တပ်ကြပ်ကြီးဖိုးကွန်း
22.4K subscribers
10.3K photos
1.05K videos
678 links
Download Telegram
Forwarded from Nay Zin Latt We Love (sansan htay)
.
#သမ္မတဟောင်းထရမ့်အိမ်ကို_ FBI တွေဝင်စီး

ရီပါတ်ဘလစ်ကင် သမ္မတဟောင်း
ဒေါ်နယ်လ်ထရမ့်ရဲ့ Palm beach မှာရှိတဲ့
သူ့အိမ်ကို FBI ကဝင်ရောက်စီးနင်းခဲ့တယ်၊

" တကယ့်အမှောင်ခေတ်ပဲဗျ
ဘာကြောင့်ဆိုတာတော့ မသိသေးဘူး "

ဒီမိုကရက်တွေဆိုတာ
ပါးစပ်က ဘုရား... ဘုရားနဲ့
လက်တွေ့မှာ ကားယား.. ကားယား သမားတွေပါ
ဒီမိုကရေစီနဲ့ လစ်ဘရယ်ကို ပါးစပ်က
မချတမ်းပြောပြီး ကောက်ကျစ်ယုတ်မာကြသူတွေလို့
ပြောရင် မလွန်ပါဘူး၊

အမေရိကန် သမိုင်းကိုလေ့လာရင်
ရှေ့ပိုင်း အမေရိကန်ခေါင်းဆောင်တွေကသာ
အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို
တကယ်ဖေါ်ဆောင်ခဲ့ကြပြီး
နောက်ပိုင်းခေါင်းဆောင်တွေက
ကိုယ်ကျိုးစီးပွား အတ္တကြီးသူတွေဆိုတာ
ကိယ်ကျယ်ပြန့်ပြန့်လေ့လာရင်
တွေ့နိုင်ကြပါတယ်၊

ရီပါတ်ဘလစ်ကင်ထက် ဒီမိုကရက်တွေက
ပိုယုတ်မာ ကောက်ကျစ်ကြတာကို
တွေ့ရပါလိမ့်မယ်၊

ခပ်အေးအေးလေးနဲ့ ကောက်ကျစ်တဲ့
ဘားရက်အိုဘားမား
ခပ်စွာစွာနဲ့ ယုတ်မာကောက်ကျစ်တဲ့
ဟီလာရီကလင်တန်တို့ဟာ ဒီမိုကရက်တွေပါ။

#NayZinLatt ( 9.8.22 ) 😤
Forwarded from 𝗠𝗶𝗻 𝗗𝗶𝗻 🇲🇲
PDF ဆိုတာသူခိုး ဓားပြထက် ဆိုးတဲ့သူတွေဆိုတာကို နောက်မျိုးဆက်တွေ သိဖို မှတ်တမ်းလေးတွေ ထားဖို လိုအပ်ပါလိမ့်မယ်...သူတိုရဲ့တော်လှန်ရေးက တိုင်းပြည်ကို ဖျက်ဆီးဖိုဆိုတာ ဒီအရာတွေကသက်သေပါပဲ....
Forwarded from Nay Zin Latt We Love (sansan htay)
.
#တိုက်ဆိုင်မှုလို့ပဲ_သဘောထားရမှာလား ?

အိမ်ဖြူတော်အနား မိုးကြိုးပစ်တယ်
မကြာပါဘူး
ထရမ့်အိမ်ကို FBI တွေဝင်စီးပါလေရော
စာရွက်စာတမ်းတွေ ပုံမှာမြင်တဲ့အတုင်း
သိမ်းသွားလိုက်တာ မနည်းဘူး၊

FBI ဒုတိယအကြီးအကဲဟောင်းက
သမ္မတဟောင်းတဦးရဲ့နေအိမ်ကို
ဒါမျိုးဝင်စီးတာ အစဉ်အလာမရှိခဲ့ဖူးဘူး
သူသာ FBI အကြီးအကဲဆိုရင်
ခွင့်ပြုမှာ မဟုတ်ဘူး လို့ပြောတယ်၊

Buck Sexton က -
" ဒါဟာ လက်ဦးမှုရယူပြီး
အာဏာသိမ်းတာ "
... လို့ ပြောပြန်တယ်၊

အစဉ်အလာမရှိခဲ့တာတော့အမှန်ပဲ
အမေရိကန်လိုနိုင်ငံမျိုးမှာတောင်
အာဏာမဲ့ရင် မရေရာတော့ဘူးဆိုတဲ့
အသိဝင်သွားခဲ့ကြရင်...

ဘာတွေဆက်ဖြစ်လာကြပါမလဲ ?

#BaMaung ( 9.8.22 ) 😅
အိပ်ခါနီးတိုင်း
အာရုံလေးမျိုးကို ရအောင်ယူပါ
---------------------
ဒါနအာရုံ၊
သီလအာရုံ၊
သမထအာရုံ၊
ဝိပဿနာကုသိုလ်အာရုံတို့ကို ကြိုးစား၍ ရယူထားပါ။

၁။အလွယ်ကူဆုံးဖြစ်သော ဒါနကုသိုလ်
(ညအိပ်ရာမဝင်မီသောက်တော်ရေလှူပါ။)

၂။သီလကုသိုလ်
(ညအိပ်ရာမဝင်မီ ငါးပါးသီလခံယူပါ။)

၃။သမထကုသိုလ်
(ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားဂုဏ်တော်တစ်ခုခုကို ပွားပါ။သတ္တဝါများအား မေတ္တာပို့ပါ။)

၄။ဝိပဿနာကုသိုလ်
(ဝိပဿနာရှုမှတ်ရင်း အိပ်ပျော်သွားသည်အထိ၊ဝင်လေထွက်လေ ရှုမှတ်၍ အိပ်ပျာ်ပါစေ။)

ထိုသို့ ညအိပ်ရာဝင်တိုင်းကုသိုလ်လေးမျိုးကောင်းမှုကုသိုလ်များကြောင့်ကောင်းရာသုဂတိဘုံသို့ရောက်နိုင်မည်ဖြစ်ပေသည်။
မေတ္တာမပါရင်
ဘ၀က အနေခက်ပါတယ် ။

ကုသိုလ်မပါရင်
ဘ၀က အသေခက်ပါတယ် ။

​ပေးကမ်းမှုမပါရင်
အ​ခြံရံပရိသတ် ရှားပါတယ် ။

သည်းခံမှုမပါရင်
ကုသိုလ်အရည်သွေးကျပါတယ် ။

ယုံကြည်ခွင့်လွတ်ခြင်းမပါရင်
သံသယစိတ်တွေ ၀င်လာပါတယ် ။

ဝမ်း​မြှောက်မှုမပါရင်
မနာလိုစိတ်​တွေ ရှိလာပါတယ် ။

အ​ကောင်းမြင်မှု မပါရင်
စိတ်ဖြူစင်ဖို့ အားနည်းပါတယ် ။

💚🙏🙏🙏 သာရ ဂ ​ဝေ သီ🙏🙏🙏💚

#မေတ္တာဖြင့်ထပ်ဆင့်ဖော်ပြအပ်ပါသည်။

#မိတ်ဆွေများအားလုံးအန္တရာယ်ကင်းရန်စွယ်ရှင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။
Forwarded from Han Nyein Oo
စစ်ကိုင်းတိုင်းဒေသကြီး
ရဲတပ်ဖွဲ့နှင် တပ်ဖွဲ့ဝင် မိသားစုများအတွက်
ဆန် ဆီ ငါးခြောက် ခေါက်ဆွဲခြောက်ထုပ်များ
ထောက်ပံ့
Forwarded from Nay Zin Latt We Love (sansan htay)
.
#ဘိုးဘွားရိပ်သာရောက်သွားတဲ့
#အမေရိကန်ဒီမိုကရေစီ

မြန်မာ့ဒီမိုကရေစီ
အပျို မဖြစ်ခင်မှာ
မုဒိန်းအကျင့်ခံလိုက်ရတယ်လို့
ရေးဘူးခဲ့တယ်၊
ဒိထက် မကဘူး...
သန္ဓေသားပါ ကိုယ့်လက်နဲ့ကိုယ်
ထပ်ပြီးအဖျက်ချခံလိုက်ရတာ၊

အားလုံးက
ဒီမိုကရေစီဆိုတာ
လူများရာနဲ့ မဲခွဲပြီး
အနိုင်ကျင့်တဲ့ဟာလားလို့
အသိတွေဝင်သွားခဲ့ကြပြီ။

..........

ဒီမိုကရေစီနဲ့ လစ်ဘရယ်လို့ပြောရင်
ဗြိတိန်နဲ့ အမေရိကန်ကို
ပြေးမြင်လေ့ရှိကြတယ်၊

မနေ့က ထရမ့်အိမ်ကို FBI က
ဝင်စီးသွားတာ... ကမ္ဘာမှာ
အတော့်ကို ဂယက်ထသွားခဲ့ကြတယ်၊

" အစဉ်အလာမရှိခဲ့ဖူး ဘူး၊
ကျွန်တော်သာ FBI အကြီးအကဲဆိုရင်
ဒီလိုဖြစ်ခွင့်မျိုး ပေးမှာ မဟုတ်ဘူး"
.... လို့၊
FBI ဒုတိယ အကြီးအကဲဟောင်းရဲ့
ဝေဖန်သံလဲကြားလိုက်ရတယ်၊

" ဒါဟာ.... လက်ဦးမှုရယူပြီး
2024 ရွေးကောက်ပွဲအတွက်
ကြိုတင်အာဏာသိမ်းလိုက်တာ "
.... စသဖြင့်
ပေါက်ကွဲမှုတွေကိုလဲ တွေ့လိုက်ရတယ်၊

..........

အမေရိကန်မှာ
သမ္မတဖြစ်ဖို့မလွယ်ဘူး၊
ဖြစ်လာတဲ့ သမ္မတတိုင်းဟာလဲ
အရှိန်အဝါ အလွန်ကြီးကြပြီး
သမ္မတဟောင်းတွေဆိုတာလဲ
ဖူးဖူးမှုတ်ခံထားကြရသူတွေပဲ၊

လက်ရှိသမ္မတလောက်သာ
အာဏာမရှိကြပေမဲ့ ဩဇာကြီးကြတယ်
ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တွေဖြစ်ကြပြီး
လုံခြုံရေး အစောင့်အရှောက်မှာ
သမ္မတနီးနီးရကြသူတွေ၊
AirForce One နဲ့ The Beast ဆိုတဲ့
ကားကိုသာစီးခွင့်မရကြပေမဲ့
တခြားနိုင်ငံတွေလို၊ တာဝန်ပြီးတာနဲ့
ပစ်ထားခြင်း မခံကြရသူတွေ၊
President Club member တွေ၊

အမှားတချို့ရှိရင်တောင်
အစဉ်အလာပျက်မှာစိုးလို့
အောက်ဖဲ လှန်လေ့လှန်ထမရှိတော့ဘူး၊

..........

တသက်လုံး
နှစ်ပေါင်း (၂၄၀) ကျော် ထိမ်းခဲ့တဲ့
အစဉ်အလာဟာ၊ ဘိုင်ဒင့်လက်ထက်မှာ
ပျက်စီးသွားခဲ့ပြီ၊
ယဉ်ယဉ်လေးသုံးရရင်
The Wild Democracy လို့သုံးရမလား ?

စဉ်းစားကြည့်တာပါ
Trump က စာရွက်စာတမ်းတွေ
ယူသွားတယ်ဆိုရင်တောင်
ဘိုင်ဒင်တက်ပြီး (၆) လအတွင်း
ရှာဖွေတာမျိုး ဖြစ်သင့်တယ်၊
အခုကျမှ ထလုပ်တယ်ဆိုတော့
ဒီမိုကရက်တွေ လုပ်မှားကိုင်မှား
အလွန်ကြီးပြီး၊ ထောက်ခံမှုတွေ
နိမ့်ကျသွားလို့... 2024 မှာ
ရီပါတ်ဘလစ်ကင်ကို အာဏာ
လွှဲပေးရမှာစိုးလို့ ထရမ့်ကိုကြိုတင်
နိုင်ငံရေးအရ အသေသတ်တာမျိုး
ဖြစ်မနေဘူးလား ?

သေခြာတယ်
ထရမ့်အနေနဲ့ တကြော့ပြန်လာမှာကို
အကြောက်လွန်နေကြတယ်၊
အမေရိကန်က ဒီမိုကရက်တွေတင်
ကြောက်နေကြတယ်လို့ ထင်ပါသလား ?

ကြောက်စရာနောက်တခုက...
နိုင်ငံတခု ကျဖို့ဖြစ်လာရင်
စီးပွားရေးသက်သက်သာမက
နိုင်ငံရေးစနစ်တခုပါ
လိုက်ပါ ပျက်စီးတတ်တာပဲ။

မြန်မာ့ ဒီမိုကရေစီ
သားလျောပျက်ကျသွားသလိုပဲ
အမေရိကန် ဒီမိုကရေစီလဲ
ဘိုးဘွားရိပ်သာကို ရောက်သွားခဲ့ပြီ။

#NayZinLatt ( 10.8.22 ) 🍀
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗီဇာစည်းကမ်း သတ်မှတ်ချက် များနဲ့ ကိုက်ညီသူများအား ကမ္ဘာလှည့်ဗီဇာ နေထိုင်ခွင့် သက်တမ်းအနေနဲ့ ( ၂၈ ) ရက် ခွင့်ပြုသွားမည်။
Forwarded from Nay Zin Latt We Love (sansan htay)
.
#မောဟ Ignorance

အမှား-အမှန်ကိုမသိခြင်း
အမှောင်ဖုံးခြင်း
ပညာမဖြစ်ခြင်း
.... စသည်အားဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊

( Ignorance, Darkness,
Bewilderment, Mental incapacity
စသည်ဖြင့် ကိုယ်စားပြုရေးလေ့ရှိတယ် )

ဟိတ် (၃) မျိုးဖြစ်တဲ့
- လောဘ
- ဒေါသ
- မောဟ မှာ

မောဟက ကြောက်စရာအကောင်းဆုံးပါ

ဗုဒ္ဓက -
သစ်ပင်ရယ်လို့ဖြစ်လာရင်
ပင်စည်၊ အမြစ်၊ အကိုင်းအခက်
စတာတွေပါဝင်ဖွဲ့စည်းထားသလိုပဲ....

ခန္ဓာရလာကြတဲ့လူတွေမှာလဲ
လောဘ၊ ဒေါသ၊ မောဟ တွေနဲ့
ဖွဲ့စည်းထားကြတယ်၊
လောဘ၊ ဒေါသနဲ့မောဟကို
အပြစ်လို့မမြင်ပဲ ... အဲ့ဒီ ဟိတ် (၃) ပါးကို
အဒေါသ၊ အလောဘ၊ အမောဟ
ဖြစ်စေအောင်.. သတိဆိုတဲ့ ပညာနဲ့
ဖယ်ရှားနိုင်ဖို့ကသာ အဓိကဖြစ်ကြောင်း
ဟောကြားထားပါတယ်၊

"အဟိတ်" ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ အားကြီးသူ
" ဒွိဟိတ်" ဆိုတာ လောဘနဲ့ဒေါသကို
ထိမ်းသိမ်းနိုင်သူ၊
" တိဟိတ်" ဆိုတာ (၃) မျိုးလုံးကို
ဆင်ခြင်နိုင်သူဖြစ်လို့...
" တိဟိတ်" ဖြစ်ကာမှ
ဒီဘဝ လူဖြစ်ကျိုးနပ်ကြမှာပါ၊

အနာဂါမ်မဖြစ်သေးသရွေ့
လောဘ၊ ဒေါသ၊ မောဟတွေ
ရှိနေကြသေးပေမဲ့...
ဖြစ်​ကြောမရှည်၊ ရှိကြောမရှည်ကြဖို့က
အဓိက လူတွေအကြားကွာခြားချက်
ဖြစ်လာပါတယ်၊

...........

ကောင်းတဲ့ ဟိတ် (၃) ပါးဖြစ်ဖို့
ကလျာဏ ပုထုဇဉ်ဖြစ်ဖို့လိုတယ်
အန္ဓပုထုဇဉ် ( ဆင်ခြင်ပညာပါမလာခြင်း )
ဖြစ်လို့ကတော့...
တိရစ္ဆာန်နဲ့မခြား၊ ဆက်လက်မိုက်မဲနေမှာမို့
နောက်ဘဝတွေ မကောင်းမှာသေခြာလှတယ်၊

#မောဟကိုထပ်ခွဲလိုက်ရင်

၁။ #ကမ္မသမ္မောဟ
ကံ /ကံ၏အကျိုးကို မသိခြင်း။

၂။ #နာမရူပသမ္မောဟ
နာမ်/ ရုပ်ဖြစ်ပျက်ကို မသိခြင်း။

၃။ #ပစ္စယသမ္မောဟ
အကြောင်းကို မသိခြင်း။

၄။ #လက္ခဏသမ္မောဟ
အနိစ္စ ဒုက္ခ အနတ္တ ကိုမသိခြင်း။

၅။ #နိဗ္ဗာနသမ္မောဟ
နိဗ္ဗာန်ကိုမသိခြင်း။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ
ဘယ်လောက်အထိမြင့်မားတယ်ဆိုတာ
ဒိလောက်လေးလောက်နဲ့တင်
တုနှိုင်းမမီတာကိုတွေ့နိုင်ပါလိမ့်မယ်၊

မောဟ (၅) မျိုးထဲမှာ
အခြေခံအကျဆုံးက
" အကြောင်းကို မသိခြင်း" ဆိုတဲ့
#ပစ္စယသမ္မောဟ ဖြစ်လာပြန်ပါတယ်၊

အကြောင်းကြောင့် အကျိုးတရား
ဖြစ်လာရတာတွေ၊ အကြောင်းကို
မဖြတ်နိုင်သေးသရွေ့ အကျိုးတရားတွေ
ဆက်ရှိနေဦးမှာ ဆိုတဲ့ လောကနိယာမနဲ့
ဓမ္မနိယာမ ကို မမြင်နိုင်သမျှ
ခန္ဓာတွေ အဖန်တလဲလဲ ရနေကြပြီး
လောကဓံ (၈) ပါးကို ဆူကြုံနိမ့်မြင့်
တလှည့်စီ ခံစားနေကြရဦးမှာပဲ ဖြစ်ပါတယ်။

#NayZinLatt ( 10.8.22 ) 🌿
Forwarded from Fossil News
တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းအနီးပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နေခြင်းသည်-

အမေရိကန်ကို သတိပေးတာဖြစ်ပြီး ခွဲထွက်ရေးသမားများကိုသင်ခန်းစာပေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူပြောကြား။
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
ဆရာတော် ဦးဝါသဝ ၅၅၀ ဆရာတော် ဦးဆောင်သော

ကန့်ဘလူမြို့နယ် ကြိုကြာအုပ်စု ထန်းတောကျေးရွာ ပြည်သူ့စစ်သင်တန်းဆင်းပွဲ အမှတ်တရ မှတ်တမ်းပုံရိပ် 10.8.2022