Kyimyindaing Scout Channel
202 subscribers
406 photos
46 videos
276 links
Download Telegram
Media is too big
VIEW IN TELEGRAM
ဘာတွေလဲ ရေဘဝဲတွေ (၁) နှစ်ပြည့်ခဲ့ပြီ 🚩
(ရုပ်/သံ)

ယမန်နှစ်၂၀၂၁ ခုနှစ် ၉ လပိုင်း ၂၈ ရက်နေ့မှာစတင်ခဲ့သော
ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့အစည်းများရဲ့ " ဘာတွေလဲ ရေဘဝဲတွေ "လူထုသပိတ်ပြောက်ကျားတိုက်ပွဲ Flash Mob ဟာ ယနေ့ဆိုရင် (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

အဆိုပါသပိတ်ပွဲနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှုတွေမှာ ဆက်တိုက်တော်လှန်ပါဝင်ရင်း အကြမ်းဖက်သူပုန်စစ်တပ်ရဲ့မတရားဖမ်းဆီးခြင်းခံခဲ့ရတဲ့ ရဲဘော်ရဲမေတွေရဲ့ပုံရိပ်တွေကိုအမှတ်တရဖြစ်စေဖို့အတွက် လေးစားဦးညွှတ်ရင်း ...

#Springrevolution #Flashmob
#OCTOPUS #ရေဘဝဲ
Forwarded from Y.S.D Scout Channel
ရေဘဝဲတို့မှတ်ကျောက်တင်ခဲ့ပြီ ပန်းပင်နီနီ 🥀
(ရုပ်ပြကာတွန်း)

🔴 စက်တင်ဘာ (၁၃) ရက်နေ့၊ကြည့်မြင်တိုင် ပန်းပင်နီလမ်း (ယခင်ပန်းပင်ကြီးလမ်း) ကနေ ပြည်သူလူထုရဲ့အသံကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးထိ ကြားအောင်
ဟစ်ကြွေးကြော်ကြမယ့်Generation Z လူငယ်တစ်စု

🔴 လိင်စိတ်ခံယူကွဲပြားသူတစ်ယောက်ရဲ့ သတ္တိ၊တော်လှန်ရေးသစ္စာနဲ့ တာဝန်ယူတာဝန်ခံမှု

🔴 အကြိမ်ကြိမ်နားရွက်တံထွေးစွတ်ခံနေရလို့ ရေဘဝဲ နဲ့ မဟာမိတ်အဖွဲ့အစည်း တွေကို သေသေရှင်ရှင် လိုချင်နေတဲ့ အကြမ်းဖက်သူပုန်စစ်တပ်တို့ကြား

🔴 ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ရုပ်ပြကာတွန်း

မကြာမီထွက်မည်
မကြာမီထွက်မည်
မကြာမီထွက်မည်

#ကြည့်မြင်တိုင် #ပန်းပင်နီ
#Springrevolution
#OCTOPUS #ရေဘဝဲ

#YSD
တော်လှန်ပြည်သူတစ်ယောက် 🔴
တော်လှန်အကောင့်တစ်ခု 🔵

One Person One Account Campaign လူမှုကွန်ယက်ကို ပြန်လည်စိုးမိုးရေးလှုပ်ရှားမှု

လူမှုကွန်ယက်တွေကို ကျွန်တော်တို့ ပြန်စိုးမိုးဖို့လိုပါပြီ။

တော်လှန်ရေးအစကာလတွေတုန်းက အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးမှာတစ်နည်းနည်းနဲ့ပါဝင်ကြတဲ့ Facebook Account တွေကို တန်းစီ Print ထုတ်ပြီး အမှုဖွင့်ခဲ့ကြတာ၊ လိုက်လံဖမ်းဆီးခဲ့တာ၊ စစ်ကြောရေးမှာနှိပ်စက်ခဲ့တာ၊ ထောင်ဒဏ် ချမှတ်ခဲ့တာတွေ ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

ဒီလို ဖိစီးနှိပ်စက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ Facebook Account Lock ချတာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေ မတင်တော့တာ၊ တော်လှန်ရေးဆိုင်ရာပို့စ်တွေကို မ Share ရဲတော့တာ၊ Like မလုပ်ဖြစ်တော့တာ၊ Comment မရေးတော့တာတွေ ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တော်လှန်ရေးအချိန်အတိုင်းအတာတစ်ခုအထိ ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီက အမိန့်၊ ငွေကြေး၊ လူအင်အားတွေကိုသုံးပြီး လူမှုကွန်ယက်တွေကို လွှမ်းမိုးဖို့ ကြိုးစားလာပါတယ်။

ဒါတွေရဲ့ အကျိုးဆက်အဖြစ် လူမှုကွန်ယက်တွေမှာ တော်လှန်ရေးဆိုင်ရာ ပို့စ်တွေ တော်တော်လေးနည်းလာတာကို ဝမ်းနည်းဖွယ်တွေ့ရပါတယ်။
NUG က ၂၀၂၃ ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” လို့ သတ်မှတ်ပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမယ့်အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ အသံ တလောကလုံးမှာ ပြန်ပြီး လျှံတက်ဆူညံလာစေရမယ်။

“မီးလျှံကြားက ဖီးနစ်ငှက် ပြန်လည်ရုန်းထပျံတက်သလိုမျိုး … လူမှုကွန်ယက်တွေကို ပြန်စိုးမိုးကြစို့”

-ကိုယ်နှစ်သက်တဲ့ အခြားနာမည်တစ်ခုနဲ့ Facebook အကောင့်သစ်တစ်ခုဖွင့်ကြမယ်

-အပြင်ထွက်ရင် ယူမသွားတဲ့ ဖုန်းတစ်လုံးနဲ့သုံးမယ်

-အသုံးပြုတဲ့အခါတိုင်း VPN ခံသုံးမယ်

-တော်လှန်ရေးဆိုင်ရာ ပို့စ်တွေကို အရင်လိုပဲပြန်တင်ကြမယ်၊ Like တွေပြန်ပေးမယ်၊ Share လုပ်ကြမယ်။

-ဒီသတင်းစကားကို သူငယ်ချင်း (၅) ယောက်ဆီ လျှို့ဝှက်ပြီး ပို့ကြမယ်။

-အခုပဲ စလိုက်ကြရအောင်ပါ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်။

#SpringRevolution #PVTV
#OCTOPUS #ရေဘဝဲ
Media is too big
VIEW IN TELEGRAM
📌 ရေဘဝဲ (ပြည်သူ့အကျိုုးပြု လူငယ်အဖွဲ့အစည်း)
တည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်
PVTV နှင့် ရေဘဝဲ " တွေ့ဆုံမေးမြန်း ဆွေးနွေးခန်း"
(ရုပ်၊သံ)

ရေဘဝဲ အဖွဲ့ကြီးရဲ့အကြောင်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ၊ နွေဦးတော်လှန်ရေးကြီးမှာ ရရာနည်းလမ်း‌ပေါင်းစုံ ပုံသဏ္ဍာန်မျိုးစုံနဲ့ အသက်စွန့်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကိုလုပ်နေကြတဲ့ မြို့ပြသပိတ်တွေရဲ့အရေးပါပုံနဲ့ မြို့ပြသပိတ်အဖွဲ့တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ နှစ်ပေါင်း ၇၀ ကျော်ကြာ ဒီအကြမ်းဖက်စစ်တပ်ကိုတိုက်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ဇွဲကိုအတုယူရဖို့၊စံနမူနာယူပြီး တသံထဲညီ တချီထဲ ရုန်းကြဖို့ တိုက်တွန်းချက်တွေအပါအဝင်၊ လူငယ်တွေရဲ့ အသံကို ရေဘဝဲ ကတဆင့်ဘယ်လို သတင်းစကားပါးခဲ့လဲ စတာတွေကို စုစည်းမေးမြန်းတင်ဆက်ပေးထားပါတယ်။

#SpringRevolution #PVTV
#OCTOPUS #ရေဘဝဲ
Please open Telegram to view this post
VIEW IN TELEGRAM
ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်သူ့နွေဦးတော်လှန်ရေးကြီးသည် မကြာမီမှာ (၃) နှစ် ပြည့်ချေတော့မည်။

အခုနှစ် (၂၀၂၄ ခုနှစ်) ကတော့ ကျွန်ုပ်တို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ တော်လှန်တိုက််ပွဲမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ရမယ့် နှစ်ပဲ။ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ ပြည်တွင်းပြည်ပ ပြည်သူအားလုံး “အဆုံးသတ်တိုက်ပွဲ” ကို နွှဲဆင်ရမယ့်ကာလပဲလို့ အပြည့်အဝ ခံယူထားကြပါတယ်။

ဒီတော်လှန်ရေးက “ပြည်သူ့တော်လှန်ရေး” ပါ။ ကျွန်ုပ်တို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို “ထောက်ခံပါတယ်” ဆိုတာထက် ပိုတဲ့ “လက်တွေ့ပူးပေါင်းပါဝင်မှု” များနဲ့ သက်သေပြရမယ့်အချိန်ပါ။

စစ်ရေးအရှိန်၊ လက်နက်ကိုင်တိုက်ပွဲ (Armed Resistance) ကတော့ အားလုံးသိကြတဲ့အတိုင်း တလှိုင်းပြီး တလှိုင်းဆိုသလို မြှင့်သထက် မြင့်၊ တက်သထက် တက်လာဖို့ပါပဲ။ ဒီအချိန်မှာ ကျွန်ုပ်တို့အနေနဲ့လည်း ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု တော်လှန်လူထုလှိုင်းတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ မဖြစ်မနေ လိုအပ်ပါမယ်။ ဒီပြည်သူ့တော်လှန်ရေးကြီးမှာ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှု (Civil Resistance) သည် အဓိကတိုက်ပွဲမဏ္ဍိုင်ကြီးတရပ်အဖြစ် ရှိနေတာကို ပြည်သူများ သဘောပေါက်၊ နားလည်ထားကြပြီးလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲ (၂) ရပ်ကို မဟာဗျူဟာမြောက် ဟန်ချက်ညီညီ ပေါင်းစပ်ဆင်နွှဲကြတဲ့ (Total Resistance) အားဖြင့်ပဲ တော်လှန်ရေးရဲ့ အဆုံးသတ်တိုက်ပွဲကို ဖော်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့်၊ အခု တော်လှန်ရေးကြီး (၃) နှစ်ပြည့်တဲ့ (၂၀၂၄) ခု၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနိုင်ကြတဲ့ အောက်ပါလူထုတိုက်ပွဲလှုပ်ရှားမှုများကို ဖော်ဆောင်ကြပါမယ်ခင်ဗျား။

❐ အပြင်မထွက်၊ အသံတိတ်သပိတ် (Silent Strike)

(ဖေဖော်ဝါရီ ၁ ရက်နေ့၊ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း)

Silent Strike (အပြင်မထွက်၊ အသံတိတ်သပိတ်) ဟေ့ဆိုရင် ပြည်သူအားလုံး ရင်းနှီးကျွမ်းဝင်ကြပြီးသားပါပဲ။ နေရာဒေသမရွေး လူထုအားလုံး ပါဝင်နိုင်တဲ့ တိုက်ပွဲနည်းနာကြီးဖြစ်သလို စစ်အာဏာရူးတွေ ဒူးတုန်အောင်ကြောက်တဲ့ သပိတ်ကြီးပါ။ မြန်မာလူထုရဲ့ တော်လှန်စိတ်၊ ဇွဲသတ္တိနဲ့ စုစည်းညီညွတ်မှုကို တကမ္ဘာလုံးက အသိအမှတ်ပြု၊ အံ့ဩကြရတဲ့ တိုက်ပွဲနည်းနာကြီးလည်း ဖြစ်ပါတယ်။ ဒီနည်းနာက အသံတိတ်ပေမယ့် အလံလိပ်တာ လုံးဝ မဟုတ်ပါဘူး။ ငါတို့ မြို့၊ ငါတို့ ဒေသ ငါတို့ ပိုင်တယ်။ ငါတို့ ငြိမ်ချင် ငြိမ်မယ်၊ ငါတို့ လှုပ်ချင် လှုပ်မယ်ဆိုတာ ပြည်သူ့သတင်းစကားပဲ။ စစ်အာဏာရူးတွေ ငါတို့ကို “လုံးဝ အုပ်ချုပ်ခွင့်မရစေရ” ဆိုတာ ကျွန်ုပ်တို့လူထုကြီးရဲ့ ကြွေးကြော်သံ။

ဒီ Silent Strike ရဲ့ ဆိုလိုရင်းက အဲ့ဒီရက်၊ အဲ့ဒီအချိန်တွင်း လမ်းမတွေမှာ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ တိတ်ဆိတ် ခြောက်ကပ်နေဖို့ပဲ။ ပြည်သူတွေက အပြင်ကို မထွက်ကြဖို့ပဲ။ ကိုယ့်အိမ်၊ ကိုယ်ဈေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာအောက်မှာပဲ နေကြဖို့ပါပဲ။ Silent Strike ကို ပညာသားပါပါနဲ့ ဖော်ဆောင် ဆင်နွှဲကြမယ်နော်။

❐ အဖြူရောင် လှုပ်ရှားမှု (White Campaign)

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖြူရောင်လှုပ်ရှားမှုကို (၂၀၀၇) ရွှေဝါရောင််တော်လှန်ရေးမတိုင်ခင် ကာလများကတည်းက ဖော်ဆောင်ခဲ့ကြဖူးပါတယ်။ လူထုနဲ့ မစိမ်းလှပါဘူး။ အက်ျီအဖြူ၊ ဖဲကြိုးအဖြူ၊ လက်ပတ်အဖြူအစရှိတဲ့ အဖြူရောင် အဝတ်အစား၊ အသုံးအဆောင်တွေကို ပြည်သူအားလုံးက အဆင်ပြေသလို ဝတ်ဆင်ကြတဲ့ လှုပ်ရှားမှုပါ။

အခု ပြည်တွင်းပြည်ပ လူထုတရပ်လုံး ပူးပေါင်းဖော်ဆောင်ကြမယ့် အဖြူရောင်လှုပ်ရှားမှုကနေ အဓိက ရည်ရွယ်တောင်းဆိုချက် (၃) ခု ရှိပါတယ်-

(၁) အာဏာသိမ်းစစ်အုပ်စုကို လေယာဉ်လောင်စာဆီ ရောင်းချ၊ သယ်ယူပေးနေကြတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံး ရပ်တန်းက ရပ်ကြဖို့၊

(၂) အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မ ကောက်ခံနေတဲ့ “သွေးစွန်းအခွန်အခ” တွေ လုံးဝ မပေးဆောင်ကြဖို့၊

(၃) အာဏာသိမ်းစစ်အုပ်စုရဲ့ အစတေးခံ၊ ထိုးကျွေးခံ ဘဝ ရောက်နေပြီဖြစ်တဲ့ မြေပြင်တပ်မှူးတပ်သားများအနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့၊ အလင်းဝင်ကြဖို့၊ “အလံဖြူ” ထောင်ကြဖို့။

White Campaign ကိုတော့ တော်လှန်ရေး (၃) နှစ်ပြည့် တရက်တည်းအတွက်သာမကဘဲ ရှေ့ဆက်လည်း အပတ်စဉ် တနလ်ာနေ့တိုင်း ဖော်ဆောင်သွားကြဖို့ပါ။ အထူးသဖြင့် နိုင်ငံတကာရောက် ရဲဘော်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း White Campaign ကို ပြည်ပမှာ အစွမ်းကုန် ဆင်နွှဲကြဖို့ အားခဲပြင်ဆင်နေကြပါတယ်။ ပြည်တွင်းပြည်ပ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်ုပ်တို့ ပြည်သူတရပ်လုံး မျှော်ရည်တဲ့ အဆုံးသတ်အောင်ပွဲဆီကို လူထုတော်လှန်လှိုင်းလုံးကြီးတွေနဲ့အတူ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ချီတက်ကြပါစို့။


#SpringRevolution_3rdAnniversary
#SilentStrike
#WhiteCampaign
#လုံးဝအုပ်ချုပ်ခွင့်မရစေရ


ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ကြ။

အရေးတော်ပုံ အောင်ရမည်။
Media is too big
VIEW IN TELEGRAM
၃ နှစ်ပြည့်သည်အထိ အာဏာတည်ဆောက်မရတဲ့ စစ်အာဏာရှင် နဲ့
၃ နှစ်ထိတိုင် မဆုတ်မနစ် တော်လှန်နေတဲ့ ပြည်သူများ

#3yrCoupAttempt #2024 #SpringRevolution_3rdAnniversary
#အဆုံးသတ်အောင်ပွဲဆီ_လူထုလှိုင်းတွေနဲ့တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ
#GSCB
#BloodMoneyCampaignMM