Kyimyindaing Scout Channel
203 subscribers
394 photos
46 videos
274 links
Download Telegram
Forwarded from Y.S.D Scout Channel
Youth Scout For Democracy (YSD) နှင့် တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ မဟာမိတ်ဖွဲ့စည်းကြောင်း ကြေညာခြင်း

တော်လှန်ရေးအင်အားစုများ၏ စည်းလုံးမှုနှင့်အတူ အရေးတော်ပုံ မုချအောင်မြင်ရမည်။ ✊🏻

@YSDinformer

#YSD
#တော်လှန်သွေးမကုန်တောင်ဒဂုံသပိတ်အင်အားစု
Forwarded from Y.S.D Scout Channel
This media is not supported in your browser
VIEW IN TELEGRAM
မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(မရမ်းကုန်း-အကလ)မှ ဝါဒမှိုင်းတိုက်ခြင်းမြင့်တက်နေသည့် အ.ထ.က(၂)မရမ်းကုန်းတွင်

"လူရူးကိုကျွန်ပြု ကျွန်ပညာအံတု"

ဟူသည့်စာသားပါဝင်သည့်ဘန်နာအား အစစ်အဆေးများကြားမှချိတ်ဆွဲလျက် ဆေးနီပတ်ဖြန်းကာ Youth Scout For Democracy(YSD)၏ကင်းထောက်ပံ့ပိုးလှုပ်ရှားမှူဖြင့်စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်ဝါဒမှိုင်းတိုက်မှုရှုန့်ချရေးတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

#YSD
#မရမ်းကုန်းမြို့နယ်အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
#လူရူးကိုကျွန်ပြုကျွန်ပညာအံတု

@YSDinformer
Kyimyindaing Scout Channel
Video
တော်လှန်ရေးပန်းခြံရှေ့တွင် မင်းအောင်လှိုင်ခေါင်း
ပြတ်ကိုမီးရှို့ပြသည့် ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့
အစည်းများ၏ "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်"

စစ်ကောင်စီ၏လုံခြုံရေးတင်းကျပ်နေသည့်တော်လှန်ရေးပန်းခြံအနီးတွင် "ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ခေါင်းစဥ်ဖြင့် မင်းအောင်လှိုင်ပုံတူခေါင်းပြတ်ကို မီးရှိို့ကာ "သို့၊ စစ်အာဏာရှင်မင်းအောင်လှိုင် နှင့် အ​ပေါင်းအပါတစ်စုတို့သည် ဒီနိုင်ငံတော်နှင့်လုံးဝမသက်ဆိုင်ပါသဖြင့် သက်ဆိုင်ရာငရဲပြည်သို့အမြန်ဆုံးသွားနိုင်သည်။ကောင်းရာသုဂတိ လီးမှမလားပါစေနဲ့ " ဟူ၍ အမိန့်ပြန်တမ်းကိုဖတ်ကြားခဲ့ကြသည်။

အဆိုပါသပိတ်ကို

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ဦးဆောင်ကာ ပြည်သူလူထုနှင့်အတူ

- Youth Association Of Thingangyun (Y.A.T)

- ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ

- Owl Community

- စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike)

- Labour Alliance အဖွဲ့ဝင် (CTUM)

- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)

- LGBT Community Yangon

- ဗမာ့လူငယ်ကွန်ရက်

- တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုတို့ပေါင်းဆုံ၍ Youth Scout for Democracy (Y.S.D) ၏​မြေပြင်ကင်း​ထောက်ပံ့ပိုးမှုဖြင့် လူထုသပိတ်တိုက်ပွဲကိုဆင်နွှဲခဲ့ကြသည်။

သြဂုတ် ၁၃ ရက်၊ ၂၀၂၂ ခုနှစ်

#ပြန်ဆုံနိမိတ်နဲ့ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ

#YSD
Kyimyindaing Scout Channel
Photo
❝Accept NUG and Our Ambassador, Reject Dictator❞

“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”
════════════════════

အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။

တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့‌သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သ‌ဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။

ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။

ပြည်သူ‌အပေါင်းတို့ခင်ဗျား-

ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်ခင်ဗျား။ အားလုံးအတူတကွ ဝိုင်းကြ၊ ဝန်းကြ တိုက်ပွဲဝင်ကြပါစို့။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။

အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

#AcceptNUG

#AcceptOurAmbassador

#RejectDictator

#CredentialCampaign

#SaveMyanmar

#AcceptNUGRejectMilitary

#UN_ProveYourExistence4Justice

#UKyawMoeTunisOurAmbassador

#YSD
Forwarded from Y.S.D Scout Channel
ရန်ကုန်တိုင်းအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးနှင့်သွေးသောက်အဖွဲ့အစည်းများမှ ပစ်ခတ်ဖောက်ခွဲမှုများကို UG များအသွင်ယူ၍ အများပြည်သူထိခိုက်နစ်နာမှုများရှိလာစေရန် လုပ်ဆောင်လာကြကြောင်းသတင်းရရှိ
================================


ဩဂုတ်လတတိယအပတ်ခန့်မှစတင်၍ လက်ရှိအချိန်အထိဖြစ်ပွားခဲ့သော ရန်ကုန်တိုင်းအတွင်းရှိပစ်ခတ်မှု၊ ပေါက်ကွဲမှုဖြစ်စဉ်များတွင် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုအောက်တွင်ရှိသောရဲဘော်များအပါအဝင် ကွပ်ကဲရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ထားသည့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များမှ အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးအတွက် အရေးပါသည့် စစ်ရေးပစ်မှတ်များအား ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းများရှိသကဲ့သို့ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းမရှိသည့်နေရာများ၊ အကြမ်းဖက်စစ်ကောင်စီထောက်တိုင်မဟုတ်သည့် လူပုဂ္ဂိုလ်များအား ပစ်ခတ်၊ ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်ရပ်များလည်းဖြစ်ပွားခဲ့ပြီး ပြည်သူများ ထိခိုက်၊ သေဆုံးဒဏ်ရာရရှိမှုဖြစ်စဥ်များလည်းရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။


ဆက်စပ်သတင်းများအရ အကြမ်းဖက်စစ်ကောင်စီမှ ရန်ကုန်တိုင်းအတွင်းရှိ ၎င်း၏လက်ပါးစေများဖြစ်သော ပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင်များကို ဖောက်ခွဲရေးအခြေခံ မိုင်းသင်တန်း၊ လက်နက်ငယ်၊ လက်နက်ကြီးပစ်ခတ်မှု အခြေခံသင်တန်းများ သင်ကြားပို့ချမှုများရှိခဲ့ကြောင်းလည်း သိရှိရသည်။ ယခုကဲ့သို့ သင်တန်းပို့ချခဲ့မှုသတင်းများ ကျယ်ပြန့်စွာထွက်ပေါ်လာခြင်းများနှင့်အတူ ရန်ကုန်တိုင်းအတွင်းရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာအများအပြားတွင် ပစ်ခတ်၊ ဖောက်ခွဲပြီး အများပြည်သူထိခိုက်အောင် လုပ်ဆောင်မှုများ တစ်စထက်တစ်စ ပိုမိုများပြားလာသည်ကိုလည်း တိုက်ဆိုင်စွာ မြင်တွေ့လာရသည်။


" ရန်ကုန်တိုင်းအတွင်း အခုလတ်တလော ဖြစ်ပေါ်နေတဲ့ ပစ်ခတ်မှု၊ ဖောက်ခွဲမှုဖြစ်စဥ်တွေဟာဆိုရင် မိမိတို့တော်လှန်ရေးအဖွဲ့အစည်းများက လုပ်ဆောင်ခြင်းမရှိဘဲ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အရေအတွက်တွေက ပိုမိုများပြားတာကို တွေ့ရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တော့ စကစရဲ့လက်ပါးစေအဖွဲ့အစည်းများမှ မြို့ပြပြောက်ကျားတပ်ဖွဲ့များအဖြစ် အသွင်ယူကာ ပစ်ခတ်၊ ဖောက်ခွဲမှုများပြုလုပ်လာကြတာဖြစ်ပြီး ပြည်သူများအထိတ်တလန့်ဖြစ်စေရန်နှင့် တော်လှန်ရေးရဲဘော်များအပေါ်ပြည်သူများအထင်အမြင်လွဲမှားစရာများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာခြင်းများဖြစ်ကြောင်းယူဆရပါတယ်။ မိမိတို့မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်ရဲဘော်များအနေနဲ့ ပြည်သူကို ထိခိုက်နစ်နာအောင် လုပ်ဆောင်မှာမဟုတ်ဘူးဆိုတာကိုတော့ ပြည်သူတွေအနေနဲ့ ယုံကြည်ထားစေချင်ပါတယ် " ဟူ၍ ရန်ကုန်တိုင်းစစ်ဆင်ရေးရုံး သတင်းမှတ်တမ်းနှင့်ထောက်လှမ်းရေးဌာန တာဝန်ခံအား ဆက်သွယ်မေးမြန်းချက်အရ သိရှိရသည်။


အထက်ပါကိစ္စရပ်များ ပိုမိုဖြစ်ပွားလာနိုင်ပါသဖြင့် ပြည်သူအများအနေဖြင့် မိမိတို့သွားလာနေထိုင်ရာပတ်ဝန်းကျင်များတွင် ယခင်ကထက် ပိုမိုကာသတိထားသွားလာကြပါရန်နှင့် တော်လှန်ရေးရဲဘော်များအယောင်ဆောင်ကာ ပြည်သူများအား ဦးတည်တိုက်ခိုက်မှုများရှိလာနိုင်သည်ကို အစဉ်အမြဲသတိချပ်၍နေထိုင်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း အသိပေးအပ်ပါသည်။


#YSD

@YSDinformer

https://www.facebook.com/102001099036768/posts/pfbid02UYyMj3kLdXXpcMhhC5tshzyjwsiaCwm2VBxULkxJtdtCmZtmyQjgp1iqd38Um1XXl/
Kyimyindaing Scout Channel
Photo
အဆုံးထိ လျှောက်ခဲ့ကြသူများ...
=======================

၂၀၂၁ ခုနှစ် စက်တင်ဘာလလယ်မှာ ကျနော်တို့လုံခြုံရေးအခြေအနေ မကောင်းတော့ဘူးဆိုတာသိရပြီ။ ဒါပေမဲ့ ချက်ချင်းနေရာရွှေ့ဖို့က ထုတ်လုပ်ရေးပစ္စည်းတွေနဲ့ရုတ်တရက် ရွှေ့လို့မဖြစ်၊ တော်လှန်ရေးအလုပ်တွေကလည်း ဆက်တိုက်လုပ်နေရ။ မြေပြင်သပိတ်ဆိုင်ရာအလုပ်တွေကလည်း ရှိနေပြန်...

စစ်အာဏာရှင်တွေကို နာကျည်းပြီးရင်း နာကျည်းမှုတွေထဲ မြေပြင်သပိတ်တိုက်ပွဲမှာ တွေ့ကြုံခဲ့ရတဲ့ ရက်စက်မှု တွေက ဘယ်တော့မှ မပျောက်ပျက်တော့မယ့် သေရာပါ နာကျည်းမှုတွေ ဖြစ်ခဲ့ပြီ။ ရှေ့မှာကျဆုံးသွားတဲ့ သူရဲကောင်းအာဇာနည်တွေအတွက်၊ အဲဒီ့နာကျည်းချက်တွေနဲ့ပဲ တော်လှန်ရေးတာဝန်တွေကို ကျနော်တို့ တနင့် တပိုး ယူခဲ့မိတာ ဖြစ်ပါလိ့မ်မယ်။

တော်လှန်ရေးတာဝန်တွေ တနင့်တပိုး ထမ်းဆောင်နေကြတဲ့ လူကြီး၊ လူငယ်မရွေး မျိုးဆက်အသီးသီးထဲမှာ ကျနော်တို့ လေးယောက်လည်း ပါခဲ့ကြတယ်။ ကျနော်…ကျော်ကြီး၊ ကျနော်…ပစ်ကြီး၊ ကျမ…ခင်ခင်ကြွယ်၊ ကျနော်…စတီဗင် ခေါ် ဇင်လင်း။

စမ်းချောင်း၊ မြေနီကုန်းဘက်က တိုက်ခန်းလေးတစ်ခန်းထဲမှာ စုနေကြရင်း အဲဒီ့နေ့က၊ အဲဒီ့နေ့ဆိုတာ ၂၀၂၁၊ စက်တင်ဘာ ၂၅ ရက်နေ့က ကျနော်တို့လေးယောက် ဒီလိုတိုင်ပင်ဖြစ်ခဲ့ကြတယ်။ ရန်သူက ငါတို့ဆီ ရောက်လာခဲ့ ရင် ဘာလုပ်ကြမလဲ။ အားလုံးတညီတညွတ်တည်း ရန်သူ့လက်တော့ အကျမခံ၊ ခုခံရင်း အဆုံးထိ လျှောက်ကြ မယ်။

ည ၁ နာရီနဲ့ မိနစ် ၂၀ အထိ ကျနော်တို့ ရဲဘော်တွေနဲ့ Telegram, Signal တွေကနေ အဆက်အသွယ်ရနေတယ်။ ရဲဘော်တွေကို ကျနော်တို့လေးယောက် ဆုံးဖြတ်ထားတာ ပြောပြလိုက်ပြီ … ဒါပေမဲ့ ဘယ်သူ့ကိုမှ နုတ်ဆက် တယ်လို့မပြောဘူး၊ ကျနော်တို့ဟာ ရဲဘော်တွေအားလုံးနဲ့အတူ တော်လှန်ရေးအောင်ပွဲရတဲ့အထိ အဆုံးထိ ဆက်ရှိ နေမယ်ဆိုတာ ယုံကြည်လို့။

ဟော … ရန်သူတွေလာနေပြီ၊ ဝိုင်းနေပြီ …..၊ အားလုံးအသင့်။ ငါတို့ ငုံမခံ၊ ရန်သူ့လက်ထဲ အကျမခံ၊ အမိမခံ၊ ဖောက်ထွက်ကြမယ်။

ရန်သူ့ကျည်တွေက စပစ်နေပြီ၊ ကျနော်တို့လည်း ပြန်ပစ်ရင်း ပစ်ရင်း ပစ်ရင်း ဖောက်ထွက်ခဲ့ကြတယ် …
ရဲဘော်တို့ရေ … ကျနော်တို့ အဆုံးထိ လျှောက်ခဲ့ကြပါပြီ။

(ရဲဘော်တို့ …
ဒီနေ့ဟာ ရဲဘော်တို့ရဲ့ ပိုင်းဖြတ်စွန့်လွှတ် စွန့်စားခဲ့မှုဟာ ၁ နှစ်တာကာလ ပြည့်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
ရဲဘော်တို့ရဲ့ သူရဲကောင်းပီသစွာ စွန့်လွှတ်စွန့်စားမှုကို ငါတို့ ကျန်ရစ်သူ ရဲဘော်များအားလုံး ရင်ထဲ အသည်းထဲ နှလုံးသားထဲမှ ကမ္ဗည်းထိုး ဂုဏ်ပြု မှတ်တမ်းတင်လျက်ရှိပါတယ်။
ရဲဘော်တို့ရဲ့ ပိုင်းဖြတ်မှု နဲ့ စွန့်လွှတ်စွန့်စားမှုကို စံနမူနာယူပြီး နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမှာဖြစ်ပါကြောင်း သစ္စာဓိဌာန်ပြုလိုက်ပါတယ်။
ရဲဘော်တို့ မြင့်မြတ်ရာ ဘုံဌာနမှာ ငြိမ်းချမ်းကြပါစေ။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင်တို့ကို ဒူးမထောက်၊ လက်မမြှောက်ဘဲ၊ ပြန်လည် ခုံခံရင်း သူရဲကောင်းများပီသစွာ အဆုံးထိလျှောက်ခဲ့ကြသည့် ကိုစတီဗင် ခေါ် ဒေါက်တာဇင်လင်း၊ သူနာပြုဆရာမ မခင်ခင်ကြွယ်၊ ကိုပစ်ကြီး၊ ကိုကျော်ကြီးတို့ကို ဦးညွှတ်အလေးပြုလျက် ….. )

#RF

#YSD
Forwarded from Y.S.D Scout Channel
ပြည်သူ့စစ်သားတွေရဲ့အိမ်ပြန်ခရီးစဉ်လက်မှတ်
နိုင်ငံအလိုက်ဈေးနှုန်းလေးတွေဖြစ်ပါတယ်ခင်ဗျာ။

နိုင်ငံအလိုက်ငွေလွှဲခ ငွေဈေးအတက်အကျလေးတွေနဲ့မို့
ဈေးလေးတွေနည်းနည်းကွာနေတာကိုတော့ နားလည်ပေး
ပါခင်ဗျာ။

ကျနော်တို့ မနက်ဖြန်မှာ လက်မှတ်တွေနဲ့အတူ
ကြည့်ရှူလို့ရမယ့်လင့်လေးတွေပို့ပေးပါ့မယ်။

ကျနော်တို့လည်း အခက်အခဲတွေကြားက
အလောသုံးဆယ်စီစဉ်လိုက်ရတာမို့ အလွဲအမှား
လေးများရှိခဲ့ရင်လည်းနားလည်ပေးကြဖို့
ကြိုတင်မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

ဝယ်ယူအားပေးကြတဲ့အယောက်စီတိုင်းကို
အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🥰

လက်မှတ်ဝယ်ယူရရှိနိုင်သောနေရာများ

USA - Spring Myanmar Society

https://www.facebook.com/SpringMyanmarSociety

Singapore - CSC - Citizens Support Center

https://www.facebook.com/CitizensSupportCenter/

Myanmar , SG , Korea , Malaysia, Australia, Japan ,
Europe , US

ဒေါန မမ
https://www.facebook.com/dawnamama

Wai Yan Aung
https://www.facebook.com/WaiYanOfficial

#YSD
Forwarded from Y.S.D Scout Channel
ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများအားလုံးရဲ့ ပျော်ရွှင်စရာ​ကောင်းပြီး ရို​သေကိုင်းရှိုင်းမှုများနဲ့ကျင်းပ​လေ့ရှိတဲ့ မြန်မာ့ရိုးရာပွဲ​တော်တစ်ခုဟာ ​ပျော်ရွှင်မှု​တွေဆိတ်သုဥ်းပြီးအကျည်းတန်ခဲ့တာ ၂ နှစ်ပြည့်​မြောက်ခဲ့ပါပြီ..

ဒီလိုခက်ခဲတဲ့အချိန်ကာလမှာ ခက်ခက်ခဲခဲအ​ခြေအ​နေများက​နေ တရားတဲ့ဘက်မှာရပ်တည်ကြပြီး မတရားမှုကိုတတ်စွမ်းနိုင်သမျှ တွန်းလှန်​နေကြသူများအားလုံး ယခုသတင်းကျွတ်အချိန်အခါသမယမှာ ​ဘေးဘရာ​တွေ​ဝေးကွာပြီး အမြဲကျန်းမာစွာနဲ့ အ​ရေး​တော်ပုံ​အောင်သည်အထိ သန်မာစွာရပ်တည်နိုင်​စေဖို့ ကျွန်ုပ်တို့ Y.S.D အဖွဲ့သားများအားလုံးမှ ဆု​တောင်း​မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ... 🙏🙏🙏

✍️ Y.S.D

#YSD

@YSDygn
Forwarded from Y.S.D Scout Channel
❌️❌️ကန့်ကွက်ရှုံ့ချခြင်း❌️❌️

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်း​ထောင်ဂိတ်တွင် ပါဆယ်ပစ္စည်းထုတ်အတွင်းမှ ​ပေါက်ကွဲမှုဖြစ်စဥ်နှင့် စကစမှရမ်းသမ်းပစ်ခတ်မှုများ​ကြောင့် ပြည်သူများထိခိုက်​သေဆုံးများရှိခဲ့သဖြင့် ယင်းဖြစ်ရပ်ကိုလုပ်​ဆောင်ခဲ့သူများအားပြင်းထန်စွာကန့်ကွက်ရှုံ့ချပါသည်။



#YUG

#YSD
Forwarded from Y.S.D Scout Channel
ရေဘဝဲတို့မှတ်ကျောက်တင်ခဲ့ပြီ ပန်းပင်နီနီ 🥀
(ရုပ်ပြကာတွန်း)

🔴 စက်တင်ဘာ (၁၃) ရက်နေ့၊ကြည့်မြင်တိုင် ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း) ကနေ ပြည်သူလူထုရဲ့အသံကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးထိ ကြားအောင်
ဟစ်ကြွေးကြော်ကြမယ့်Generation Z လူငယ်တစ်စု

🔴 လိင်စိတ်ခံယူကွဲပြားသူတစ်ယောက်ရဲ့ သတ္တိ၊တော်လှန်ရေးသစ္စာနဲ့ တာဝန်ယူတာဝန်ခံမှု

🔴 အကြိမ်ကြိမ်နားရွက်တံထွေးစွတ်ခံနေရလို့ ရေဘဝဲ နဲ့ မဟာမိတ်အဖွဲ့အစည်း တွေကို သေသေရှင်ရှင် လိုချင်နေတဲ့ အကြမ်းဖက်သူပုန်စစ်တပ်တို့ကြား

🔴 ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ရုပ်ပြကာတွန်း

မကြာမီထွက်မည်
မကြာမီထွက်မည်
မကြာမီထွက်မည်

#ကြည့်မြင်တိုင် #ပန်းပင်နီ
#Springrevolution
#OCTOPUS #ရေဘဝဲ

#YSD
Forwarded from Y.S.D Scout Channel
Media is too big
VIEW IN TELEGRAM
“ဖားကန့် - အနန့်ပါ အတွက် ဝမ်းနည်းမှုကို  တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်တင်ကြ”

□ လွန်ခဲ့တဲ့ရက်ပိုင်းတွင် မတရားစစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဖြိုခွင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း (၈၀)ကျော်ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူရာပေါင်းများစွာ ထိခိုက်မှုများဖြစ်ပျက်ခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော်တို့တော်လှန်ရေးအင်အားစုများအနေဖြင့် ထိုဖြစ်ရပ်တွင် ကျဆုံးခဲ့ရသော ပြည်သူတွေ၊ထိခိုက်ခံရသောပြည်သူတွေအပါအဝင် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက်တော်လှန်ရေးမှာ အသက်ရင်းခဲ့ကြတဲ့သူတွေအတွက် သွေးစည်းညီညွှတ်ရေးလှုပ်ရှားမှုအနေဖြင့် မီးပိတ်သပိတ်ကိုပုံဖော်ဆောင်ရွက်ခဲ့ကြပါတယ်။

မိဘပြည်သူများကလည်း ဖားကန့် - အနန့်ပါ လေကြောင်းပစ်ခတ်မှုအတွက် ဝမ်းနည်းကြေကွဲမှု ၊ နာကြည်းစိတ် တို့အား တော်လှန်ခွန်အားအဖြစ် အသွင်ပြောင်း၍ မီးပိတ်သပိတ်ကိုပူးပေါင်းပေးကြပါရန် ထပ်မံနှိုးဆော်တိုက်တွန်းလိုက်သည်။

တစ်ဆက်တည်းအနေဖြင့် မီးပိတ်သပိတ်ပြုလုပ်ရခြင်း အကြောင်းအရင်းကို မိဘပြည်သူများသိရှိစေရန် video တွင်အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်
#မီးပိတ်သပိတ်
#AJAY
#စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု
#YSD