Kyimyindaing Scout Channel
202 subscribers
394 photos
46 videos
274 links
Download Telegram
လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့တွင် သပိတ်အင်အားစုများစုပေါင်း၍ လူထုသပိတ်တိုက်ပွဲပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၂၅၊ ၂၀၂၃။

စစ်ကောင်စီမှ လုံခြုံရေး အထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့တွင် ယနေ့နံနက် အစောပိုင်းက လူထုသပိတ်တိုက်ပွဲတရပ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုနှင့်အတူ သပိတ်အင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့ကြသည်။ တိုက်ပွဲတွင်ပါဝင်သူ ကိုနန်းလင်းမှ လက်ရှိနွေဦးတော်လှန်ရေး အခြေအနေအရပ်ရပ်ကို ပြည်သူလူထုထံသို့ အကျဥ်းချုံး အစီရင်ခံဟောပြောခဲ့သည်။

ကိုနန်းလင်းမှ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ဟောပြောခဲ့သည်။
“တိုင်းပြည်ကို တကယ်ချစ်ရင်၊ တပ်မတော်ကို ကယ်တင်ချင်ရင် ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေ လက်အောက်ကနေ အမြန်ဆုံး ရုန်းထွက်ပြီး ကျွန်တော်တို့ ပြည်သူများနဲ့ အတူပူးပေါင်းပါ၊ ပြည်သူနဲ့ အတူရပ်တည်ပါ၊ ပြည်သူ့ရင်ခွင် ခိုဝင် ကြပါ.ဒီနည်းလမ်းနဲ့ သာ ခင်ဗျားတို့လည်း အသက်ရှင်မယ်၊ လူထုလည်း စိတ်ချမ်းသာမယ်၊ တိုင်းပြည်နဲ့ တပ်မတော်ကိုလည်း ပြန်တည်ဆောက်နိုင်ပါလိမ့်မယ်”ဟု မြန်မာ့တပ်မတော်သားများထံသို့လဲ ရည်ရွယ်၍ ဟောပြောခဲ့သည်။

အဆိုပါ လူထုသပိတ်တိုက်ပွဲတွင် ပြည်သူလူထုများမှ လက်ခုပ်တီးခြင်း၊ လက်သုံးချောင်းထောင်ခြင်း၊ ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ရင်း အတက်ကြွဆုံးပါဝင်ခဲ့ကြသည်။ သပိတ်အပြီးအနည်းငယ်အကြာ ထိုဈေးအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ပြည်သူများအား စစ်ဆေးဖမ်းဆီးနေကြောင်းလဲ သိရသည်။


#YangonStrikes
#AJAY
Project Armor ရဲ့ Day 2 လေးမှာ ပါဝင်အားဖြည့်ပေးကြပါဦးနော်။

ပြည်သူမျှော်လင့်နေတဲ့ ဒေသကြီးတစ်ခုရဲ့ အန္တရာယ်ဇုန်ထဲ ချဉ်းကပ်တိုးဝင်မယ့် စစ်ကြောင်းနှစ်ကြောင်းစာရဲ့ အသက်အန္တရာယ် ဖြစ်နိုင်ချေ လျှော့ချဖို့အတွက် ကျည်ကာ၊ Helmet, Equipment အစုံ တပ်ဆင်ဖို့ ပြုလုပ်နေတဲ့ Project ဖြစ်ပါတယ်။

ရဲဘော်တစ်ဦးစာ ၂၂သိန်းကျော် ကျသင့်မှာဖြစ်ပါတယ်။ တစ်စုံတတ်နိုင်သူက တစ်စုံ၊ တစ်ဝက်တတ်နိုင်သူက တစ်ဝက်၊ တစ်စုစာတတ်နိုင်သူက တစ်စုစာ၊ မိမိပါဝင်နိုင်သလောက် ပါဝင်လို့ရပါတယ်။

အသေအချာလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမား လူငယ်ပညာတတ် ကြယ်လေးတွေ မကြွေဖို့ အတတ်နိုင်ဆုံး ပါဝင်ကာကွယ်ပေးကြရအောင်ပါ။

ချက်ဘောက်ကနေ ဆက်သွယ်ပါဝင်နိုင်ပါပြီရှင်။
" ရန်ကုန်မှာပြန်ဆုံမယ် " စာတန်းအား ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲချိတ်ဆွဲ၊
အရပ်ဝတ်များမှ လိုက်လံဖမ်းဆီး

နိုဝင်ဘာ ၂၇၊ရန်ကုန်

လုံခြုံရေးအထူးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ ရန်ကုန်မှထွက်ခွာ၍ နိုင်ငံတော်တဝှမ်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသောတော်လှန်ရေးရဲဘော်ရဲဘက်များ၊အကျဥ်းထောင်အသီးသီးသို့ရောက်ရှိနေကြသော နိုင်ငံရေးအကျဥ်းသားရဲဘော်ရဲဘက်များ နှင့် ရန်ကုန်ပြည်သူလူထုတို့ ရန်ကုန်တွင်ပြန်ဆုံကြမည်ဟူသော ရည်ရွယ်ချက်ဖြင့်ရန်ကုန်လူထုနှင့်အတူ "ရန်ကုန်မှာပြန်ဆုံမယ်" စာတန်းအားချိတ်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာတန်းအားချိတ်ဆွဲနေစဥ် ဂေါပကအဖွဲ့ဝင်လုံခြုံရေးများ၏လှုံ့ဆော်မှုဖြင့် အနီးဝန်းကျင်ရှိအရပ်ဝတ်များမှ အော်ဟစ်ဆဲဆိုကာ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း ရေဘဝဲများ ဘေးကင်းလွတ်မြောက်ခဲ့သည်။

ရေဘဝဲ ဖေ့စ်ဘုတ် - https://www.facebook.com/octopusyangon?mibextid=ZbWKwL

ရေဘဝဲ တယ်လီဂရမ် - https://t.me/OCTOPUSMYANMAR

#ရန်ကုန်မှာပြန်ဆုံမယ်
#YangonStrikes #ရန်ကုန်သပိတ်
#OCTOPUS #ရေဘဝဲ
"(၁၀၃)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြေပြင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့"

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အကလ(မြေပြင်)

ယနေ့ ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် (၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၇ရက်) တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လူထုဒေါ်အမာ၏ အဆိုအမိန့်ဖြစ်သည့် "အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး" ဟူသော စာသားပါ ဘန်နာကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) ရဲဘော်များက အာဏာလုစစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တစ်နေရာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုအနေဖြင့် ချိတ်ဆွဲခဲ့သည်။ ထိုမြေပြင်လှုပ်ရှားမှုကို Youth Scout for Democracy (YSD) မှလည်း ကင်းထောက်ပံ့ပိုးမှုဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သည်။

#၁၀၃နှစ် #အမျိုးသားအောင်ပွဲနေ့ #လူထုဒေါ်အမာ #အာဏာရှင်ဆိုတာဘယ်တော့မှအရှင်မထွက်ဘူး #အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး #အကလ_မြေပြင် #BESYA #YouthScoutForDemocracy #YSD
သတိပေးထုတ်ပြန်ခြင်း
၃/၀၉.၁၂.၂၀၂၃

☝️ အသေစိတ် ဖတ်ရှု့နိုင်ပါရန် ☝️

( မှတ်ချက်။ ။ ထုတ်ပြန်သည့်နေ့မှစ ၃၁. ၁၂. ၂၀၂၃ နောက်ဆုံးထား ပြတ်ပြတ်သားသား ရပ်တည်ကြဖို့ တိုက်တွန်းအပ်ပါသည်။ ဆက်လက် လုပ်ဆောင်နေပါက တော်လှန်ပြည်သူများအနေဖြင့် မိမိတို့မြို့နယ်အလိုက်စာရင်းပြုစုထားရန် လိုအပ်ပါသည်။ အထက်ပါထုတ်ပြန်ချက်သည် USO စစ်ဆင်ရေး အခြေစိုက်မြို့တိုင်းနှင့် သက်ဆိုင်သည်။ )

#သတင်းနှင့်ပြန်ကြားရေးဌာန

#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)
“လုံးဝ အုပ်ချုပ်ခွင့်မရစေရ”

စစ်ကောင်စီတပ်သည် အာဏာသိမ်းမှု စတင်ချိန်မှစ၍ ယခုလက်ရှိ ၂ နှစ်ကျော် ကာလတိုင်သည့်အောင် မြန်မာနိုင်ငံကို အပြည့်အဝ အုပ်ချုပ်နိုင်ခြင်းမရှိခဲ့ပါ။ ပြည်သူများသည် နည်းလမ်းမျိုးစုံ အသုံးပြုကာ စစ်အာဏာရှင်ကို တိုက်ခိုက်နေကြသည်။ တရက်မပျက် နေရာအနှံ့ပင် စစ်အာဏာရှင်စနစ်ဆိုးကို ပုန်ကန်ဖီဆန်နေကြသည်။

ယခု ကိုမင်းမော်ကွန်းဝတ်ဆင်ထားသော “လုံးဝအုပ်ချုပ်ခွင့်မရစေရ” စာသားပါ ပုဆိုးသည် ၂၀၂၂ခုနှစ်က ရန်ကုန်မြို့တွင် လုံချည်သပိတ်လှုပ်ရှားမှု လုပ်ဆောင်စဉ်က ရဲဘော်များဝတ်ဆင်ခဲ့သည့် သမိုင်းမှတ်တမ်းတခုရှိခဲ့သည့် မူရင်း လုံချည်ဖြစ်သည်။

YRFမှ ဦးဆောင်၍ ထိုသမိုင်းမှတ်တမ်းရှိခဲ့သည့် လုံချည်များအပါအဝင် အခြားသောလှုပ်ရှားမှုများမှ သမိုင်းရှိသည့် ပစ္စည်းများကို လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်မည့် “ငါတို့လုံချည်ငါတို့အောင်ပွဲ” အမည်ဖြင့် ရန်ပုံငွေရှာဖွေရေးကမ်ပိန်းတခုပြုလုပ်နေသည်။ ပြည်သူများအနေဖြင့် ထိုကမ်ပိန်းတွင် လာရောက်ထည့်ဝင်ကြရန်အတွက်လည်း ဖိတ်ခေါ်ပါတယ်။

ရန်ပုံငွေထည့်ဝင်နိုင်သည့် NUG Pay QR ကို ဖော်ပြပေးထားပါတယ်။

#ငါတို့လုံချည်ငါတို့အောင်ပွဲ
Media is too big
VIEW IN TELEGRAM
ပြန်တွေးကြည့်ရင် ဒီလမ်းခရီးမှာ ငါတို့ ဘာတွေ လုပ်ခဲ့ကြလဲ ?
ငါတို့ ဘာဆက်လုပ်မှာလဲ ?
သေချာနေတဲ့ အရာတခုအတွက်….

လာပါ ငါတို့ အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf

#လာပါငါတို့အတူတူရုန်းမယ်

#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF

#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF

#ထောက်ပို့လစဥ်အောင်ပွဲဝင်

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#PeoplesRevolutionSupplyFamily

#ထောက်ပို့PRF
Media is too big
VIEW IN TELEGRAM
🙏 မင်္ဂလာပါ တော်လှန်ပြည်သူအပေါင်းတို့ခမျာ 🙏

အားလုံးပဲ တော်လှန်နှစ်သစ်မှာပြည်သူအပေါင်း မျှော်လင့်နေတဲ့နိုင်ငံတော်သစ်ကြီးဆီ အမြန်ဆုံရောက်နိုင်ပါစေလို့ ဆုမွန်ကောင်တောင်းရင်း ကျွန်တော်တို့ မြို့ပြအထူးစစ်ဆင်ရေး ( Urban Special Operation U.S.O ) ၏ မြေပြင်လှုပ်ရှားမှုများကို စုစည်းတင်ပြလိုက်ရပါသည်။
ကျေးဇူးတင်လွှာ ။ ။ ကျွန်တော်တို့၏ မြို့ပြအထူးစစ်ဆင်ရေးစတင်ခဲ့ရာ သုံးလကျော်ကာလအတွင်းမြေပြင်လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသော စစ်ဆင်ရေးရဲဘော်များ၊ မဟာမိတ်များ၊အဖက်ဖက်မှ ယုံကြည်စွာ ကူညီပံ့ပိုးပေးခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ ( NUG )မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းမှ တာဝန်ရှိသူများ နှင့်ပြည်တွင်း ပြည်ပမှ အမာခံထောက်ပို့ပေးခဲ့ကြသော Fundraiser များအား အထူးပင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ ထည့်သွင်းထားသောသီချင်းသံစဉ်နှင့်ပက်သတ်ပြီးသက်ဆိုင်ရာ အဖွဲ့စည်း Channel များကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။မြို့ပြအထူးစစ်ဆင်ရေးအား ပြည်သူတို့အတွက် နှစ်ဟောင်းထက် နှစ်သစ်မှာ နှစ်ဆတိုးကာ ဆက်လက်ကြိုးစားသွားပါအုံးမည်။


#USO Admin Team

#မြို့ပြအထူးစစ်ဆင်ရေး

#Urban Special Operation (USO)
Forwarded from Tamwe Nway Oo Channel
ကန်သာယာ Shopping Mall မှာ ဖွင့်ထားတဲ့ မင်းအောင်လှိုင် သမီး ရဲ့ အဆက်ဆက်တွေ ပိုင်တဲ့ရုပ်ရှင်ရုံပါ
ဘာလုပ်ရမလဲ သိကြလား

Rangoon Cineplex
https://www.facebook.com/rangooncineplex

@TM_Informer
Forwarded from Y.S.D Scout Channel
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ အား လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ
===============================

ဇန်နဝါရီ ၂၅၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၁ အား လက်နက်တပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အစီအစဉ် ၁၁ ရပ်ဖြင့်ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂)စစ်ဒေသ(တောင်ပိုင်း) ဒုစစ်ဒေသမှူး ရဲဘော်စောရှားနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဒေသ (တောင်ပိုင်း)၊ ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝတို့တက်ရောက်ခဲ့သည်။

တပ်ရင်း ၅၁၀၁ အားတပ်ဆင်သည့်လက်နက်များကို တပ်ရင်း ၅၁၀၁ တပ်ရင်းမှူး ရဲဘော်ဩကာသနှင့် တပ်ခွဲမှူး ရဲဘော်စိုင်းငယ်တို့က လက်ခံရယူပြီး တိုက်ပွဲအတွင်း ရန်သူအားထူးချွန်စွာ ချေမှုန်းနိုင်ခဲ့သော စနိုက်ပါတပ်ဖွဲ့နှင့် စည်းကမ်းရေးရာစံပြတပ်သားဆုတို့ကိုပါ ပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဒေသ (တောင်ပိုင်း) ဒုစစ်ဒေသမှူးရဲဘော်စောရှားက ပြည်သူ့ကာကွယ်ရေး တပ်မတော်ဖွဲ့စည်းပြီး ၃ နှစ်အတွင်း လက်နက်တပ်ဆင်ထားရှိမှု၊ စစ်ဆင်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်မှုတို့ကိုရှင်းလင်းပြောကြားခဲ့ပြီး ရန်သူအား အမြစ်ပြတ်ချေမှုန်းရန်အတွက် ရဲဘော်များအားလုံးညီညွတ်စွာဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေရမည်ဖြစ်ကြောင်းတို့ကို ဩဝါဒစကားပြောကြားခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဒေသ (တောင်ပိုင်း)၊ ရန်ကုန်တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက စစ်သည်တော်များလိုက်နာရမည့်ကျင့်ဝတ်များကို တိကျသေချာစွာလိုက်နာရန်နှင့် လက်နက်တပ်ဆင်ခြင်းသည် ရန်သူအကြမ်းဖက်စစ်ကောင်စီအား ချေမှုန်းတိုက်ခိုက်ရန်နှင့် ပြည်သူကိုကာကွယ်ရန်ဖြစ်ကြောင်း စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တပ်ရင်း ၅၁၀၁ တပ်ရင်းမှူး ရဲဘော်ဩကာသက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာန လက်အောက်ရှိ တပ်ရင်း ၅၁၀၁ အား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ၇ လတာကာလအတွင်း စုဖွဲ့မွမ်းမံတပ်ဆင်မှုများ၊ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖော်ဆောင်မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

#ရန်ကုန်တိုင်းစစ်ဌာန
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ

ရန်ကုန်တိုင်းစစ်ဌာန၏ မူရင်းပို့စ် 👇

https://m.facebook.com/story.php?story_fbid=pfbid02zcuRvswWhDraE2ghKzkAwDjj5R6xRoxb9PCvRSvhj9RS3k18Gn1BJnHMUzWsrvUjl&id=100092171547446