တပ်ကြပ်ကြီးဖိုးကွန်း
22.5K subscribers
10.3K photos
1.05K videos
673 links
Download Telegram
မေတ္တာမပါရင်
ဘ၀က အနေခက်ပါတယ် ။

ကုသိုလ်မပါရင်
ဘ၀က အသေခက်ပါတယ် ။

​ပေးကမ်းမှုမပါရင်
အ​ခြံရံပရိသတ် ရှားပါတယ် ။

သည်းခံမှုမပါရင်
ကုသိုလ်အရည်သွေးကျပါတယ် ။

ယုံကြည်ခွင့်လွတ်ခြင်းမပါရင်
သံသယစိတ်တွေ ၀င်လာပါတယ် ။

ဝမ်း​မြှောက်မှုမပါရင်
မနာလိုစိတ်​တွေ ရှိလာပါတယ် ။

အ​ကောင်းမြင်မှု မပါရင်
စိတ်ဖြူစင်ဖို့ အားနည်းပါတယ် ။

💚🙏🙏🙏 သာရ ဂ ​ဝေ သီ🙏🙏🙏💚

#မေတ္တာဖြင့်ထပ်ဆင့်ဖော်ပြအပ်ပါသည်။

#မိတ်ဆွေများအားလုံးအန္တရာယ်ကင်းရန်စွယ်ရှင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။
Forwarded from Han Nyein Oo
စစ်ကိုင်းတိုင်းဒေသကြီး
ရဲတပ်ဖွဲ့နှင် တပ်ဖွဲ့ဝင် မိသားစုများအတွက်
ဆန် ဆီ ငါးခြောက် ခေါက်ဆွဲခြောက်ထုပ်များ
ထောက်ပံ့
Forwarded from Nay Zin Latt We Love (sansan htay)
.
#ဘိုးဘွားရိပ်သာရောက်သွားတဲ့
#အမေရိကန်ဒီမိုကရေစီ

မြန်မာ့ဒီမိုကရေစီ
အပျို မဖြစ်ခင်မှာ
မုဒိန်းအကျင့်ခံလိုက်ရတယ်လို့
ရေးဘူးခဲ့တယ်၊
ဒိထက် မကဘူး...
သန္ဓေသားပါ ကိုယ့်လက်နဲ့ကိုယ်
ထပ်ပြီးအဖျက်ချခံလိုက်ရတာ၊

အားလုံးက
ဒီမိုကရေစီဆိုတာ
လူများရာနဲ့ မဲခွဲပြီး
အနိုင်ကျင့်တဲ့ဟာလားလို့
အသိတွေဝင်သွားခဲ့ကြပြီ။

..........

ဒီမိုကရေစီနဲ့ လစ်ဘရယ်လို့ပြောရင်
ဗြိတိန်နဲ့ အမေရိကန်ကို
ပြေးမြင်လေ့ရှိကြတယ်၊

မနေ့က ထရမ့်အိမ်ကို FBI က
ဝင်စီးသွားတာ... ကမ္ဘာမှာ
အတော့်ကို ဂယက်ထသွားခဲ့ကြတယ်၊

" အစဉ်အလာမရှိခဲ့ဖူး ဘူး၊
ကျွန်တော်သာ FBI အကြီးအကဲဆိုရင်
ဒီလိုဖြစ်ခွင့်မျိုး ပေးမှာ မဟုတ်ဘူး"
.... လို့၊
FBI ဒုတိယ အကြီးအကဲဟောင်းရဲ့
ဝေဖန်သံလဲကြားလိုက်ရတယ်၊

" ဒါဟာ.... လက်ဦးမှုရယူပြီး
2024 ရွေးကောက်ပွဲအတွက်
ကြိုတင်အာဏာသိမ်းလိုက်တာ "
.... စသဖြင့်
ပေါက်ကွဲမှုတွေကိုလဲ တွေ့လိုက်ရတယ်၊

..........

အမေရိကန်မှာ
သမ္မတဖြစ်ဖို့မလွယ်ဘူး၊
ဖြစ်လာတဲ့ သမ္မတတိုင်းဟာလဲ
အရှိန်အဝါ အလွန်ကြီးကြပြီး
သမ္မတဟောင်းတွေဆိုတာလဲ
ဖူးဖူးမှုတ်ခံထားကြရသူတွေပဲ၊

လက်ရှိသမ္မတလောက်သာ
အာဏာမရှိကြပေမဲ့ ဩဇာကြီးကြတယ်
ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်တွေဖြစ်ကြပြီး
လုံခြုံရေး အစောင့်အရှောက်မှာ
သမ္မတနီးနီးရကြသူတွေ၊
AirForce One နဲ့ The Beast ဆိုတဲ့
ကားကိုသာစီးခွင့်မရကြပေမဲ့
တခြားနိုင်ငံတွေလို၊ တာဝန်ပြီးတာနဲ့
ပစ်ထားခြင်း မခံကြရသူတွေ၊
President Club member တွေ၊

အမှားတချို့ရှိရင်တောင်
အစဉ်အလာပျက်မှာစိုးလို့
အောက်ဖဲ လှန်လေ့လှန်ထမရှိတော့ဘူး၊

..........

တသက်လုံး
နှစ်ပေါင်း (၂၄၀) ကျော် ထိမ်းခဲ့တဲ့
အစဉ်အလာဟာ၊ ဘိုင်ဒင့်လက်ထက်မှာ
ပျက်စီးသွားခဲ့ပြီ၊
ယဉ်ယဉ်လေးသုံးရရင်
The Wild Democracy လို့သုံးရမလား ?

စဉ်းစားကြည့်တာပါ
Trump က စာရွက်စာတမ်းတွေ
ယူသွားတယ်ဆိုရင်တောင်
ဘိုင်ဒင်တက်ပြီး (၆) လအတွင်း
ရှာဖွေတာမျိုး ဖြစ်သင့်တယ်၊
အခုကျမှ ထလုပ်တယ်ဆိုတော့
ဒီမိုကရက်တွေ လုပ်မှားကိုင်မှား
အလွန်ကြီးပြီး၊ ထောက်ခံမှုတွေ
နိမ့်ကျသွားလို့... 2024 မှာ
ရီပါတ်ဘလစ်ကင်ကို အာဏာ
လွှဲပေးရမှာစိုးလို့ ထရမ့်ကိုကြိုတင်
နိုင်ငံရေးအရ အသေသတ်တာမျိုး
ဖြစ်မနေဘူးလား ?

သေခြာတယ်
ထရမ့်အနေနဲ့ တကြော့ပြန်လာမှာကို
အကြောက်လွန်နေကြတယ်၊
အမေရိကန်က ဒီမိုကရက်တွေတင်
ကြောက်နေကြတယ်လို့ ထင်ပါသလား ?

ကြောက်စရာနောက်တခုက...
နိုင်ငံတခု ကျဖို့ဖြစ်လာရင်
စီးပွားရေးသက်သက်သာမက
နိုင်ငံရေးစနစ်တခုပါ
လိုက်ပါ ပျက်စီးတတ်တာပဲ။

မြန်မာ့ ဒီမိုကရေစီ
သားလျောပျက်ကျသွားသလိုပဲ
အမေရိကန် ဒီမိုကရေစီလဲ
ဘိုးဘွားရိပ်သာကို ရောက်သွားခဲ့ပြီ။

#NayZinLatt ( 10.8.22 ) 🍀
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဗီဇာစည်းကမ်း သတ်မှတ်ချက် များနဲ့ ကိုက်ညီသူများအား ကမ္ဘာလှည့်ဗီဇာ နေထိုင်ခွင့် သက်တမ်းအနေနဲ့ ( ၂၈ ) ရက် ခွင့်ပြုသွားမည်။
Forwarded from Nay Zin Latt We Love (sansan htay)
.
#မောဟ Ignorance

အမှား-အမှန်ကိုမသိခြင်း
အမှောင်ဖုံးခြင်း
ပညာမဖြစ်ခြင်း
.... စသည်အားဖြင့်
အဓိပ္ပါယ်ဖွင့်ဆိုကြတယ်၊

( Ignorance, Darkness,
Bewilderment, Mental incapacity
စသည်ဖြင့် ကိုယ်စားပြုရေးလေ့ရှိတယ် )

ဟိတ် (၃) မျိုးဖြစ်တဲ့
- လောဘ
- ဒေါသ
- မောဟ မှာ

မောဟက ကြောက်စရာအကောင်းဆုံးပါ

ဗုဒ္ဓက -
သစ်ပင်ရယ်လို့ဖြစ်လာရင်
ပင်စည်၊ အမြစ်၊ အကိုင်းအခက်
စတာတွေပါဝင်ဖွဲ့စည်းထားသလိုပဲ....

ခန္ဓာရလာကြတဲ့လူတွေမှာလဲ
လောဘ၊ ဒေါသ၊ မောဟ တွေနဲ့
ဖွဲ့စည်းထားကြတယ်၊
လောဘ၊ ဒေါသနဲ့မောဟကို
အပြစ်လို့မမြင်ပဲ ... အဲ့ဒီ ဟိတ် (၃) ပါးကို
အဒေါသ၊ အလောဘ၊ အမောဟ
ဖြစ်စေအောင်.. သတိဆိုတဲ့ ပညာနဲ့
ဖယ်ရှားနိုင်ဖို့ကသာ အဓိကဖြစ်ကြောင်း
ဟောကြားထားပါတယ်၊

"အဟိတ်" ဆိုတာ
လောဘ၊ ဒေါသ၊ မောဟ အားကြီးသူ
" ဒွိဟိတ်" ဆိုတာ လောဘနဲ့ဒေါသကို
ထိမ်းသိမ်းနိုင်သူ၊
" တိဟိတ်" ဆိုတာ (၃) မျိုးလုံးကို
ဆင်ခြင်နိုင်သူဖြစ်လို့...
" တိဟိတ်" ဖြစ်ကာမှ
ဒီဘဝ လူဖြစ်ကျိုးနပ်ကြမှာပါ၊

အနာဂါမ်မဖြစ်သေးသရွေ့
လောဘ၊ ဒေါသ၊ မောဟတွေ
ရှိနေကြသေးပေမဲ့...
ဖြစ်​ကြောမရှည်၊ ရှိကြောမရှည်ကြဖို့က
အဓိက လူတွေအကြားကွာခြားချက်
ဖြစ်လာပါတယ်၊

...........

ကောင်းတဲ့ ဟိတ် (၃) ပါးဖြစ်ဖို့
ကလျာဏ ပုထုဇဉ်ဖြစ်ဖို့လိုတယ်
အန္ဓပုထုဇဉ် ( ဆင်ခြင်ပညာပါမလာခြင်း )
ဖြစ်လို့ကတော့...
တိရစ္ဆာန်နဲ့မခြား၊ ဆက်လက်မိုက်မဲနေမှာမို့
နောက်ဘဝတွေ မကောင်းမှာသေခြာလှတယ်၊

#မောဟကိုထပ်ခွဲလိုက်ရင်

၁။ #ကမ္မသမ္မောဟ
ကံ /ကံ၏အကျိုးကို မသိခြင်း။

၂။ #နာမရူပသမ္မောဟ
နာမ်/ ရုပ်ဖြစ်ပျက်ကို မသိခြင်း။

၃။ #ပစ္စယသမ္မောဟ
အကြောင်းကို မသိခြင်း။

၄။ #လက္ခဏသမ္မောဟ
အနိစ္စ ဒုက္ခ အနတ္တ ကိုမသိခြင်း။

၅။ #နိဗ္ဗာနသမ္မောဟ
နိဗ္ဗာန်ကိုမသိခြင်း။

ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ
ဘယ်လောက်အထိမြင့်မားတယ်ဆိုတာ
ဒိလောက်လေးလောက်နဲ့တင်
တုနှိုင်းမမီတာကိုတွေ့နိုင်ပါလိမ့်မယ်၊

မောဟ (၅) မျိုးထဲမှာ
အခြေခံအကျဆုံးက
" အကြောင်းကို မသိခြင်း" ဆိုတဲ့
#ပစ္စယသမ္မောဟ ဖြစ်လာပြန်ပါတယ်၊

အကြောင်းကြောင့် အကျိုးတရား
ဖြစ်လာရတာတွေ၊ အကြောင်းကို
မဖြတ်နိုင်သေးသရွေ့ အကျိုးတရားတွေ
ဆက်ရှိနေဦးမှာ ဆိုတဲ့ လောကနိယာမနဲ့
ဓမ္မနိယာမ ကို မမြင်နိုင်သမျှ
ခန္ဓာတွေ အဖန်တလဲလဲ ရနေကြပြီး
လောကဓံ (၈) ပါးကို ဆူကြုံနိမ့်မြင့်
တလှည့်စီ ခံစားနေကြရဦးမှာပဲ ဖြစ်ပါတယ်။

#NayZinLatt ( 10.8.22 ) 🌿
Forwarded from Fossil News
တရုတ်တပ်မတော်က ထိုင်ဝမ်ကျွန်းအနီးပတ်ပတ်လည်၌ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်နေခြင်းသည်-

အမေရိကန်ကို သတိပေးတာဖြစ်ပြီး ခွဲထွက်ရေးသမားများကိုသင်ခန်းစာပေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူပြောကြား။
Forwarded from Kyaw Swar🇲🇲🇲🇲🇲🇲
ဆရာတော် ဦးဝါသဝ ၅၅၀ ဆရာတော် ဦးဆောင်သော

ကန့်ဘလူမြို့နယ် ကြိုကြာအုပ်စု ထန်းတောကျေးရွာ ပြည်သူ့စစ်သင်တန်းဆင်းပွဲ အမှတ်တရ မှတ်တမ်းပုံရိပ် 10.8.2022
.
#အချက်ပြတခုလို့_ယူဆနိုင်ပြီလား ?

ထိုင်ဝမ်ကို ထိမ်းချုပ်တဲ့အခါမှာ
တရုတ်အနေနဲ့ စစ်တပ်နဲ့
အုပ်ချုပ်ရေးပိုင်းတွေ စေလွှတ်ခြင်း
မပြုပါဘုးဆိုတဲ့ ဂတိဂဝတ်ကို
တရုတ်ဖက်က ရုပ်သိမ်းလိုက်ပါတယ်၊

စစ်ရေးနီးပြီဆိုတဲ့ သဘောမျိုးလား ?

#BaMaung ( 10.8.22 ) 🤒
Forwarded from National News
နိုင်ငံတော်စီမံအုပ်‌ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ပြည်ထောင်စုအစိုးရအဖွဲ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိင်းအစည်းအဝေး တတိယနေ့သို တက်ရောက်
"လောကဓံဆိုး တစ်ခုခု ကြုံလာရတဲ့အခါ
========================

လောကဓံဆိုး တစ်ခုခု ကြုံလာရတဲ့အခါ
ဘာမှ စိတ်ဆင်းရဲနေစရာ မလိုပါဘူး၊
အားငယ်နေစရာ မလိုပါဘူး၊
အားကိုးစရာ မြတ်စွာဘုရားရဲ့
တရားတော်တွေ ရှိပြီးသားပါ...။

ကုသိုလ်ရဲ့သတ္တိက
ကောင်းကျိုးကို ဖြစ်စေပါတယ်၊
ဆိုးကျိုးကို ခွာစေပါတယ်၊
အကုသိုလ်ရဲ့သတ္တိက
ဆိုးကျိုးကို ဖြစ်စေပါတယ်...။

ဒီသဘောလေးကို အာရုံပြု ပြီး
ကုသိုလ်တွေ စုံနိုင်သမျှ စုံအောင်
ကုသိုလ်တွေ ဆက်နိုင်သမျှ ဆက်နေအောင်
ပြုပေးနေလိုက်ရင်
ဆိုးကျိုးတွေ ခွာခွာသွားပြီး
ကောင်းကျိုးတွေ ဝင်ဝင်လာတော့မှာပါ...။

သူကမှန်မှန် ကိုယ်ကမှန်မှန်
သူကမှားမှား ကိုယ်ကမှားမှား
ကုသိုလ်နဲ့သာ ဖြေရှင်းပစ်လိုက်စမ်းပါ...။

ဒါဆိုရင်...
ကိုယ်တောင် မျှော်လင့်မထားတဲ့
အကောင်းဆုံး ရလာဒ်တွေ
ကိုယ့်ဆီ ရောက်လာပါလိမ့်မယ်...။

အဲဒီလိုမှ မဟုတ်ဘဲ
အကုသိုလ်တွေနဲ့
သွား ဖြေရှင်းလိုက်မယ်ဆိုရင်တော့
ကိုယ်မျှော်လင့်မထားတဲ့
ဆိုးကျိုး ရလာဒ်တွေ ဝင်လာတော့မှာပါ...။

💚🙏🙏🙏💚

#အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

#မေတ္တာဖြင့်ထပ်ဆင့်ဖော်ပြအပ်ပါသည်
Forwarded from Tatmadaw Daily Activity (May Thu)
* ၂၀၀ မီတာ ရိုင်ဖယ် စိတ်ကြိုက်ပစ် (တစ်ဦးချင်း)
ရွှေတံဆိပ်

* ၂၀၀ မီတာ ရိုင်ဖယ် အမြန်ပစ် (အသင်းလိုက်)
ငွေတံဆိပ်

* ၂၅ မီတာ ပစ္စတို စိတ်ကြိုက်ပစ် (အသင်းလိုက်)
ကြေးတံဆိပ်

ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်

ယှဉ်ပြိုင်နေဆဲ ပြိုင်ပွဲများမှာလည်း
နိုင်ငံတော်အတွက်ဆုတံဆိပ်များ ရယူပေး
နိုင်ပါစေလို တောင်းဆုပြုပါတယ် ။
Aug 11

ကိုယ်တွေ့ကြုံမှ နောင်တရ မိသည်
😢😢😢😢😢😢😢😢😢😢😢😢

FB ပေါ်တက်ကြည့်ရင် ဒီကောင်တွေ ဘဲ
ဘာဖြစ်ဖြစ်စိမ်းစိမ်း စိမ်းစိမ်းနဲ့အမှတ်တွေ
ဝင်ယူနေတာ လို့ ကားခဏနားတုန်း FB
ကြည့်ရင်းပြောမိကာ ment မှာ အထင်မ
ကြီးဘူး စစ်ခွေး ဟာ စစ်ခွေး ဘဲလို့ရေးမိ
လိုက်ပါတယ်

ကားစထွက်လာပြီး ၃နာရီအကြာမှာ လမ်း
ဘေးမှာ လမ်လျောက်နေတဲ့ စစ်သားတွေ
ကိုတွေ့လိုက်ရပါတယ်

စစ်သားတစ်ယောက်က လက်ပြတားပြီး

ညီလေး အကိုရေသောက်ချင်လို့ ရေဘူး
လေးပါရင် ပေးခဲ့ပါလား ရေချောင်းက
လည်းဝေးသေးလို့ပါ ဆိုပြီး တောင်းပါ
တယ်

ကျွန်တော်က ကားပေါ်မှာပါတဲ့ ရေသန်ဗူး
၁၀ကပ်ကို ကြည့်ပြီး ကျွန်တော်သောက်ဖို့
ဘဲပါတယ်။ ခင်ဗျားကိုပေးဖို့မရှိဘူး လို့
ပြောကာ ကားကိုမောင်း ထွက်ခဲ့ပါတယ်

မိုးတွေစရွာလာပါတယ်

ကားလမ်းရေကျော်နေပြီး ချောင်းတစ်ခု
ကိုဖြတ်အတက်မှာ ကားက စက်ရပ်ပြီး
ချောင်းအလယ်မှာ ကို့ရို့ကားရားကြီးဖြစ်
နေပါတော့တယ်။

သွားပြီကွာ

လွတ်မယ်ထင်ပြီးထင်ပြီး ဖြတ်လိုက်တာ

ချောင်းအလယ်မှာနစ်ပြီ

တောင်ဘက်ကမိုးတွေညိုလာနေပါတယ်။

မကြာခင်မှာ ချောင်းရေတွေ တလဟော
ဆင်းလာပါတော့မယ်

ကားဆရာ စီယာတိုင်ကိုခေါင်းနဲ့ဆောင့်ပြီး
နောင်တရလိုက်ပါတယ်

အဲဒီအချိန်မှာ ရေထဲမှာ ဖြတ်လာတဲ့အသံနဲ့
အတူ ညီလေး ကိုယ်တို့ကယ်မယ် မင်းဘ
ရိတ်ဖြုတ်လိုက်တော့ ဆိုတဲ့အသံကြားလိုက်
ရတယ်။

သူကြည့်လိုက်တော့ စစ်သား ၁၂ယောက်
လောက် လိုက် ဂျက်ကက် တွေနဲ့

ပြီးတော့ ကားကို ပခုံးနဲ့ထမ်းကြတယ်

ဝိုင်းတွန်းကြတယ်

ကား ကုန်းပေါ်ရောက်တော့မှ သူတို့ချောင်း
ထဲကရေကို ဆင်းသောက်ပြီး အမောဖြေ
နေကြပါတယ်

ကျွန်တော် ရေသန့်ဗူး ၁ ကပ်ကို မြှောက်ပြ
ပြီးသူတို့ကိုပေးတော့ ကိုယ်ညီရာ ကိုယ်တို့
ကချောင်းရေ သောက်တာ ရိုးနေပါပြီ တဲ့
ကိုယ်ညီသောက်ဖို့ပြန်ယူသွားပါတဲ့

ကျွန်တော် မျက်ရည် ဝဲစွာနောင်တရမိပါ
တယ်

နောက်ဆို စစ်ခွေးဆိုတဲ့ အသုံးအနှုန်းကို
သုံးဖြစ်တော့မယ် မထင်တော့ပါ

#သားစစ်ကြီး
11-8-2022..(9;51)..
#SQ
ထာဝရ လေးစားလျှက်ပါ🇲🇲 တပ်မတော်သားအပေါင်းတို့