပေမယ့် ၁၀၂၇ အောင်မြင်လာတာနဲ့အမျှ NUGက နေရာအတင်းဝင်ယူဖို့ကြိုးစားလာတာကို မြောက်သုံးဖွဲ့က စာရင်းမသွင်းဘဲ ဘေးဖယ်ထားတာ ကို မြင်နေကြရတာဖြစ်ပါတယ်။

BRIလမ်းကြောင်းကိုတရုပ်က အောင်မြင်အောင်လုပ်မှာ ဖြစ်သလို အမေရိကန်ကလည်း ပျက်အောင်ဖျက်မှာ ဖြစ်လို့ အကယ်၍သာ သူတို့အော်နေတဲ့စစ်အာဏာရှင်ဆိုတာ ကြီးကျဆုံးသွားရင် တရုပ်မြန်မာကြားခံစစ်ပွဲ အဖြစ် စစ်မီးလျှံမြန်မာပြည် ပြာပုံအတိကျန်ရစ်မှာဖြစ်ပါတယ်။

အစိုးရနဲ့တပ်မတော်က ဒီအုပ်စုနှစ်ခုကို နိုင်အောင်တိုက်နိုင်ရင်တိုက်၊မတိုက်နိုင်လို့ကျရှုံးရရင် တရုပ်အမေရိကန်ကြားခံစစ်ပွဲနဲ့ ဆီးရီးယားလစ်ဗျားထက်ဆိုးတဲ့ တိုင်းပြည်အဖြစ် ပြည်သူတွေအတိဒုက္ခရောက်ကြရတော့မှာ ဖြစ်လို့ စစ်အနိုင်တိုက်ရေးဟာ သေရေးရှင်ရေးတမျှ အရေးကြီးနေပြီဖြစ်ပါတယ်။

#ThaungLwinHein
ပြည်သူလူထု အတိဒုက္ခရောက်ကြရတော့မှာ ဖြစ်ပါတယ်။

#ThaungLwinHein
အရေးပေါ်ကာလ ကြာလေ တိုင်းပြည်နဲ့ လူထုနာလေ

အရေးပေါ်ကာလဆိုတာ ပုံမှန်သွားလာလုပ် ကိုင်စားသောက်နေထိုင်ရတဲ့ပုံမှန်ကာလ မ ဟုတ်တဲ့အတွက် အရေးပေါ်ကာလကြာလေ တိုင်းပြည်နဲ့လူထုနစ်နာလေ ဖြစ်ပါတယ်။

တိုင်းပြည်လူထုအကျိုးကြည့်တဲ့နိုင်ငံရေးသမားနဲ့ အဖွဲ့အစည်းတွေဟာ အရေး ပေါ်ကာလ မြန်မြန်အဆုံးသတ်ရေး တည်ငြိမ်အေးချမ်းရေးကိုဝိုင်းကူကြမှာ ဖြစ်ပေမယ့် လက်ရှိ ဖြစ်နေတာက အရေးပေါ်ကာလ မကြာကြာအောင် ဝိုင်းလုပ်နေကြတာ ဖြစ်လို့ စစ်အာဏာရှင်ပြုတ်ကျရေးအော်ပြီး လက်တွေ့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လက်ထဲမှာနိုင်ငံတော်အာဏာကြာကြာရယူထားအောင်ဖန်တီးပေးနေတာ ဖြစ်နေပါတယ်။

NLDအစိုးရက လွတ်လပ်တရားမျှတမှုမရှိတဲ့ မဲလိမ်မဲခိုးမဲမသမာမှုတွေနဲ့ရွေးကောက်ပွဲလုပ်ခဲ့တယ်၊(လုပ်ခဲ့တဲ့အချက်အလက်အထောက်အထားတွေလည်းအခိုင်အမာ ရှိတယ်) ဒါကိုဖြေရှင်းဖို့တောင်းဆိုကြတော့ မရှင်းဘဲ အာဏာဆက်ယူဖို့လုပ်လို့ တပ်က အာဏာခနဝင်ထိန်းရတယ်၊အလွန်ဆုံး၂နှစ်အတွင်း အာဏာပြန်လွှဲ ၊ရွေးကောက်ပွဲကျင်းပ ၊ရွေးကောက်ခံအစိုးရသစ်တစ်ရပ်တက်လာ ဆိုတာအလွန်ရိုးရှင်းတဲ့လမ်းကြောင်း ဖြစ်ပေမယ့် ဆူပူအုံကြွ လက်နက်ကိုင်တော်လှန်ကြနဲ့ တည်ငြိမ်အေးချမ်းရေးပျက်ပြား၊ပုံမှန်အခြေအနေပြန်မရောက်နိုင်ဖြစ်ပြီးအခု ၃နှစ်ကြာတဲ့အထိ ဘယ်သောင်ဘယ်ကမ်းဆိုက်မယ်မသိ ရတဲ့ကမ်းမမြင်လမ်းမမြင်အခြေအနေမှာပဲ ရှိနေပါသေးတယ်။

စစ်အစိုးရ အာဏာစွန့်ရေး၊ရွေးကောက်ခံအစိုးရထံအာဏာပြန်အပ်ရေး၊ဒီမိုကရေစီပြန်လည်ရရှိရေး ဆိုတာ ရွေးကောက်ပွဲကျင်းပ အာဏာပြန်လွှဲ ဆိုတဲ့ နည်းလမ်းသာရှိပါတယ်။ဟိုမြို့သိမ်းဒီမြို့သိမ်းလက်နက်ကိုင်ပုန်ကန်မှုတွေနဲ့ ဒီမိုကရေစီရစရာအကြောင်းမရှိဘူးဆိုတာ အခုလက်တွေ့သူပုန်သိမ်းပိုက်နယ်မြေတွေမှာ တွေ့နေကြရပြီဖြစ်ပါတယ်။

ဆူပူအုံကြွမှု၊လက်နက်ကိုင်အကြမ်းဖက်မှုတွေမရှိခဲ့ရင် ၃နှစ်ကြာ အခုအချိန်မှာ ရွေးကောက်ခံအစိုးရသစ်တစ်ရပ်တက်လာပြီး တပ်မ တော်အစိုးရ ဆင်းသွားပြီ ဖြစ်လို့ သွေးမြေတစ်စက်ကျစရာမလိုဘဲ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်နေပြီ ဖြစ်ပါတယ်။

လက်နက်ကိုင်လမ်းစဥ်ကြောင့်လူငယ် အရွယ် ကောင်းတွေ သောက်သောက်လဲ သေဆုံးကြရသလို တပ်မတော် ရဲ တပ်ဖွဲ့ဝင်တွေလည်း အသက်ဆုံးရှုံးကြရပါတယ်။ စစ်ဒဏ်သင့် မြို့ရွာ က ပြည်သူလူထုလည်း စစ်ပြေးဒုက္ခသည်တွေအဖြစ် နေအိမ်စည်းစိမ်ဥစ္စာဆုံးရှုံးစီးပွားပျက် ဘဝပျက်ကြရပါတယ်။

ဒီမိုကရေစီရရေး၊စစ်အာဏာရှင်ပြုတ်ကျရေးအော်သူတွေက လက်နက်ကိုင်ဆူပူမှုတွေနဲ့ အရေးပေါ်ကာလကြာရှည်အောင်လုပ်ပေးနေသလို ပုံမှန်အခြေအနေ ပြန်ရောက်အောင်လုပ်ရမယ့်သူတွေကလည်းမလုပ်ပေးနိုင်ဖြစ်နေတဲ့အတွက် အရေးပေါ်ကာလကြာလေ တိုင်းပြည်နဲ့လူထုနာလေနဲ့သာ ရင်ဆိုင်နေကြရမှာ ဖြစ်ပါတယ်။

#ThaungLwinHein
ကျားဖြန့်တရားခံများလွှဲပြောင်းပေးခြင်း

တရုပ်နိုင်ငံကဖမ်းဝရမ်းထုတ်ထားတဲ့ ဦးပယ်ဆောက်ချိန်အပါအဝင် ကျားဖြန့်တရားခံ(၆)ဦးနဲ့ တခြားရာဇဝတ်သားသံသယ(၄)ဦးကို ဇန်နဝါရီ၃၀ရက်နေ့ညက နေပြည်တော်လေဆိပ်မှာ တရုပ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ကြောင်းသတင်းတွေထွက်လာပြီးနောက် ဝေဖန်သံတွေဆူညံလာပါတယ်။

ပယ်ဆောက်ချိန်ဟာ ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဌဟောင်းတစ်ဦးဖြစ်ပြီး၂၀၀၉ခုနှစ်အာဏာရဖုန်ကြားရှင်အဖွဲ့ကိုတိုက်ထုတ်ပြီးနောက်တပ်မတော်အစိုးရနဲ့တောက်လျှောက်လက်တွဲခဲ့သူဖြစ်ပါတယ်။လွှဲပြောင်းတရားခံတွေထဲမှာ ပယ်ဆောက်ချိန်ရဲ့သားဖြစ်သူကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်၊နယ်ခြားစောင့် တပ်ခေါင်းဆောင် ဗိုလ်မှုးကြီးဝေဆန်းနဲ့ဖူလီလိုက်လုပ်ငန်းစုဦးဆောင်သူဦးလျိုအားပေါက်တို့လည်းပါဝင်ပါတယ်။

ကိုးကန့်ရဲ့အချမ်းသာဆုံးနဲ့သြဇာအကြီးမားဆုံးမိသားစုကြီး(၄)စုဖြစ်တဲ့ ပယ်၊လျို၊ဝေ၊မြီမျိုးနွယ် ဦးဆောင်သူအားလုံးတရုပ်အာဏာပိုင်တွေလက်ထဲရောက်သွားပြီဖြစ်လို့ ဖုန်မျိုးနွယ်စုတစ်ခုတည်းကသာ အကြွင်းမဲ့သြဇာအာဏာတည်ဆောက်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။(မြီရှောက်ချန်း အဖမ်းမခံဘဲသတ်သေသွားခဲ့)

ကိုးကန့်ဒေသအပါအဝင်ရှမ်းမြောက်နယ်စပ်မှာကျားဖြန့်ထက်အရေးကြီးတာက မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုဖြစ်ပါတယ်။အခုအချိန်မှာ မြန်မာနိုင်ငံဟာအာဖဂန်နစ္စတန်ကိုကျော်ပြီးကမ္ဘာမှာမူးယစ်ဆေးဝါးထုတ်လုပ်မှုအများဆုံးကမ္ဘာ့နံပတ်တစ်နေရာရောက်လာပြီ လို့သတ်မှတ်ခံထားရပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချရာအဓိကနေရာဟာ မြန်မာနယ်နမိတ်ထဲက ရှမ်းမြောက်နယ်စပ်ဖြစ်တယ်ဆိုတာလည်း ကမ္ဘာကသိကြပါတယ်။ဘယ်အဖွဲ့အစည်းတွေကဦးဆောင်လုပ်ကိုင်နေတယ်ဆိုတာလည်းသိကြပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအဓိက လက်သည် တွေဖြစ်တဲ့ MNDAA မြောက်သုံးကောင်ခေါင်းဆောင်တွေကို မူးယစ်ရာဇာများအဖြစ်အလိုရှိတရားခံများအဖြစ် ဖမ်းဝရမ်းထုတ်တန်ပြန်လုပ်သင့်ပြီလို့ ဝေဖန်ထောက်ပြလာကြတာလည်း တွေ့ရပါတယ်။( MNDAAခေါင်းဆောင်ဖုန်တာရွှင်ဟာ မူးယစ်ရာဇာအဖြစ်ပြေးမလွတ်သလို
AAခေါင်းဆောင်တွေ ဦးဆောင်သယ်ယူတဲ့မူးယစ်ဆေးဝါးသယ်ယူမှုတွေမကြာခန
ဖမ်းဆီးရမိနေတဲ့အထောက်အထားတွေလည်းအခိုင်အမာရှိ)

မူးယစ်ဆေးဝါးမှုမူးယစ်ရာဇာတွေကို သေဒဏ် အထိပြင်းပြင်းထန်ထန်အရေးယူလေ့ရှိတဲ့တရုပ်နိုင်ငံက နယ်စပ်မူးယစ်ရာဇာတွေကို လစ်လျူရှူထားပြီး ကျားဖြန့်က ပိုအရေးကြီးနေတာ ကလည်းထူးဆန်းနေပါတယ်။

#ThaungLwinHein