Kyimyindaing Scout Channel
205 subscribers
394 photos
46 videos
274 links
Download Telegram
ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ (၃) နှစ် ပြည့်ချေတော့မည်။

အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲလို့ အပြည့်အဝ ခံယူထားကြပါတယ်။

ဒီတော်လှန်ရေးက “ပြည်သူ့တော်လှန်ရေး” ပါ။ ကျွန်ုပ်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို “ထောက်ခံပါတယ်” ဆိုတာထက် ပိုတဲ့ “လက်တွေ့ပူးပေါင်းပါဝင်မှု” များနဲ့ သက်သေပြရမယ့်အချိန်ပါ။

စစ်ရေးအရှိန်၊ လက်နက်ကိုင်တိုက်ပွဲ (Armed Resistance) ကတော့ အားလုံးသိကြတဲ့အတိုင်း တလှိုင်းပြီး တလှိုင်းဆိုသလို မြှင့်သထက် မြင့်၊ တက်သထက် တက်လာဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်ုပ်တို့အနေနဲ့လည်း ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မဖြစ်မနေ လိုအပ်ပါမယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေတာကို ပြည်သူများ သဘောပေါက်၊ နားလည်ထားကြပြီးလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ (၂) ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲကြတဲ့ (Total Resistance) အားဖြင့်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်၊ အခု တော်လှန်ရေးကြီး (၃) နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ အောက်ပါလူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြပါမယ်ခင်ဗျား။

❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)

(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။

ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။

❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။

အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊

(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။

White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။


#SpringRevolution_3rdAnniversary
#SilentStrike
#WhiteCampaign
#လုံးဝအုပ်ချုပ်ခွင့်မရစေရ


ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။

အရေးတော်ပုံ အောင်ရမည်။
This media is not supported in your browser
VIEW IN TELEGRAM
ရန်ကုန်မြို့တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာကမင်းတို့ဘဝ" ဟူသောစာသားဖြင့် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၈)ရက်၊

ရန်ကုန်တွင် "အာဏာရှင်အလိုကျ ကြိုးဆွဲရာက မင်းတို့ဘဝ" ဟူသောစာသားပါ ဘန်နာအား ဖြန့်ခင်းလျက် သရုပ်ပြသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ယင်းသရုပ်ပြ၊ သပိတ်လှုပ်ရှားမှုတွင် လူထုကြား၌ ဘီလူးခေါင်းဆောင်းထားသော သွေးစွန်းနေသည့်ဝတ်စုံဝတ်ထားသည့် Non-CDM ကျောင်းဆရာမှ ဆုတံဆိပ်ကိုင်ထားသော Non-CDM ကျောင်းသားအား ရုပ်သေးရုပ်ကဲ့သို့ ကြိုးများဖြင့် ထိန်းချုပ်နေသကဲ့သို့ ပုံရိပ်ဖြင့် ကြွေးကြော်သံအော်ပြီး သရုပ်ပြလှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် အာဏာရှင်လက်အောက်မှ ထိန်းချုပ်ခံနေသည့် အဖြစ်ကို စစ်ကောင်စီဘက်တော်သားများနှင့် Non-CDM ကျောင်းသားများအား ကျွန်အဖြစ်မှ ရုန်းထွက်ကြရန်ဆိုလိုပြီး ရက်စက်သောအာဏာရှင်၏ သရုပ်မှန်ကိုဖော်ပြထားခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)မှ ဦးဆောင်ထားပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community တို့၏ ညီညွတ်သောမဟာမိတ်လှုပ်ရှားမှုဖြင့် ပြုလုပ်ခဲ့ကြပြီး Youth Scout for Democracy မှ ကင်းထောက်ပံ့ပို့ပေးခဲ့ခြင်းဖြစ်သည်။

ထိုသပိတ်လှုပ်ရှားမှုပြုလုပ်ရာတွင် အကြမ်းဖက်စစ်တပ်၏ အရပ်သားဟန်‌ဆောင်ထားသော စစ်ကျွန်များမှ လိုက်လံဖမ်းဆီးခြင်းရှိပြီး မြေပြင်သပိတ်ရဲဘော်များအနေဖြင့် ဘေးကင်းလွတ်မြောက်ခဲ့ပါသည်။

#YangonStrike
#OCTOPUS #ရေဘဝဲ
Forwarded from Y.S.D Scout Channel
၃ နှစ်ပြည့်ချိန်အထိ ​ပြည်သူ​တွေသွေးမ​အေး​ကြောင်းပြသဖို့...

✊️✊️✊️

#SilentStrike
Media is too big
VIEW IN TELEGRAM
၃ နှစ်ပြည့်သည်အထိ အာဏာတည်ဆောက်မရတဲ့ စစ်အာဏာရှင် နဲ့
၃ နှစ်ထိတိုင် မဆုတ်မနစ် တော်လှန်နေတဲ့ ပြည်သူများ

#3yrCoupAttempt #2024 #SpringRevolution_3rdAnniversary
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ
#GSCB
#BloodMoneyCampaignMM
Forwarded from Y.S.D Scout Channel
အမြဲတမ်းလိုလို Traffic ​တွေနဲ့ပြည့်ကြပ်နေတတ်တဲ့ ရန်ကုန်မြို့ရဲ့လမ်းမကြီး​တွေလည်း ပြည်သူ​တွေရဲ့အား​ကြောင့်ရှင်းလင်းခဲ့ရပြီ...

အရာရာမှာ ပြည်သူသာလျှင်အဓိက... ✊️✊️✊️

ဒီလိုစိတ်ဓါတ် ၊ ဒီလိုအင်အား ၊ ဒီလိုပူး​ပေါင်း​ဆောင်ရွက်မှု​တွေနဲ့အတူ ​အောင်ပွဲအထိဆက်လက်ချီတက်ကြပါစို့... 💪💪

#SilentStrike
Forwarded from Y.S.D Scout Channel
နွေဦးတော်လှန်ရေးအဆုံးသတ်အောင်ပွဲအတွက် တပ်သားသစ်များအား ရန်ကုန်တိုင်းစစ်ဌာနမှ နွေးထွေးစွာကြိုဆိုပါသည်။

"ရန်ကုန်တိုင်းစစ်ဌာနမှ တပ်သားသစ်များခေါ်ယူခြင်း"

သတ်မှတ်ချက်များ

၁။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး (အထူး) ကောင်းမွန်သူဖြစ်ရမည်။
၂။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၃။တော်လှန်ရေးကို ပြီးဆုံးသည်အထိ အတူတကွ တိုက်ပွဲဝင်လိုစိတ်ရှိသူ ဖြစ်ရမည်။
၄။မိမိအပေါ်ပေးအပ်လာသော မည်သည့်တာဝန်ကိုမဆို အချိန်မရွေး၊ နေရာဒေသမရွေး ကျေပွန်စွာထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၅။အမိန့်နာခံတတ်သူ ဖြစ်ရမည်။
၆။ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာစောင့်သိ၍ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံနိုင်ပြီး စွန့်စားဝံ့သူဖြစ်ရမည်။
၇။ပညာအရည်အချင်း အထက်တန်းအဆင့်ဦးစားပေးမည်။

အထက်ပါအချက်များနှင့် ကိုက်ညီသူ ကျား/ မ မရွေးလျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် form link : https://docs.google.com/forms/d/e/1FAIpQLScreS5-RapsjBYIfVPNdue_czQpa6eEVuhLt1rexHexoK_4PQ/viewform?usp=sf_link
Google form ပါအချက်အလက်၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို အွန်လိုင်းမှတဆင့် လူတွေ့မေးမြန်းသွားမည်ဖြစ်သည်။

#စကစရဲ့လူသားဒိုင်းအဖြစ်အသုံးချခံအနေဖြင့်အလကားအသက်မဆုံးရှုံးရစေဖို့ရန်ကုန်တပ်ရင်းသို့စာရင်းပေးကြစို့
#ရန်ကုန်မှာပြန်ဆုံဖို့ရန်ကုန်တပ်ရင်းသို့အားဖြည့်ချီတက်ကြပါစို့
#အားလုံးပဲရန်ကုန်မှာပြန်ဆုံကြမယ်
#ငါတို့မှာငါတို့ရှိတယ်

#ရန်ကုန်တိုင်းစစ်ဌာန
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ

ရန်ကုန်တိုင်းစစ်ဌာန၏ မူရင်း facebook post link 👇

https://www.facebook.com/share/p/n2rfNHaUbsbvi94C/?mibextid=2JQ9oc
ယခု Channel သည် ရန်ကုန်တိုင်းစစ်ဌာနသို့ တပ်သားသစ်လျှောက်ထားသူများအား သတင်းအချက်အလက်များ ဝေမျှနိုင်ရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်သားသစ်ခေါ်ယူရေး ကော်မတီမှ လျှောက်ထားသူများကို ဆက်သွယ်ရာတွင် အောက်ပါ Telegram နှင့် Email Address တို့မှ ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

Telegram- +1(646)7129303 (username - @ymcoffice2024)
Email - ymcoffice2024@gmail.com

ဤchannel ၂ ခုမှ လွဲ၍ မည်သည့် အခြားအမည် channel ကမှ ဆက်သွယ်ခြင်း မရှိပါ။
( ရန်သူဘက်မှ အယောင်ဆောင်ဝင်ရောက်ထိုးဖောက်မှုကို အထူးသတိပြုရန်လိုအပ်ပါသည် )

လျှောက်ထားသူများအနေဖြင့် မိမိတို့​၏ Telegram နှင့် Email ကို အမြဲစစ်ဆေးပေးပါရန် အသိပေးအပ်ပါသည်။

မှတ်ချက်။ ရွေးချယ်ခံရသူများအား မိမိတို့ဘက်မှ ဆက်သွယ်ပေးသွားမည်ဖြစ်ပါ၍ ဆက်သွယ်လာမည်ကို စောင့်ဆိုင်းပေးပါရန်နှင့် မိမိတို့ထံ ဆက်သွယ်စာပို့လာသည်များ အလွန်များပြားနေသည်ဖြစ်ပါ၍ ရွေးချယ်ခံရခြင်းမရှိသူများအား အကြောင်းပြန်ပေးမည်မဟုတ်ကြောင်း တပါတည်း အသိပေးအပ်ပါသည်။

တပ်သားသစ်ခေါ်ယူရေးကော်မတီ
ရန်ကုန်တိုင်းစစ်ဌာန
တပ်သားသစ်လျှောက်လွှာများမှ လူတွေ့မေးမြန်းခြင်းအတွက်ရွေးချယ်ခံရသူများကို ရန်ကုန်တိုင်းစစ်ဌာန​၏ Email နှင့် Telegram များမှ စတင်ဆက်သွယ်နေပြီဖြစ်ပါ၍ လျှောက်ထားသူများအနေဖြင့် မိမိတို့ Email နှင့် Telegram များကို အမြဲစစ်ဆေးပေးပါရန် ထပ်မံအသိပေးအပ်ပါသည်။


တပ်သားသစ်ခေါ်ယူရေးကော်မတီ
ရန်ကုန်တိုင်းစစ်ဌာန
တပ်သားသစ်လျှောက်လွှာများမှ လူတွေ့မေးမြန်းခြင်းအတွက်ရွေးချယ်ခံရသူများကို ရန်ကုန်တိုင်းစစ်ဌာန​၏ Email နှင့် Telegram များမှ စတင်ဆက်သွယ်နေပြီဖြစ်ပါ၍ လျှောက်ထားသူများအနေဖြင့် မိမိတို့ Email နှင့် Telegram များကို အမြဲစစ်ဆေးပေးပါရန် ထပ်မံအသိပေးအပ်ပါသည်။


တပ်သားသစ်ခေါ်ယူရေးကော်မတီ
ရန်ကုန်တိုင်းစစ်ဌာန
Forwarded from Y.S.D Scout Channel
လူချင်းဝေးလို့ရပေမယ့် စိတ်ချင်းဝေးလို့မရ  "လာပါ.. ငါတို့အတူတူရုန်းမယ်"

ဒီအချိန်မှာ မိသားစုတွေ တယောက်နဲ့တယောက် အတူမရှိနိုင်ဘူးဆိုရင်တောင် စိတ်ချင်းအတူတူ နီးစပ်နေလို့ ရပါတယ်။ အဲ့တာကြောင့် မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေ တိုက်နေသလို  PRF ပြည်သူ့တော်လှန်ရေး‌ထောက်ပို့တပ်သားတွေလည်း ကမ္ဘာအနှံ့မှာ အတူတူ ရုန်းနေကြပါတယ်။

တော်လှန်ရေး အရှိန်မြှင့်လာတော့ လူတိုင်း ကိုယ်စီတွန်းလှန်ခုခံရမယ်ဆိုတာ ရွေးချယ်လို့မရဘဲ ကိုယ့်ဆီရောက်လာတဲ့ တာဝန်ပါပဲ။ ဒီတာဝန်ကို တဦးစီကျေပွန်မှ ချစ်ရတဲ့ မိသားစုတွေ ပြန်ပြီး ဆုံစည်းနိုင်ကြမှာပါ။

လာပါ... ငါတို့ အတူတူရုန်းမယ်ဆိုရင် လုပ်ရမယ့် တာဝန်က ရှင်းပါတယ်။
(၁)  ထောက်ပို့ တပ်ဖွဲ့ဝင်ကြမယ်။
(၂)  ထောက်ပို့ တပ်သားစည်းရုံးရေးလုပ်ရမယ်။

🔺 တော်လှန်ရေး 3 နှစ်ပြည့် ဒီဖေဖော်ဝါရီလမှာ  ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သား 30,000 ပြည့်ကိုပြည့်ရမယ်။ 🔺

It’s not an option. It’s “Duty”
Report your duty !
တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF