Kyimyindaing Scout Channel
202 subscribers
406 photos
46 videos
276 links
Download Telegram
Forwarded from Y.S.D Scout Channel
ဇွန်လ (၁၈)ရက် ၊ ရန်ကုန်မြို့။

“ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့် သံမဏိဓား”

အကြမ်းဖက်စစ်တပ်ဟာ တစ်နိုင်ငံလုံးမှာ အကြမ်းဖက်လုပ်ရပ်များစွာကို ကျူးလွန်နေပြီး ထောင်တွင်းအကြမ်းဖက်မှုတွေကိုလည်း ဆိုးရွားစွာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့ ကိုဂျင်မီ ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄)ဦးကို သေဒဏ်ချမှတ်ထားပြီး ကြိုးမိန့်ပေးမည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ ကျွန်တော်တို့တွေဟာ တစ်ယောက်ထိရင် နှစ်ယောက်တက်မယ်ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ ရဲဘော်တွေကိုထိရင် ငြိမ်ခံနေမှာ မဟုတ်ကြောင်း၊ ကျွန်တော်တို့ကို သွေးတိုးစမ်းရင် ခွေးမျိုးကန်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းနဲ့ ကျွန်တော်တို့တွေဟာ ထောင်ထဲမှာပဲဖြစ်ဖြစ် ထောင်အပြင်မှာပဲဖြစ်ဖြစ် အားလုံးဟာ အကျဉ်းသားတွေပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့လက်တွေဟာ အာဏာရှင်ရင်ဝကို ထိုးစိုက်မယ့် သံမဏိလိုဓားသွားတွေဖြစ်ကြောင်းကို Youth Scout for Democracy(YSD) မှ scout တာဝန်ယူကာ စစ်အာဏာရှင်ဆန့်ကျင်းရေးရန်ကုန်အင်အားစု (AJAY) မှ ဒီကနေ့ ဇွန်လ(၁၈)ရက်၌ ရန်ကုန်မြို့တစ်နေရာတွင် ဆန္ဒပြ ကြွေးကြော်ခဲ့ကြသည်။

#ငါတို့အားလုံးအကျဉ်းသား
#အာဏာရှင်ရင်ဝကိုထိုးစိုက်မယ့်သံမဏိဓား
#သွေးတိုးစမ်းရင်_ခွေးမျိုးကန်းမယ်
#အရေးတော်ပုံ_မုချအောင်ရမည်။
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY

@YSDygn
ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “ UN Prove Your Existence for Justice” စာသား ချိတ်ဆွဲ
=======================================


ကမ္ဘာ့ကုလသမဂ္ဂစင့်မြင့်ထက်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့တွင် “ UN Prove Your Exsitence for Justice “ စာသားကို ယနေ့မနက်တွင် ချိတ်ဆွဲ ခဲ့ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကိုလေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြရန် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု မှ အလေးအနက်တိုက်တွန်းသည်။

#UKyawMoeTunisOurAmbassador
#UN_ProveYourExistence4Justice
#AcceptNUGRejectMilitary
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY
Forwarded from Y.S.D Scout Channel
Media is too big
VIEW IN TELEGRAM
“ဖားကန့် - အနန့်ပါ အတွက် ဝမ်းနည်းမှုကို  တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကြ”

□ လွန်ခဲ့တဲ့ရက်ပိုင်းတွင် မတရားစစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဖြိုခွင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၈၀)ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူရာပေါင်းများစွာ ထိခိုက်မှုများဖြစ်ပျက်ခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော်တို့တော်လှန်ရေးအင်အားစုများအနေဖြင့် ထိုဖြစ်ရပ်တွင် ကျဆုံးခဲ့ရသော ပြည်သူတွေ၊ထိခိုက်ခံရသောပြည်သူတွေအပါအဝင် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက်တော်လှန်ရေးမှာ အသက်ရင်းခဲ့ကြတဲ့သူတွေအတွက် သွေးစည်းညီညွှတ်ရေးလှုပ်ရှားမှုအနေဖြင့် မီးပိတ်သပိတ်ကိုပုံဖော်ဆောင်ရွက်ခဲ့ကြပါတယ်။

မိဘပြည်သူများကလည်း ဖားကန့် - အနန့်ပါ လေကြောင်းပစ်ခတ်မှုအတွက် ဝမ်းနည်းကြေကွဲမှု ၊ နာကြည်းစိတ် တို့အား တော်လှန်ခွန်အားအဖြစ် အသွင်ပြောင်း၍ မီးပိတ်သပိတ်ကိုပူးပေါင်းပေးကြပါရန် ထပ်မံနှိုးဆော်တိုက်တွန်းလိုက်သည်။

တစ်ဆက်တည်းအနေဖြင့် မီးပိတ်သပိတ်ပြုလုပ်ရခြင်း အကြောင်းအရင်းကို မိဘပြည်သူများသိရှိစေရန် video တွင်အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်
#မီးပိတ်သပိတ်
#AJAY
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#YSD
Media is too big
VIEW IN TELEGRAM
ဘာပြောချင်လဲ…???

NUG ကို ပြည်သူက ဘာပြောချင်လဲ။

မင်းအောင်လှိုင်ကို ပြည်သူတွေက ဘာတွေပြောနေလဲ။


Collaboration by _ AJAY _AAMIJ_SOSMYANMAR

#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#AJAY #AAMIJ #SOSMYANMAR
#MAL_ListenUp!
#Listen_Up_Our_Voices!
စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲအား သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်လွှာ

#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#AJAY
ပြည်သူချစ်လျှင် ကဗ္ဗည်းတင်မည်၊ ပြည်သူမုန်းလျှင် ပျောက်ပျက်သုန်းမည်

မကြာမီ အချိန်တွင်းတွင် စစ်ကောင်စီမှ ပြုလုပ်သော ရုပ်ရှင်ထူးချွန်ဆုပေးပွဲ (အရပ်အခေါ် အကယ်ဒမီ ပေးပွဲ) ကျင်းပတော့မည်ဖြစ်သည်။ ပွဲလမ်းသဘင်များ ပြုလုပ်ကာ ပြည်သူအများ၏ တော်လှန်စိတ်ကို အားပျော့ပျက်ပျယ်သွားအောင်၊ နိုင်ငံအတွင်း သာမန်အခြေအနေ ပြန်လည်ဖြစ်နေသယောင် နိုင်ငံတကာ မှ အထင်မှားစေရန် စစ်ကောင်စီမှ အကြိမ်ကြိမ် အဖန်ဖန်ကြိုးစားခဲ့သည်ဖြစ်သည်။ ထိုသို့ကြိုးစားချိန်တိုင်းလည်း ပြည်သူအများမှ ပါဝင်ခြင်းမရှိ ပတ်သက်ခြင်းမရှိ ဝေးရာမှ ရှောင်ကြဥ်ခဲ့သည်သာဖြစ်သည်။ ရုပ်ရှင်ထူးချွန်ဆုပေးပွဲသည်လည်း ထိုအများထဲမှ တစ်ပွဲသာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုပွဲတွင် လူသိများ ထင်ရှားသူများ၏ အင်အားကို အသုံးပြုကာ ပြည်သူအများ၏ အာရုံကို ရယူရန်ကြိုးပမ်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျင် စစ်ကောင်စီမှ ရုပ်ရှင်သရုပ်ဆောင်အများစုကို ပွဲတက်ရောက်ရန် အတင်းအကြပ်ဖိအားပေး ခြိမ်းခြောက်ကာ အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းဖြစ်သည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲဆိုသည်မှာ မိမိ၏ အနုပညာ၊ အတတ်ပညာတို့ကို မှတ်ကျောက်တင်ကာ ပြသပြီး ထူးချွန်ဆုနှင့် ထိုက်တန်ကြောင်းပြသခြင်းဖြစ်သည်။ ယခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ စစ်ကောင်စီ အလိုကျ ပြုလုပ်သော “လုပ်ပွဲ” သာသာ မျှသာဖြစ်ပြီး အနုပညာရှင်များအတွက် ရင်းနှီးရမည်မှာ ပြည်သူ၏ အချစ်မေတ္တာသာဖြစ်သည်။ ပြည်သူ၏ စစ်ကောင်စီအပေါ် အမုန်းတရားအတွက် ပွဲတက်ရောက်သူတို့မှာ ကြားဝင်ခံစားရမည်။ စစ်ကောင်စီက ဒိုင်းတစ်ချပ် သဖွယ် အသုံးပြုခြင်းခံရခြင်းဖြစ်မည်။ ရှေ့ဆက်လျောက်မည့် ခရီးလမ်းအတွက် အရိပ်မဲနှင့် အတိတ်ဆိုး သာ ဖြစ်ပေလိမ့်မည်။ ညီအကို မောင်နှမ သဖွယ် ယုံကြည်ခဲ့ကြသော အနုပညာသည် အချင်းချင်းအတွက် နောက်ကျော ဓားနှင့် ထိုးသည့် သဖွယ်သာဖြစ်သည်။

အနုပညာသည်တို့အတွက် အရေးကြီးဆုံးအတောင့်တဆုံး ဆုလာဘ်မှာ ပြည်သူတို့၏ အချစ်ဖြစ်သည်။ ပြည်သူတို့၏ ချစ်သော မျက်စိဖြင့် ကြည့်ခံရခြင်းသည် အနုပညာသည်တို့၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်သည်။ ပြည်သူတို့၏ လျစ်လျူရှုခြင်းနှင့် အမုန်းကိုခံကာ ပျောက်ပျက်သုဥ်းခံလေမည်မလား။ ပြည်သူ၏အချစ်နှင့် ကဗ္ဗည်း ထိုးခံလေမည်လားဆိုသည်မှာ ကိုယ်တိုင်၏ ရွေးချယ်မှုပင်ဖြစ်ပါသည်..

#အကယ်ဒမီပေးပွဲ #စစ်ကောင်စီ
#အနုပညာရှင်များ #ဖိအားပေးခြိမ်းခြောက်
#AJAY
တော်လှန်ရေးနှင့်ပက်သက်သော အချက်အလက်များ၊ လူထုလှုပ်ရှားမှုများ၊ ကမ်ပိန်းများအား စဉ်ဆက်မပျက် သိရှိနိုင်စေရန် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) ၏ Telegram Channel နှင့် Twitter အား subscribe လုပ်ထားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

AJAY Telegram link
https://t.me/ajayyangon

#AJAY
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့တွင် သပိတ်အင်အားစုများစုပေါင်း၍ လူထုသပိတ်တိုက်ပွဲပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၂၅၊ ၂၀၂၃။

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ယနေ့နံနက် အစောပိုင်းက လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ သပိတ်အင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည်။ တိုက်ပွဲတွင်ပါဝင်သူ ကိုနန်းလင်းမှ လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့သည်။

ကိုနန်းလင်းမှ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ဟောပြောခဲ့သည်။
“တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ၊ ပြည်သူနဲ့ အတူရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ.ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်”ဟု မြန်မာ့တပ်မတော်သားများထံသို့လဲ ရည်ရွယ်၍ ဟောပြောခဲ့သည်။

အဆိုပါ လူထုသပိတ်တိုက်ပွဲတွင် ပြည်သူလူထုများမှ လက်ခုပ်တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြသည်။ သပိတ်အပြီးအနည်းငယ်အကြာ ထိုဈေးအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူများအား စစ်ဆေးဖမ်းဆီးနေကြောင်းလဲ သိရသည်။


#YangonStrikes
#AJAY