တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
သက္ကမိုးညို မေးပြီ 🤭
-----------------
NUG ဘဏ္ဍာရေးကို ဆန်းစစ်ခြင်း

ရီးတော်လှန်ရေးမှာ ငွေအဓိက လို့ ဇောင်းပေးတွန်းတင်လာကြတဲ့နေရာမှာ ရတဲ့ငွေကို ထိရောက်စွာ သုံးမသုံးဟာလည်း အရေးကြီးပါတယ်။ ခက်တာက `တော်လှန်ရေး ကာလ ပြည်သူ သိစရာမလိုဘူး’ လုံးချတဲ့ အမွေတော့ ကောင်းကောင်းရကြလေတော့ ပြည်သူကို ဂျင်းထည့်မထည့် ခန့်မှန်းရခက်ပါတယ်။ အခု ရေးထားတဲ့ စာထဲက ဒေတာတွေသည် #NUG ဝန်ကြီးတွေ တရားဝင်ပြောထားတဲ့ ဒေတာ ဖြစ်ပြီးကျွန်တော်က ပြန်လည် ဆန်းစစ်တာပဲ ဖြစ်ပါတယ်

၁- NUG ရဲ့ ၂၀၂၂ ဇွန် ၂၁ သတင်းစာ ရှင်းပွဲမှာ ငွေတိုက် စာချုပ် ရောင်းရငွေ ၃၈ သန်း မင်းအောင်လှိုင် အိမ်ရောင်းရငွေ ၇သန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရပြီး ၉၅% ကို ကာကွယ်ရေး အတွက် သုံးထားတယ်ပြောပါတယ်။ ၄၂ သန်း ပေါ့။

ဒါပေမယ့် ငွေတိုက်စာချုပ်မရောင်းရခင်မှာ ၂၀၂၁ စက်တင်ဘာထဲမှာ ဒေါက်တာ တူးခေါင်က NUG CRPH ကို ပြည်သူတွေ လှူဒါန်းရရှိငွေ ၁၇ သန်းရှိတယ်။ လက်နက်ဝယ်ဖို့ သုံးတယ်လို့ ပြောထားပါတယ်။

စောစောက ၄၂ သန်းနဲ့ ၁၇ သန်းနဲ့ ပေါင်းရင် NUG ကာကွယ်ရေး ဝန်ကြီးဌာနဟာ ဘဏ္ဍာငွေ ၅၉ သန်း ရရှိ ပြီးခဲ့ပြီလို့ ထွက်ရပါမယ်။ (ငှက်ကင် ၂.၂ သန်း မပါသေး)

သို့သော် ၂၀၂၂ ဇူလိုင်မှာ ထုတ်ပြန်တဲ့ MOD ရဲ့ ရှင်းတမ်းမှာ ၂၀၂၂ မေလအထိ ဘတ်ဂျက်ငွေ ၄၄ သန်းကျော် ရရှိခဲ့တယ် ဆိုပါတယ်။ ဒီတော့ ၁၅ သန်း ပျောက်နေတယ်။ ဒါကို ပြည်သူ နားလည်အောင် ရှင်းပြဖို့ လိုပါမယ်။ ပြည်သူ့ငွေ တကျပ်တပြားတောင် အလဟဿ မဖြစ်စေရဘူးလို့ ကိုနေဘုန်းလတ်က ဆိုတာကိုး

၂- နောက်တခု၊ ဘတ်ဂျက်ပိုင်းဆိုင်ရာမှာ ပြည်သူကို အမှားတွေ မက်ဆေ့ချ်ပေးခဲ့တာ။ NUG ဘတ်ဂျက် ကန်ဒေါ်လာ သန်း ၈၀၀ မကြာခင်ရမယ်။ #CDM တွေကို လစာပေးမယ်၊ စစ်ဘေးရှောင်တွေ ကူမယ် ဆိုပြီး အားရပါးရ ဘတ်ဂျက်တင်ကြတယ်။ အမယ်၊ ဆရာဇော်ဝေစိုးတို့က ပြည်သူကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ဒေါ်လာ သန်း ၆၀၀ ဘတ်ဂျက်ဆွဲသတဲ့။ ဆရာ ဝင်းမြတ်အေးကလည်း စစ်ဘေးရှောင် အတွက် ဘီလီယံနဲ့ ချီ ဘတ်ဂျက်ဆွဲသတဲ့။ (သတင်းထဲ ကိုတင်ထွန်းနိုင် ဖြေတဲ့အတိုင်း ရေးပေးတာ) အဲဒါ ပေါ်လစီအမှားတွေ။

၃- အခုနောက်ဆုံး ကိုတင်ထွန်းနိုင်ဖြေတာ ဘဏ္ဍာငွေ သန်းတရာ ရပြီးပြီ။ နောက်နှစ် သန်း ၂၅၀ လိုတယ်။ (သေပျစီတော့ 🥴🥴) NUG ဘတ်ဂျက် တလ ကို ဆယ်သန်းလိုတယ်။ ကျပ်မဟုတ်ဘူးနော်။ အမေရိကန်ဒေါ်လာ။

၄- ကျွန်တော်ပြောချင်တာက အခု နှစ်နှစ်မှာ ရလာတဲ့ ဒေါ်လာ သန်းတရာသည် ပြည်သူက မှိုင်းမိ ဟန်းနီးမွန်းကာလ စိတ်ဓာတ် တက်ကြွနေတုန်းမှာ ရအောင် ဖျစ်ညှစ် ထည့်ကြတဲ့ အလှူငွေ ဖြစ်တယ်။ ကျနေတဲ့ စီးပွါးရေး၊ မြန်မာ ငွေတန်ဖိုး ဇောက်ထိုး ကျနေချိန်မှာ ဝါဒမှိုင်းတွေမိပြီးလှူကြတာ ဖြစ်တယ်။ ဆက်အလှူခံရင် တဝက်တောင် မလှူနိုင်တော့မယ့် အချိန်မှာ သန်း ၂၅၀ လိုသေးတယ် ထအော်တာ မလွန်လွန်းဘူးလား မေးရမယ်

၅- ရီးတော်လှန်ရေး အောင်ဖို့ လက်နက်၊ လက်နက်လို့ အော်နေပြီး MOD က ရတဲ့ ၄၄ သန်းထဲက ၆၂% ကိုပဲ လက်နက်နဲ့ စစ်ရေး စရိတ် အဖြစ်သုံးသတဲ့။ ၂၇ သန်းပဲ သုံးတာ။ အဲဒီ ၂၇ သန်းက စစ်တပ်ကိုတိုက်မနေဘဲ ပြည်သူကိုပဲဒုက္ခပေး သတ်ဖြတ်နေတဲ့ pdf တွေကို လက်နက်ဆင်ထားတာ။ သန်းတရာမှာ ၂၇ သန်းပဲ လက်နက်ဝယ်တယ်၊ ဝယ်တဲ့ ၂၇ သန်းဖိုးက တိုက်မနေဘူး။ တိုက်နေတယ် လာမလုပ်နဲ့နော်။ တပ်ဖြန့်ထားတယ်လို့ ဦးရည်မွန်ဖြေထားတာ

၆- NUG ဘာလုပ်နေလဲ မမေးနဲ့ဆိုပြီး မီးသင့်ပြည်သူတွေကို သိန်း ဘယ်နှစ်ရာ လှူတဲ့ သတင်း တင်ထားသူက ရှိသေး၊ မီးရှို့နေတဲ့ LPDF တွေ ကြားသွားရင် မီးပဲ ထိုင်ရှို့နေရင် NUG ဘတ်ဂျက်ပြုတ်ပြီ။ ငါလူလည်ကွ ဆိုတာမျိုး၊ ဝန်ကြီးဌာန တခု တလ ဘတ်ဂျက် သိန်းတရာနဲ့ ၁၇ ခု နှစ်နှစ်နီးပါးအတွက် ကန်ဒေါ်လာ တသန်းကျော် သုံးခဲ့ပြီး ဖြစ်တယ်။

၇- ပြောချင်တာက ဘာလဲ။

ဘာမှကို မပြောချင်တော့တာ🤭🤭

Credit - သက္ကမိုးညို