တပ်ကြပ်ကြီးဖိုးကွန်း
22.6K subscribers
10.3K photos
1.05K videos
673 links
Download Telegram
ဘယ်တုန်းကများ
အခုထက်သာတဲ့
အဆင့်မီပညာတွေ
သင်ခဲ့ရဖူးလို့
အခု
ကျွန်ပညာရေးတွေဘာတွေ
လှိမ့်အော်နေရတာတုန်း။
နစက က
ကျွန်ပညာရေးဖြစ်ဖို့
ဘယ်သင်ရိုးတွေ
ဖျက်ပစ်ထားလို့တုန်း။

ပညာဆိုတာ
ခံယူသူနဲ့လည်း
တဝက်ဆိုင်တာ မေ့နေကြတာလား။
နားမလည်တာလား။

ခေတ်အဆက်ဆက်
ခပ်ညံ့ညံ့လို့ ပြောလို့ရတဲ့
ပညာရေးကိုပဲ
အပတ်တကုတ် သင်ယူပြီး
ထူးချွန်ထက္မြက်လာကြသူတွေ
ရှိတာမဟုတ်လား။

ဘာမှကိုဘာ လာစရာမရှိတဲ့
တော်လှန်ရေးကြီးအတွက်
ကလေးတွေကပါ
သူတို့ဘဝတွေ
အနာဂတ်တွေကို
ထပ်စတေးပေးကြရမှာလား။
ပညာမသင်ရင်
ကလေးတွေဘဝမပျက်ဖို့
ဘာအာမခံပေးမှာတုန်း။

ငြိမ်းချမ်းရေးကို
အခြေမခံဘဲ
ဘယ်လိုဒီမိုကရေစီမျိုး
ဆောင္ကြဥ်းပေးကြမလို့လဲ။

ဘယ်တော့မှ
ကိုယ့်အမှားကိုယ်
မြင်ကြမှာတုန်း။
ပြင်ကြမှာတုန်း။

တွင်းတူးပြီး
တဆုံးမိုက် မလို့လား။
အဲသလိုမိုက်တာ
နိုင်ငံရေး တဲ့လား?

#nug
Forwarded from Ba Nyunt
This media is not supported in your browser
VIEW IN TELEGRAM
AACရဲမင်းအဖွဲ့
ဩဂုတ်၈၊၂၀၂၂။

အခုဆိုရင်တော့ဖြင့်ထိုင်းစက်ရုံအလုပ်သမားတွေဆီမှလစဥ္ဆက်ကြေးဖြတ်ယူနေကြတဲ့
NUGသူတောင်းစားအဖွဲ့ဘက်
တော်သားထိုင်းအခြေစိုက်AAC
ခွက်ခေါက်အဖွဲ့တွေအချင်း
ချင်း ဝေစုမတည့်လို့စမာန်ခုတ်နေတဲ့မြင်ကွင်းလေးကို ရှု့စားကြပါ

အရေးတော်ပုံ...ခွက်ခေါက်နေပြီ
အရေးတော်ပုံ...ခွက်ပျောက်နေပြီ
အရေးတော်ပုံ...စမာန်ခုတ်နေကြပြီ

#AAC #NUG
Truth Media
#Repost

ခုလိုကုန်ဈေးနှုန်းတွေ စံချိန်တင်အောင်တက်နေတာ နစက မှာ တာဝန်မရှိဘူးလားမေးရင် ...
ရှိတာပေါ့ဟ သူကအာဏာသုံးရပ်ကိုင်ထားတဲ့ အစိုးရပဲ။

ဒါပေမယ့် သူ့အပြစ်တွေချည်းပဲလားဆိုရင်တော့ 100% သူ့အပြစ်ချည်းမဟုတ်ပါလို့ ဖြေရမှာပဲ။ ပြည်သူတွေမှာလည်း အပြစ်မကင်းပါ။ ဒီနေရာမှာ ပြည်သူဆိုတာ နီပိန်းတွေကိုပိုရည်ညွှန်းချင်တာ ဟုတ်တယ်လေ နစက အနေနဲ့ကြည့်ရင် သူတို့ကိုလည်း ပြည်သူတွေလို့သတ်မှတ်ထားတာပဲ။ ပြည်သူ သုံးပုံပုံ နှစ်ပုံက နီပိန်းတွေပဲဆိုတာ ငြင်းမရဘူး ဒါ့ကြောင့်လည်း တိုင်းပြည်ပျက်နေတာ။

ပြောချင်တာက ပြည်သူတွေ မလိမ္မာလို့ ခုလိုအခြေအနေတွေဖြစ်နေတာ။ ပြည်သူတွေလိမ္မာရဲ့သားနဲ့ ဥပဒေလိုက်နာပြီး ငြိမ်ဝပ်ပိပြားရဲ့သားနဲ့ ဒီလိုအခြေအနေတွေဖြစ်တယ်ဆိုရင် နစက အပြစ်100%ပဲ။
ပြည်သူတွေကိုယ်တိုင်က အမဲဖျက်သလို ဒီနိုင်ငံကိုဝိုင်းဖျက်နေကြမှတော့ ဒီနိုင်ငံမပျက် ဘယ်နိုင်ငံပျက်တော့မှာတုန်းး

ဒီလိုတွေပျက်တော့ မင်းတို့မုန်းတဲ့ ကာချုပ်ကြီးလည်း အနေအစားမပျက်ဘူး အဘတို့လည်းအေးဆေးပဲ။ ထိတာက ပြည်သူတွေပဲ။ မင်းတို့နီပိန်းတွေကို အဘတို့က ပညာပြချင်လို့ နေပစေ ဒါတွေလုပ်ရင်ဒါမျိုးပြန်ရမယ်လို့ ပညာပေးနေလားမှမသိတာ။
ကြားထဲက အေးချမ်းစွာနေလိုတဲ့ ငါတို့လိုပြည်သူစစ်စစ်တွေကတော့ ကြားညပ်ပြီး ကံဆိုးသူမောင်ရှင်လေးတွေဖြစ်သွားတာပေါ့

စောက်ရှက်မရှိတဲ့ ခွေးနီပိန်းတွေက သူတို့အမေဖာစုကြည်ခေတ်ကကုန်ဈေးနှုန်းတွေနဲ့ အခုလက်ရှိနဲ့ ယှဉ်ပြနေကြသေးတာ စောက်ခွက်တွေပြောင်ကြတာ။
မင်းတို့ဖာစုကြည်ခေတ်က တိုင်းပြည်ဖျက်တွေမရှိဘူးလေ။ တကယ်နှိုင်းယှဉ်ရမှာက ဦးသိန်းစိန်ခေတ်ကကုန်ဈေးနှုန်းတွေနဲ့ယှဉ်ဆိုတော့ မယှဉ်ရဲကြဘူး။

အခုလိုကုန်ဈေးနှုန်းတွေအဆမတန်တက်ပြီး ပြည်သူတွေဒုက္ခရောက်နေတာကို #NUG က အပျော်ဆုံးပဲဆိုတာ ငါပြောရဲတယ်။ ဒါသူတို့ရဲ့ ပန်းတိုင်တစ်ခုပဲ။ တွေ့လား ငါတို့မအုပ်ချုပ်တော့ ခုလိုတွေဖြစ်နေတာဆိုတဲ့အတွေးကို ရိုက်ထည့်ချင်တာ။ အဲ့မှာတင် တိုင်းပြည်အပေါ်စေတနာမှန်လား မမှန်လား ထမင်းစားတဲ့သူတိုင်းတွေးတတ်တယ်။

တကယ်ဆုတောင်းပါတယ် မင်းတို့လိုနီပိန်းတွေနဲ့ ဘဝအဆက်ဆက်မဆုံရပါစေနဲ့လို့။
ယခုလိုအခြေအနေကိုလည်း နစက အစိုးရလူကြီးမင်းများ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ပါစေလို့သာ...
#TGN #TheingiNyunt
သက္ကမိုးညို မေးပြီ 🤭
-----------------
NUG ဘဏ္ဍာရေးကို ဆန်းစစ်ခြင်း

ရီးတော်လှန်ရေးမှာ ငွေအဓိက လို့ ဇောင်းပေးတွန်းတင်လာကြတဲ့နေရာမှာ ရတဲ့ငွေကို ထိရောက်စွာ သုံးမသုံးဟာလည်း အရေးကြီးပါတယ်။ ခက်တာက `တော်လှန်ရေး ကာလ ပြည်သူ သိစရာမလိုဘူး’ လုံးချတဲ့ အမွေတော့ ကောင်းကောင်းရကြလေတော့ ပြည်သူကို ဂျင်းထည့်မထည့် ခန့်မှန်းရခက်ပါတယ်။ အခု ရေးထားတဲ့ စာထဲက ဒေတာတွေသည် #NUG ဝန်ကြီးတွေ တရားဝင်ပြောထားတဲ့ ဒေတာ ဖြစ်ပြီးကျွန်တော်က ပြန်လည် ဆန်းစစ်တာပဲ ဖြစ်ပါတယ်

၁- NUG ရဲ့ ၂၀၂၂ ဇွန် ၂၁ သတင်းစာ ရှင်းပွဲမှာ ငွေတိုက် စာချုပ် ရောင်းရငွေ ၃၈ သန်း မင်းအောင်လှိုင် အိမ်ရောင်းရငွေ ၇သန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရပြီး ၉၅% ကို ကာကွယ်ရေး အတွက် သုံးထားတယ်ပြောပါတယ်။ ၄၂ သန်း ပေါ့။

ဒါပေမယ့် ငွေတိုက်စာချုပ်မရောင်းရခင်မှာ ၂၀၂၁ စက်တင်ဘာထဲမှာ ဒေါက်တာ တူးခေါင်က NUG CRPH ကို ပြည်သူတွေ လှူဒါန်းရရှိငွေ ၁၇ သန်းရှိတယ်။ လက်နက်ဝယ်ဖို့ သုံးတယ်လို့ ပြောထားပါတယ်။

စောစောက ၄၂ သန်းနဲ့ ၁၇ သန်းနဲ့ ပေါင်းရင် NUG ကာကွယ်ရေး ဝန်ကြီးဌာနဟာ ဘဏ္ဍာငွေ ၅၉ သန်း ရရှိ ပြီးခဲ့ပြီလို့ ထွက်ရပါမယ်။ (ငှက်ကင် ၂.၂ သန်း မပါသေး)

သို့သော် ၂၀၂၂ ဇူလိုင်မှာ ထုတ်ပြန်တဲ့ MOD ရဲ့ ရှင်းတမ်းမှာ ၂၀၂၂ မေလအထိ ဘတ်ဂျက်ငွေ ၄၄ သန်းကျော် ရရှိခဲ့တယ် ဆိုပါတယ်။ ဒီတော့ ၁၅ သန်း ပျောက်နေတယ်။ ဒါကို ပြည်သူ နားလည်အောင် ရှင်းပြဖို့ လိုပါမယ်။ ပြည်သူ့ငွေ တကျပ်တပြားတောင် အလဟဿ မဖြစ်စေရဘူးလို့ ကိုနေဘုန်းလတ်က ဆိုတာကိုး

၂- နောက်တခု၊ ဘတ်ဂျက်ပိုင်းဆိုင်ရာမှာ ပြည်သူကို အမှားတွေ မက်ဆေ့ချ်ပေးခဲ့တာ။ NUG ဘတ်ဂျက် ကန်ဒေါ်လာ သန်း ၈၀၀ မကြာခင်ရမယ်။ #CDM တွေကို လစာပေးမယ်၊ စစ်ဘေးရှောင်တွေ ကူမယ် ဆိုပြီး အားရပါးရ ဘတ်ဂျက်တင်ကြတယ်။ အမယ်၊ ဆရာဇော်ဝေစိုးတို့က ပြည်သူကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ဒေါ်လာ သန်း ၆၀၀ ဘတ်ဂျက်ဆွဲသတဲ့။ ဆရာ ဝင်းမြတ်အေးကလည်း စစ်ဘေးရှောင် အတွက် ဘီလီယံနဲ့ ချီ ဘတ်ဂျက်ဆွဲသတဲ့။ (သတင်းထဲ ကိုတင်ထွန်းနိုင် ဖြေတဲ့အတိုင်း ရေးပေးတာ) အဲဒါ ပေါ်လစီအမှားတွေ။

၃- အခုနောက်ဆုံး ကိုတင်ထွန်းနိုင်ဖြေတာ ဘဏ္ဍာငွေ သန်းတရာ ရပြီးပြီ။ နောက်နှစ် သန်း ၂၅၀ လိုတယ်။ (သေပျစီတော့ 🥴🥴) NUG ဘတ်ဂျက် တလ ကို ဆယ်သန်းလိုတယ်။ ကျပ်မဟုတ်ဘူးနော်။ အမေရိကန်ဒေါ်လာ။

၄- ကျွန်တော်ပြောချင်တာက အခု နှစ်နှစ်မှာ ရလာတဲ့ ဒေါ်လာ သန်းတရာသည် ပြည်သူက မှိုင်းမိ ဟန်းနီးမွန်းကာလ စိတ်ဓာတ် တက်ကြွနေတုန်းမှာ ရအောင် ဖျစ်ညှစ် ထည့်ကြတဲ့ အလှူငွေ ဖြစ်တယ်။ ကျနေတဲ့ စီးပွါးရေး၊ မြန်မာ ငွေတန်ဖိုး ဇောက်ထိုး ကျနေချိန်မှာ ဝါဒမှိုင်းတွေမိပြီးလှူကြတာ ဖြစ်တယ်။ ဆက်အလှူခံရင် တဝက်တောင် မလှူနိုင်တော့မယ့် အချိန်မှာ သန်း ၂၅၀ လိုသေးတယ် ထအော်တာ မလွန်လွန်းဘူးလား မေးရမယ်

၅- ရီးတော်လှန်ရေး အောင်ဖို့ လက်နက်၊ လက်နက်လို့ အော်နေပြီး MOD က ရတဲ့ ၄၄ သန်းထဲက ၆၂% ကိုပဲ လက်နက်နဲ့ စစ်ရေး စရိတ် အဖြစ်သုံးသတဲ့။ ၂၇ သန်းပဲ သုံးတာ။ အဲဒီ ၂၇ သန်းက စစ်တပ်ကိုတိုက်မနေဘဲ ပြည်သူကိုပဲဒုက္ခပေး သတ်ဖြတ်နေတဲ့ pdf တွေကို လက်နက်ဆင်ထားတာ။ သန်းတရာမှာ ၂၇ သန်းပဲ လက်နက်ဝယ်တယ်၊ ဝယ်တဲ့ ၂၇ သန်းဖိုးက တိုက်မနေဘူး။ တိုက်နေတယ် လာမလုပ်နဲ့နော်။ တပ်ဖြန့်ထားတယ်လို့ ဦးရည်မွန်ဖြေထားတာ

၆- NUG ဘာလုပ်နေလဲ မမေးနဲ့ဆိုပြီး မီးသင့်ပြည်သူတွေကို သိန်း ဘယ်နှစ်ရာ လှူတဲ့ သတင်း တင်ထားသူက ရှိသေး၊ မီးရှို့နေတဲ့ LPDF တွေ ကြားသွားရင် မီးပဲ ထိုင်ရှို့နေရင် NUG ဘတ်ဂျက်ပြုတ်ပြီ။ ငါလူလည်ကွ ဆိုတာမျိုး၊ ဝန်ကြီးဌာန တခု တလ ဘတ်ဂျက် သိန်းတရာနဲ့ ၁၇ ခု နှစ်နှစ်နီးပါးအတွက် ကန်ဒေါ်လာ တသန်းကျော် သုံးခဲ့ပြီး ဖြစ်တယ်။

၇- ပြောချင်တာက ဘာလဲ။

ဘာမှကို မပြောချင်တော့တာ🤭🤭

Credit - သက္ကမိုးညို
Forwarded from Kyaw Win Maung  (ပူတူး မ)
ရန်ကုန်မြို့ မြောက်ဒဂုံမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အရာရှိဟောင်းတစ်ဦး ပစ်သတ်ခံလိုက်ရ

မြောက်ဒဂုံမြို့နယ်၊ ၄၀ ရပ်ကွက်မှာ နေထိုင်တဲ့ အငြိမ်းစားအရာရှိဟောင်း ဦးရွှေဝင်းဟာ ၄၀ ရပ်ကွက်က ဈေးအတွင်းမှာ ဒီနေ့မနက် ၇ နာရီခန့်က ပစ်ခတ်ခံလိုက်ရတာပါ။
ပစ်ခတ်ခံရမှုကြောင့် ဦးရွှေဝင်းဟာ နဖူးမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိသွားပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးရွှေဝင်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းစစ်ဌာနက အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ပြီး စစ်တပ်က အငြိမ်းစားလေတပ်ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကို #NUG လက်အောက်ခံ ရန်ကုန်မြို့ပြ ပြောက်ကြား အကြမ်းဖက် အထူးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ကောလင်းမြို့သိမ်းထားသည့် KIA နှင့် PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်

KIA နှင့် PDF များ ဆုတ်ခွာချိန် မိုင်းထောင်သွား၍ မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေ

MT News
၁၀. ၂. ၂၀၂၄

ကောလင်းမြို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည့် KIA နှင့် NUG ဩဇာခံ PDF များအား တိုက်ခိုက်ချေမှုန်း၍ ကောလင်းမြို့ကို နိုင်ငံတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုသတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA နှင့် PDF များက အင်အားအလုံးအရင်းဖြင့်ဝင်ရောက်၍ မြို့လုံခြုံရေး ထုတ်နှုတ်အဖွဲ့နှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း၊ နေရပ်စွန့်ခွာသူ ဒေသခံများ၏နေအိမ်များသို့ ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့....

သတင်းအပြည့်အစုံဖတ်ရှုရန်

https://www.mtnewstoday.com/?p=52534

#ကောလင်း #KIA #PDF #NUG #ပွင့်လင်းမြန်မာ #mtnews #myanmar_transparency_news